မုံရွာတွင် ပုဂ္ဂလိက ရေနံချက်ဖိုတစ်ခု၌ မီးလောင်မှုဖြစ်ပွား

မုံရွာမြို့ ဖန်းခါးကျင်းကျေးရွာအနီး ပုဂ္ဂလိကရေနံချက်ဖို မီးလောင်နေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာမြို့နယ် ဖန်းခါးကျင်း ကျေးရွာအနီး ပုဂ္ဂလိက ရေနံချက် ဖိုတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၄ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း မုံရွာမြို့နယ် မီးသတ် ဦးစီးမှူး ဦးညီညီဇော်က ပြော သည်။

ဖန်းခါးကျင်းကျေးရွာ အ နောက်ဘက် တစ်မိုင်ခန့်အကွာ ပုဂ္ဂလိကပိုင် ရေနံချက်ဖိုတွင် ရေနံချက်ဖို မီးအပူရှိန်နှင့် ဆီကန်မှ ဆီအငွေ့တို့ထိတွေ့၍ မီးလောင် မှုဖြစ်ပွားခဲ့သည်။ 

‘‘ဆောင်းရာသီလို ရာသီ အေးတဲ့အချိန်မှာ ဆီအငွေ့က အပေါ်ကိုမတက်နိုင်ဘဲ အောက် မှာပဲရှိနေတတ်တယ်။ အဲဒီ ဆီအ ငွေ့က ချက်ဖို မီးထိုးထားတဲ့ အပူ ရှိန်နဲ့ ထိတွေ့ပြီး မီးလောင်မှု ဖြစ် ပွားခဲ့တာပါ’’ဟု ဦးညီညီဇော်က ပြောသည်။

ယင်းရေနံချက်ဖိုတွင် ရေနံ ချက်ဖို သုံးဖိုရှိသည့်အနက် အရှေ့ဘက် အစွန်ဆုံးမှ မီးထိုးထားသည့် အပူရှိန်နှင့် ဆီကျကန်မှ ဆီအငွေ့ တို့ထိတွေ့၍ မီးစတင်လောင် ကျွမ်းခဲ့သည်။

 မီးလောင်မှုကြောင့် ရေနံပီပါ ၅၀ ခန့် မီးလောင်ကျွမ်းသဖြင့် ကာလတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ  ဖြစ်စဉ်နှင့်ပတ် သက်၍ မီးပေါ့ဆမှုဖြင့် အသက် (၆၇)နှစ်အရွယ် ရေနံချက်ဖို မန် နေဂျာကို မုံရွာမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်စစ်ဆေးနေသည်။

Top News