သူမရဲ့ လောကဓံ

ဆောင်းကား ယခုနှစ် အတော်သူစိမ်း ဆန်သည်။ လေနုအေးလေးတစ်ချက်တိုက်လိုက်၊ မိုးပေါက်က လေးတွေ တဖြောက်ဖြောက်ကျ လိုက်နှင့် မိုးကသံယောဇဉ် မပြတ်ချင်ဖြစ်နေသည်။ နှင်းကိုမြင် တွေ့ရဖို့ အလွမ်းသယ်နေတုန်း ရာသီဥတုဖြစ်စဉ်နှင့် လောကဖြစ် ပျက်သဘောတရားတို့ကို စဉ်းစား ဆင်ခြင်နေမိသည်။

‘‘ဘယ်လောက်များ ပင်ပန်း နေပြီလဲ ဒါယိကာမကြီးရယ်  ..။ ဒါယိကာမကြီး ပင်ပန်းနွမ်းနယ် နေတာကို မြင်ရတာ ဒါနဲ့ဆိုနှစ် ကြိမ်ရှိပြီ။ တကယ်ကို စိတ်မ ကောင်းပါဘူး။ ဒါယိကာမကြီးရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို မြန်မာပြည်သားတွေ သိရှိနား လည်ကြပါစေ။ နေကောင်းကျန်း မာစေဖို့ အမြဲမေတ္တာပို့သပေးနေ ပါတယ်’’

 ရဟန်းတစ်ပါး၏ ဖေ့စ် ဘွတ်ခ်ပေါ်မှ သဘောထားအမြင် တစ်ခု ဖြစ်သည်။ အာဆီယံအ စည်းအဝေး၌ တက်ရောက်ဆွေး နွေးနေသော နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၏ အသက်အရွယ်နှင့် မမျှ အလုပ်နှင့် စိတ်ဖိစီးမှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ဓာတ်ပုံနှင့် တွဲလျက် တင်ထားခြင်းဖြစ် သည်။ စိန်ခေါ်မှုများစွာနှင့် ရင် ဆိုင်နေရသော သူ၏ဒါယိကာမ ကြီးအတွက် မေတ္တာစကားက ဖတ်ရသူများ၏ ရင်ထဲအေးမြသွား စေလိမ့်မည် ထင်သည်။

ကျွန်တော်တို့သည် နှစ်ပေါင်းများစွာ တိုင်းပြည်ခေတ်နောက် ကျခဲ့ခြင်းကြောင့် ရှေ့ရောက်ဖို့ကို သာ အမြဲမျှော်မှန်းနေကြသည်။ ငယ်ရွယ်သူများက အများနှင့် ရင် ပေါင်တန်းလိုကြသလို ကြီးရင့် သူများကလည်း မသေခင်တိုင်း ပြည်ဖွံ့ဖြိုးသွားတာ မြင်ချင်ကြ သည်။ ထို့အတွက် တိုင်းပြည်အုပ် ချုပ်သူများကို မျှော်လင့်ထားသ လောက် ဖြစ်မလာသဖြင့် အားမ လို အားမရလည်း ရှိချင်ရှိလိမ့် မည် ဖြစ်သည်။

တစ်လောက စာကြည့်တိုက် သို့ စာအုပ်လာငှားသော အမျိုး သမီးငယ်တစ်ဦးက ‘‘ဆရာနိုင်ငံ ရေးစိတ်ဝင်စားလား။ ကျွန်မက တော့ အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲမြင်တယ်။ သူ့ ကိုတော့ ကျွန်မအမြဲထောက်ခံနေ မယ်’’ဟု ပြောသွားသည်။ အင်န် အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစု ကြည်ကို ခွဲခြား၍မရ။ သူမက ပါတီအကြီးအကဲဖြစ်၏။ သို့သော် ထိုအမျိုးသမီးက ခွဲမြင်ပြီး ပုဂ္ဂိုလ် ရေးချစ်ခင်လေးစားမှု သဘောမျိုး ထုတ်ပြသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူများ ကမ္ဘာပေါ် တွင် များစွာရှိပါလိမ့်မည်။ ထိုသူ တို့သည် သူမ၏စွန့်လွှတ်အနစ်နာ ခံမှုအပေါ် ကရုဏာသက်ဝင်ကြ သူများ ဖြစ်သည်။ အာဏာရှင် များ၏ ဖိနှိပ်မှုကို ငြိမ်းချမ်းသော နည်းဖြင့် တော်လှန်ခဲ့ပြီး မိမိ၏ မိသားစုအရေးကိုပင် စွန့်လွှတ်ခဲ့သူဖြစ်ကြောင်း အားလုံးအသိပင် ဖြစ်သည်။ သူမ န၀တလက်ထက်တွင် ပထမဆုံးအကြိမ် နေအိမ်အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာစက ခံစားမှုကို သူမကိုယ်တိုင် ရေးသားထားသည်မှာ ယခုလို တွေ့နိုင်သည်။

