အားလပ်ရက်မှာ ဖတ်စရာ

တစ်ဖန်ပျံသန်းလာသော လင်းယုန်
ဓာတ်ပုံ− နစ်ကီ

မြန်မာပြည်လွတ်လပ်ရေး ရပြီး ၁၉၅၀ ၀န်းကျင်လောက်က သတင်းစာဆရာ၊ စာရေးဆရာ ဗန်းမော်တင်အောင်ဟာ ရန်ကုန် မြို့ ၃၉ လမ်းနဲ့ လမ်း ၄၀ ကြား မြေကွက်လပ်ကြီးမှာ တဲထိုးပြီး ကမ္ဘာ့အရေးနဲ့ မြန်မာ့အရေးကို ထင်ဟပ်စေတဲ့ လင်းယုန်ဂျာနယ် ကို ထုတ်ဝေခဲ့ပါတယ်။ လျှပ်စစ်  မီးတောင်မရှိလို့ အောက်လင်းမီး နဲ့ ရေနံဆီမီးအောက်မှာ တကုပ် ကုပ်နဲ့ တသွင်သွင်ရေးသားထုတ် ဝေတဲ့ လင်းယုန်ဂျာနယ်ဟာ မြန် မာ့စာနယ်ဇင်းမိုးကောင်းကင်မှာ ထွန်းလင်းတောက်ပခဲ့ပါတယ်။ ဆရာ ဗန်းမော်တင်အောင်ဟာ ဂျာနယ်ထုတ်ရုံနဲ့အားမရလို့ လင်း ယုန်သတင်းစာ အထိ တက်လှမ်း ကာ ထုတ်ဝေပြန်ပါတယ်။ လျှပ် စစ်မီးအခက်အခဲ၊ စက္ကူအခက်အ ခဲ၊ အလုပ်သမားမပြည့်စုံမှုတွေ ကြားက ပေါ်ထွက်လာတဲ့ လင်း ယုန်ဂျာနယ်နဲ့ သတင်းစာကိုတော့ ပြည်သူတွေ အတော်လေးနှစ် ခြိုက်ခဲ့ပါတယ်။ ပြည်တွင်းစစ် လုံးဝရပ်စဲရေး၊ အမျိုးသားပြန် လည်ထူထောင်ရေးနဲ့ ဒီမိုကရေစီ ရေးအပေါ် အခြေခံထုတ်ဝေတဲ့ လင်းယုန်သတင်းစာ၊ ဂျာနယ်ဟာ အဖိနှိပ်ခံပြည်သူတွေဘက်က အ မြဲရပ်တည်ရေးသားခဲ့ပါတယ်။ ဒါ ကြောင့်လည်း ဖဆပလအစိုးရရဲ့ မျက်မုန်းကျိုးမှုခံရပြီး သတင်းစာ၊ ဂျာနယ်အပြင် ရေးသားထုတ်ဝေ တဲ့ သူပုန်ကြီး၊ ပြည်တော်သာခင် ခင်ဦး နဲ့ အမေ ၀တ္ထုသုံးအုပ်က အစိုးရကို အကြည်ညိုပျက်စေမှု နဲ့ ထောင်ဒဏ်ခုနစ်နှစ်ချမှတ်ခံခဲ့ ရပါတယ်။ ဆရာဗန်းမော်တင် အောင်ဟာ ထောင်ကလွတ်လာ တဲ့အခါမှာလည်း လင်းယုန်ကို သူ့ခံယူချက်အတိုင်း မပြောင်းလဲ ဘဲ ၁၉၅၇ ကနေ ၁၉၅၉ အထိ သုံးနှစ်ဆက်ထုတ်ဝေခဲ့ပြီး ဗိုလ် ချုပ်နေ၀င်းဦးဆောင်တဲ့ တော် လှန်ရေးကောင်စီလက်ထက် ရောက်မှသာ ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီအချိန်က ထုတ်ခဲ့တဲ့ လင်းယုန်ဂျာနယ် ပါ ၀တ္ထုတိုတွေ ကို ဆန်းစသော်တာစာပေက ရှာ ဖွေဖော်ထုတ်ကာ လင်းယုန်ဂျာ နယ်လက်ရွေးစင်ဝတ္ထုတိုများ စာ အုပ်ထုတ်ဝေလာပါတယ်။ ဒီစာ အုပ်မှာ ဆင်ဖြူကျွန်းအောင်သိန်း၊ တက္ကသိုလ်နန္ဒမိတ်၊ တင့်ဆန်း၊ ဒဂုန်တာရာ၊ မင်းကျော်၊ မောင် နေ၀င်း၊ မောင်သာရ၊ သာဓုအစရှိ တဲ့ ကလောင်ရှင်တွေရဲ့ ၀တ္ထုတို ၂၈ ပုဒ်ပါဝင်လာပါတယ်။ ပြည် တွင်းစစ်မီး ဟုန်းဟုန်းတောက် လောင်နေတဲ့ အချိန်ဖြစ်တာ ကြောင့် စစ်ဆန့်ကျင်ရေး၊ ငြိမ်း ချမ်းမှုရစေရေးရည်ရွယ်ရေးသား တဲ့ ၀တ္ထုတွေသာမက စစ်ကြောင့် ကြေပျက်သွားတဲ့ ပြည်သူတွေရဲ့ ဘ၀ကို မီးမောင်းထိုးပြတဲ့ဝတ္ထု တွေ ဖတ်ရပါမယ်။

