သက်မွန်မြင့်နှင့် ဖွေးဖွေးတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် အကောင့်များ ဟက်ခံရ

 နာမည်ကြီးသရုပ်ဆောင် မင်းသမီးနှစ်ဦးဖြစ်သည့် သက်မွန် မြင့်နှင့် ဖွေးဖွေးတို့၏ ဖေ့စ်ဘွတ်ခ် အကောင့်နှင့် ပေ့ခ်ျများကို ဟက် ကာများက ဟက်ထားကြောင်း ၎င်းတို့၏ ပရိသတ်များက မျှဝေ ထားသည်။

သက်မွန်မြင့်၏ ဖေ့စ်ဘွတ်ခ် အကောင့်နှင့် ပေ့ခ်ျသည် နိုဝင်ဘာ ၁၅ ရက်တွင် အဟက်ခံခဲ့ရပြီး ဟက်ကာများက ၎င်းတို့အဖွဲ့၏ Logo ကို သက်မွန်မြင့်၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွင် Cover Photo အဖြစ် ပြောင်းလဲတင်ခဲ့သည်။

M4L F4M!1Yအမည်ဖြင့် အနောက်တိုင်းဝတ်စုံနှင့် မျက်နှာ ဖုံးအုပ်ထားသူ ငါးဦး၏ ပုံဖြင့် ပြောင်းလဲထားပြီး နိုဝင်ဘာ ၁၈ ရက်က သက်မွန်မြင့်၏ Thet Mon Myint ပေ့ခ်ျကို  ထိန်းသိမ်းထားခြင်းဖြစ်ကာ ၎င်းတို့ထံသို့ မက်ဆေ့ခ်ျမှတစ်ဆင့်  သက်မွန် မြင့်ကိုယ်တိုင်ဆက်သွယ်ပါက ပြန်လည်ပေးအပ်မည်ဟု  ကြေညာထားသည်။

ထို့ပြင် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲတွင် ဖေ့စ်ဘွတ်ခ်အသုံး ပြုသူ    နှစ်သန်းကျော်   Like လုပ်ထားသည့် သက်မွန်မြင့်၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျသည် ၀င်ရောက် ကြည့်ရှု၍မရတော့ပေ။

သရုပ်ဆောင်ဖွေးဖွေး၏ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျနှင့်   သူ၏နာ မည်အရင်းဖြင့် အသုံးပြုသည့် ရွှေ ရည်ကိုဦးအမည်ဖြင့် ဖေ့စ်ဘွတ်ခ် အကောင့် အဟက်ခံရကြောင်း နိုဝင်ဘာ ၁၉ ရက်က We Love Shwe Yee Ko Oo  ပေ့ခ်ျတွင် ရေးသားထားသည်။

ထို့ကြောင့် ဖွေးဖွေး၏ပေ့ခ်ျ နှင့် ရွှေရည်ကိုဦး၏ ဖေ့စ်ဘွတ်ခ် အကောင့်များကို ပြန်ပေးရန် Give Back Phway Phway Page & Shwe Yee Ko Oo Account ဟု ပရိုဖိုင်များ ချိန်းထား သည်။

ဖွေးဖွေး၏ ပေ့ခ်ျသည် မြန်မာ နိုင်ငံရှိ အနုပညာရှင်များတွင် ဒုတိယ Like အများဆုံးပေ့ခ်ျတစ် ခုဖြစ်ပြီး Like ပြုလုပ်ထားသူ ခုနစ်သန်းကျော်ရှိသည်။

Top News