‘‘နိုင်ငံရေးပြစ်ဒဏ်ကြောင့် ဆယ်ကျော်သက်ရွယ် မိမိ၏သား ငယ်နှင့် ၂ နှစ်ကျော်ကြာအောင် ခွဲခွာနေခဲ့ရပြီးမှ ရုတ်တရက်ပြန် လည်ဆုံတွေ့လိုက်ရသူတစ်ဦး သည် မိမိ၏ ရင်သွေးမှ ဟုတ်မှ ဟုတ်ပါလေစဟု သံသယဖြစ် လောက်အောင် လုံးဝမမှတ်မိနိုင် ဘဲ ဖြစ်သွားခဲ့ရလေတော့သည်။ ထိုအဖြစ်မျိုးကို ကျွန်မကိုယ်တိုင် လည်း တွေ့ကြုံခံစားခဲ့ရပေသည်။  ၂ နှစ်နှင့် ၇ လတိုင်အောင် ကွဲ ကွာနေခဲ့ရပြီးနောက် (၁၂) နှစ် သားအရွယ်တွင် ရှိနေခဲ့သော ကျွန်မ၏ သားငယ်အား ရုတ်တ ရက်ပြန်တွေ့လိုက်ရသောအခါ ကျွန်မအဖို့ လုံးဝမမှတ်မိတော့ အောင် ဖြစ်သွားရသည်။ ယခင် က မိခင်၏ နို့နံ့မစင်သေးသော တီ

တီတာတာ ကလေးအရွယ်မှ လုံးဝတည်ငြိမ်ရင့်ကျက်လာသော လူပျိုကြီးအရွယ်သို့ ပြောင်းလဲ သွားခဲ့လေတော့သည်။ လမ်း တွင် တွေ့လျှင်တောင် မိမိ၏သား ငယ်ဖြစ်ကြောင်း ပြန်လည်မှတ်မိ ရန် ခဲယဉ်းလှပေသည်’’ ဟူ၏။

၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံကာလ မြန်မာ့နိုင်ငံရေး တွင် ၀င်ရောက်လှုပ်ရှားစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အခြေ အနေနှင့် ယခုအခြေအနေသည် များ စွာခြားနားသွားပြီ ဖြစ်သည်။ ထိုစဉ် အသက်အရွယ်က ပျိုမျစ် တုန်း၊ အသိစိတ်ကလည်း မဟုတ် မခံ တုံ့ပြန်တတ်သူဖြစ်၏။ ထိုအ ချိန်က သူ့ကိုချစ်ခင်ကြသူများက သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ကြောင့်သာ ဖြစ်သည်။ ယခုအ သက်အရွယ်ကလည်း အိုမင်း သည့်ဘက်ရောက်လာသည်။ အသိစိတ်ကလည်း မေတ္တာတရား ဘက်ရောက်လာသည်။ သူ့ကို ချစ်ခင်ကြသူများက သူ၏တိုင်း ပြည်အပေါ် အနစ်နာခံမှု၊ စွန့် လွှတ်မှုများအတွက်သာ ဖြစ်၏။ လုပ်ဆောင်နေရသည့် တာဝန်က လည်း တစ်အိမ်လုံးမိုးယိုကျနေ သည့် အမိုးပေါက်များကို ဖာထေး နေရသည့် အိမ်ထောင်ဦးစီးတစ် ဦးနှယ် ဖြစ်နေသည်။

၁၉၉၅-၉၆ သူမနေအိမ်အ ကျဉ်းကျစဉ်ကာလက သက်တမ်း အိုမင်းနေသည့် သူမ၏အိမ်အမိုး မှ မိုးများယိုပုံကို ရေးသားထား သည့် စာတစ်စုကို သတိရမိသည်။ ခေါင်မိုးက အုတ်ကြွပ်တွေ ကွာ သဖြင့် မိုးကဟိုနေရာက ယို၊ သည်နေရာက ယို ဖြစ်နေသည်။ တစ်အိမ်လုံးရှိ အိုးခွက်၊ ဇလုံတွေ နှင့် ရေလိုက်ခံရသည်။ မိုးသည်း လွန်းလျှင် ခွက်တွေက ခဏလေး နှင့် ပြည့်သွား၍ အမြန်သွားသွန် ရသည်။ နံရံပေါ်ရေတွေ စီးကျ၍ ပလတ်စတစ်ဆေးတွေ၊ အနု ပညာဒီဇိုင်းတွေ ပျက်စီးကုန်သည်။ နောက်ဆုံးအမိုးတစ်ခုလုံး ဖြုတ်ချပြင်ဆင်ရသည့် အခြေအ နေ ဖြစ်သွားသည်။

