အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

- အားလပ်ရက်မှာ အပန်းဖြေဥယျာဉ်တွေသွားပြီး အပန်းဖြေလိုသူတွေကို အခမဲ့ဖျော်ဖြေရေးအစီအစဉ်တွေရှိတဲ့နေရာတွေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး ညနေတိုင်း ရေပန်းရုပ်ရှင်ကိုပြသပေးမှာဖြစ်ပြီး စနေနေ့ မြန်မာ့ရိုးရာအကတင်ဆက်မှု အစီအစဉ်တွေနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဓမ္မစေတီလမ်းဝင်ပေါက်အနီးရဲ့ ဧရိယာမှာလည်း စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ပေါက္ကံညဈေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ရင်ပြင်မှာလည်း ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး ဘန်ကောက်ညဈေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက် မှုတွေနဲ့ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံအရှေ့မှာတော့ လာမယ့်စနေနေ့ညနေမှာ ကလေးတွေကို ရိုက်နှက်ပြစ်ဒဏ်ပေးဆုံးမခြင်းအစား အပြုသဘောဆောင်သော စည်းကမ်းနှင့် ပြုစုပျိုးထောင်ဖို့ အားပေးတဲ့ ကမ်ပိန်းအနေနဲ့ ပြုလုပ်မယ့် ‘‘မေတ္တာဖြင့်သာ ပျိုးထောင်ပါ’’အစီအစဉ်ကျင်းပမှာ ဖြစ်ပါတယ်။

− အပန်းဖြေဥယျာဉ်တွေကို မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့ သူတွေအတွက် ပရိုမိုး ရှင်းပွဲလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Junction ဇ၀နမှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ Junction (၁၈)နှစ်ပြည့်အထိမ်းအမှတ် မသန်စွမ်းကလေးငယ်များနဲ့ အမြင်အာရုံ၊ အကြားအာရုံချို့တဲ့သူများ၏ လက်မှုပစ္စည်းအရောင်းပြပွဲနဲ့ အနုပညာစွမ်းရည်ဖျော်ဖြေပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

Gallery 65 မှာတော့ ဒီတစ် ပတ်စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Landscapes & Culture - Photo& Documentary Film EXhibition ပွဲပြုလုပ်မှာ ဖြစ်ပါတယ်။ The Gallery Cafe မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက် စလုံး ပန်းချီ ၀လုံးရဲ့ ပဉ္စမအကြိမ်မြောက်ပန်းချီပြပွဲ "Dancing With The Naga" ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ သိမ်ဖြူလမ်းမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Yangon Book Street စနေ၊ တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းအစီအစဉ်အနေနဲ့ စာအုပ်အရောင်းပွဲတော်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Top News