အောင်ဝင်းခိုင်အား နေပြည်တော်သို့ ကားမောင်းပို့ခဲ့သူကို မမှန်သက်သေခံမှုဖြင့် အရေးယူပေးရန် လျှောက်ထား

ဦးကိုနီလုပ်ကြံမှုမှ သေနတ်သမားကြည်လင်းကို ယမန်နေ့ရုံးထုတ်အပြီးတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဝေလင်း)

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရမှုတွင် တရားလိုပြသက်သေအဖြစ် လာရောက် ထွက်ဆိုသည့် ရဲထွဋ်လှိုင်ကို မမှန် သက်သေခံမှုပုဒ်မ ၁၉၃ အရ အ ရေးယူပေးရန် တရားလိုဘက်က ရုံးတော်သို့ လျှောက်ထားခဲ့သည်။

မြောက်ပိုင်းခရိုင်တရားရုံး တွင် နိုဝင်ဘာ ၁၇ ရက် ရုံးချိန်းက အောင်ဝင်းခိုင်၏ ကုမ္ပဏီမှ ဝန် ထမ်းရဲထွဋ်လှိုင်အား တရားလိုပြသက်သေအဖြစ်စစ်ဆေးရာ တရားခွင်အတွင်း ထွက်ဆိုချက်များသည် ယခင်ကြိုတင်ထွက်ဆိုချက်နှင့်ကွဲလွဲနေသဖြင့် အရေးယူပေးရန်  လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း တရားလိုရှေ့နေ ဦးနေလက ပြောသည်။

‘‘အဓိကကတော့ ရဲထွဋ်လှိုင် က အောင်ဝင်းခိုင်ကို နေပြည် တော်ကို ပို့ပေးဖို့ ဇန်နဝါရီ ၃၀ ရက် ညမှာ ဇေယျာဖြိုးက ခိုင်း တယ်။ အဲဒီခိုင်းတဲ့အပိုင်းကို ဖုံး ကွယ်တာပဲ။ နောက်တစ်နေ့ကျ တော့ ဇေယျာဖြိုးရဲ့ ခိုင်းစေချက် အရ မနက် ၉ နာရီမှာ အောင်ဝင်း ခိုင်ကို ခေါ်ပြီးတော့ နေပြည်တော် ကို သွားလိုက်တယ်။ အဲဒီအချက် ကို ဖုံးကွယ်ပြီးတော့ အောင်ဝင်း ခိုင်က ခေါ်လို့ သူသွားတဲ့ပုံစံမျိုးနဲ့ ဇေယျာဖြိုးကို အကာအကွယ်ပေး ပြီး ထွက်ဆိုသွားတာပဲ’’ဟု ၎င်းက ဆိုသည်။

ရဲထွဋ်လှိုင်က ကြိုတင်သက် သေခံချက် ထွက်ဆိုရာတွင် ဇေ ယျာဖြိုးခိုင်းစေမှုကြောင့် အောင် ဝင်းခိုင်ကို နေပြည်တော်သို့ ပို့ပေး ခဲ့ကြောင်း ထွက်ဆိုထားသည်။ နိုဝင်ဘာ ၁၇ ရက် ရုံးချိန်းတွင်မူ အောင် ဝင်းခိုင်ခေါ်၍ သွားရောက်ရကြောင်း ထွက်ဆိုခဲ့ပြီး ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင် ဆက်စပ်မှုကို ဖုံးကွယ်ထွက်ဆိုခဲ့သည်။

တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည့် ရဲထွဋ်လှိုင်သည် အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့ ၏ ဆက်စပ်မှုကို ဖုံးကွယ်ထွက်ဆို ခဲ့သဖြင့် တရားလိုဘက်မှ ဥပဒေ အရာရှိက ယခင်အင်းစိန်မြို့နယ် တရားရုံးတွင် ပေးအပ်ထားသည့် ကြိုတင်ထွက်ဆိုချက်ဖြင့် တိုက် ဆိုင်စစ်ဆေးရာ  ကွဲလွဲနေသော ကြောင့် မမှန်မကန်သက်သေခံမှု ဖြင့် အရေးယူပေးရန် တရားရုံးသို့ လျှောက်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘သူတို့က လျှောက်သွားတာ ပေါ့။ ကိုရဲထွဋ်လှိုင်က မမှန်သက် သေခံတယ်ဆိုပြီး အရေးယူပေးဖို့ လျှောက်သွားတာ။ သူတို့လျှောက် တာက ကြိုတင်ထွက်ချက်မှာပါ တဲ့အကြောင်းအရာက ရုံးရှေ့မှာ ပြောတဲ့ အချိန်မှာ မပါဘူးလို့ ပြောချင်တာ။ ဒါပေမဲ့ တကယ်တမ်း သူလျှောက်လဲချက်ပေးတဲ့ အခါမှာ ကွဲလွဲတယ်တဲ့။ အဲဒီလို ပြောတာပေါ့နော်။ အဲဒီအပေါ်မှာ ရုံးက ဘယ်လိုဆုံးဖြတ်မလဲမသိ ဘူး’’ဟု ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်က ဆိုသည်။

တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုသည့် ကိုရဲ ထွဋ်လှိုင်ကို မမှန်သက်သေထွက် ဆိုမှု ပုဒ်မ ၁၉၃ အရ အရေးယူ ပေးရန် တရားလိုဘက်က ဥပဒေ အရာရှိ၏ လျှောက်ထားချက်အ ပေါ် ရုံးတော်က နိုဝင်ဘာ ၂၄ ရက်တွင် အမိန့်ချမည်ဖြစ်သည်။

‘‘အောင်ဝင်းခိုင်ထွက်ပြေး တဲ့ကိစ္စမှာ ရဲထွဋ်လှိုင်က ကား မောင်းပို့တယ်။ သွားတုန်းကပြော တာ တင်ဒါကိစ္စလို့ပြောတယ်။ ဟိုရောက်တော့မှ တင်ဒါကိစ္စ မဟုတ်ဘဲ သူတို့တွေရဲ့ အိမ်ကို သွားတယ်။ အဲဒီကတစ်ဆင့် မကွေးဘက်ကို သွားမယ်ဆိုပြီး ပြောတယ်။ မြို့မဈေးက မကွေး ကားဂိတ်ကိုပို့ခိုင်းပြီး ပရဆေး ဥယျာဉ်ရောက်တော့ အောင်ဝင်း ခိုင်ဆင်းသွားတယ်။ အဲဒီလို ကွင်း ဆက်တွေပေါ်လာတယ်။ အခု ရဲထွဋ်လှိုင်အပါအဝင် နောက်သုံး ယောက်ကို နောက်တိုးတရားခံ လျှောက်ပေးဖို့ ဥပဒေအရာရှိကို တင်ပြထားတယ်’’ဟု ဦးနေဝင်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက် ပြီး နိုဝင်ဘာ ၁၇ ရက်တွင် မင်္ဂ လာဒုံမြို့မရဲစခန်းက ဒုရဲမှူးမြ ထွန်းကျော်၊ CID မှ ဒုရဲမှူးဌေး ဝင်းနှင့် ကိုရဲထွဋ်လှိုင်တို့ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရမှု ၃၁ကြိမ် မြောက် ရုံးချိန်းအပြီးတွင် တရားရုံးသို့ တင်သွင်းထားသည့် တရားလို ပြသက်သေ ၈၀ ဦးအနက် တရားလိုပြသက်သေ ၅၈ ဦးကို စစ်ဆေး ခဲ့ပြီးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည်  အင်ဒိုနီးရှားသမ္မတနိုင်ငံတွင်ကျင်းပသည့်   Senior Leadership Program လေ့လာ ရေးခရီးစဉ်မှ ပြန်လာစဉ် ဇန်နဝါ ရီ ၂၉ ရက် ညနေ ၅ နာနရီခန့်က ရန်ကုန်လေဆိပ် Terminal - 1 မှ အထွက်ကားပါကင်တွင် သေနတ် ဖြင့် လုပ်ကြံခံရခြင်းဖြစ်သည်။

Top News