‘‘အိမ်အမိုးလဲလှယ်နေစဉ် အတွင်း ကျွန်မသည်လည်း တစ် ခန်းဝင်၊ တစ်ခန်းထွက်ပြောင်း ပေးခဲ့ရသဖြင့် နေရာအတည်တ ကျ မနေနိုင်အောင် ဖြစ်နေရသည်။ အမိုးအသစ်လဲရန်အတွက် ပြင် ဆင်ပြီး နောက်တစ်နေ့တွင် ကို ရွှေမိုးက တဝေါဝေါ ရွာချလာပြန် ရာ အိမ်တွင်ရှိသမျှ ရေပုံး၊ ရေ ချိုင့် များ၊ ဒယ်အိုး၊ ဇလုံများ၊ ဖန်ခွက် များကိုပါ အသုံးပြုပြီး ယိုကျလာသော မိုးရေစက်များကို ခံထားရလေတော့သည်။ ထိုကဲ့သို့ မိုးနှင့်အပြိုင် ရင်ဆိုင်လှုပ်ရှားနေ သည်ကို ကြည့်ပြီး ကျွန်မတို့ အား စာနာသနားခြင်း မရှိဘဲ ပြုံးရယ် သွားခဲ့ကြသူများ၏ မျက်နှာများ ကိုမူ ယနေ့ထက်တိုင် မြင်ယောင် နေမိပေသည်’’ဟု သူ့ခံစားချက် ကို ရေးသားခဲ့သည်။

ငြိမ်းချမ်ရေးက တစ်ဖက်၊ ရခိုင်အရေးက တစ်ဖက်၊ တိုင်း ပြည်စီးပွားရေး၊ ကျန်းမာရေး၊ သ ဘာဝဘေးအန္တရာယ်၊ ပြည်တွင်း ပြည်ပက နိုင်ငံရေးတိုက်ခိုက်မှု နှင့် ဖိအားပေးမှုစသည့် အမိုး ပေါက်ဗရပွကို လိုက်လံဖာထေး နေရသည့် သူမကို စာနာသနားခြင်း မရှိဘဲ ပြုံးရယ်နေကြသူများလည်း ရှိနေကြသည်။

သို့သော် သူမကတော့ တုန် လှုပ်လိမ့်မည်မဟုတ်။ အိမ်အမိုး ပြင်နေတုန်း လက်သမားပစ္စည်း တွေထားသည့် လက်သမားတဲ ထဲတွင် နေထိုင်ကာ အေးချမ်းမှု အရသာခံစားခဲ့ရသကဲ့သို့ပင် ယခုလည်း ‘‘နိုင်ငံရေးလုပ်မှ တော့ ဒီလောကဓံကို ခံရမှာပဲ။ ဖြစ်နေကျပဲ။ နိစ္စဓူဝဖြစ်စဉ်ပဲ။ တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျှောက် ရင်ဆိုင်ရမယ့်ကိစ္စ တွေပဲလို့ စိတ်ထဲထားလိုက်တယ်’’ ဟု ပြောကြားခဲ့သည်။

သူမသည် အတိုက်အခံကာ လတစ်လျှောက်လုံးတွင်လည်း ပြည်သူ ပြည်သားများ၏ ဒီမိုက ရေစီရေးနှင့် လူ့အခွင့်အရေးအ တွက် စွန့်လွှတ်အနစ်နာခံခဲ့လို့ အာဏာရရှိချိန်တွင်လည်း တိုင်း ပြည်တွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေ စီစနစ် အမြစ်တွယ်ရေး၊ ဖက်ဒ ရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် စွန့်လွှတ်အနစ်နာခံရဦး မည် ဖြစ်သည်။ နေအိမ်အကျဉ်း ကျစဉ် ကာလကကဲ့သို့ပင် နံနက် ၄ နာရီခွဲအိပ်ရာမှထကာ ၁ နာရီ ခန့် တရားထိုင်၊ ဘုရားရှိခိုးကာ မြန်မာပြည်သူများကို မေတ္တာပို့ အမျှဝေနေဦးမည် ထင်သည်။

မြန်မာပြည်သူ တစ်ရပ်လုံး ကလည်း သူမ၏စွန့်လွှတ်အနစ် နာခံမှုနှင့် လောကဓံကို ကြံ့ကြံ့ ခံနိုင်ဖို့ကိုသိရှိနားလည်မေတ္တာ ထားသင့်သည်ဟု ထင်သည်။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News