ဘီယွန်စေးနဲ့အတူ သီချင်းတစ်ပုဒ်ဖန်တီးဖို့က အိပ်မက်လို့ ပြောတဲ့အမ်မီနန်

အမေရိကန်ရက် ပါအဆိုတော် အမ်မီနန်သည် ၎င်း ၏သီချင်းသစ်တစ်ပုဒ်ကို အဆို တော်ဘီယွန်စေးနှင့် အတူပူးတွဲ သီဆိုခဲ့သည်။

ဘီယွန်စေးပါဝင်အားဖြည့် သီဆိုထားသော အမ်မီနန်၏ သီ ချင်းသစ် ‘Walk On Water’ သည် နိုဝင်ဘာ ၁၀ ရက်က ထွက်ရှိလာ သည်။

အဆိုပါသီချင်းသစ်နှင့်ပတ် သက်၍ အသက်(၄၅)နှစ်အရွယ် အမ်မီနန်က ‘‘ဘီယွန်စေးနဲ့အတူ သီချင်းတစ်ပုဒ်ဖန်တီးဖို့ ကျွန် တော့်ရဲ့အိပ်မက်တစ်ခုပါပဲ။ ဘီ ယွန်စေးက တကယ့်ကိုတော်တဲ့ အဆိုတော်တစ်ယောက်ပါ’’ ဟု ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပသော MTV Europe Music Award ဥရောပဂီတဆုပေး ပွဲတွင် ယခုနှစ်အတွက်အကောင်း ဆုံးဟစ်ဟော့ပ်အဆိုရှင်ဆုချီးမြှင့်  ခံရသော အမ်မီနန်က ၎င်း၏ အယ်လ်ဘမ်သစ် မကြာမီထွက် ရှိလာမည်ဖြစ်ကြောင်း ပြောကြား သည်။

justjared

Top News