တိုက်တိုက်ဆိုင်ဆိုင် ယခု ရက်ပိုင်းမှာပဲ ဆရာဗန်းမော်တင် အောင်ရာပြည့်အကြိုအဖြစ် မိုး လုံးမှိုင်းစာပေက ရှာဖွေစုစည်း ထားတဲ့ လင်းယုန်ခေါင်းကြီးများ စုစည်းမှု စာအုပ်လည်း ထွက်လာ ပါတယ်။

လင်းယုန် ဂျာနယ်မှာ ဆရာဗန်းမော်တင်အောင် ရေး သားတဲ့ ခေါင်းကြီးတွေဖြစ်ပြီး စုစု ပေါင်း ၂၆ ပုဒ်ပါဝင်ပါတယ်။ ‘ဖဆပလအစိုးရနှင့် အုံကြွနေ သောလူထု၊ ငြိမ်းချမ်းရေးအဘယ် မှာနည်း၊ ပြည်တော်ကသာ နိုင်ပါ မည်လော၊ အစိုးရ၏ ညံ့ဖျင်းမှု များ၊ ဒီမိုကရေစီနှင့် လက်နက်လဲ လှယ်ရေးပြဿနာ၊ ၀န်ကြီးချုပ် ဦးနု ဘာလုပ်မည်နည်း’ အစရှိတဲ့ အင်အားပါတဲ့ စကားလုံးတွေနဲ့ ခပ်ပြင်းပြင်းရေးသားတဲ့ ဗန်းမော် တင်အောင်ရဲ့ခေါင်းကြီးရေးဟန် ကိုလေ့လာဖတ်ရှုနိုင်ပါတယ်။

ပြည်တော်သာ နိုင်ပါမည် လော ခေါင်းကြီးမှ ‘ယခုတလော ဖဆပလအစိုးရ၏ ‘ပြည်တော် သာရမည်’ ဆိုသော ကြွေးကြော် သံများကို သတင်းစာများ၊ အသံ လွှင့်ရုံများမှ တော်တော်ကလေး ကြားနာရပေသည်။ ပြည်တော် သာ စီမံကိန်းများကို ၀က်သားတုံး ကြီး ဒူးခေါင်းလောက်တော့မြင်ဖူး ပါရဲ့ ဆိုသလို မစားရမီ၊ မမြင်ရမီ ပင် ၀ခမန်းဟိန်းဟောက်နေသံကို ကြားနာရပေသည်’ လို့ ရေးထား ပါတယ်။

လင်းယုန်ဂျာနယ်လက်ရွေး စဉ်ဝတ္ထုတိုများစာအုပ်ကို တန်ဖိုး ၃,၀၀၀ ကျပ်၊ လင်းယုန်ခေါင်းကြီး များ စုစည်းမှုစာအုပ်ကို တန်ဖိုး ၁,၅၀၀ ကျပ်နဲ့ ဖြန့်ချိထားပါ တယ်။