တပ်ချုပ်နှင့် ရုရှားကာကွယ်ရေးဒုဝန်ကြီး စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားကာကွယ်ရေးဒုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံ စဉ် နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Lieutenant General Alexander Vasilievich Fomin ကို နိုဝင်ဘာ ၂၀ ရက် နံနက်က နေပြည်တော်ရှိ ဘုရင့် နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ယင်းသို့ ဆွေး နွေးခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ် ချုပ်ကြီး ညိုစောနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာ ကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay A. Listopadov နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် နိုဝင်ဘာ ၁၅ ရက်က အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန် ကြီး ရက်စ်တီလာဆန်နှင့် တွေ့ ဆုံစဉ်ကလည်း အကြမ်းဖက်မှုနှိမ် နင်းရေးနှင့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေး နှစ်နိုင်ငံတပ်မတော်နှစ် ရပ် ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၀ ရက်တွင် လာအိုပြည်သူ့တပ် မတော်၊ လာအိုအမျိုးသားကာ ကွယ်ရေးဝန်ကြီး Lt.Gen. Chan-samone Chanyalath ကိုလည်း ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုကာ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံ ရေး ခိုင်မာတိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါးပြဿနာနှင့် လူ ကုန်ကူးမှုပြဿနာများ မဖြစ်ပေါ် စေရေးနှင့် တည်ငြိမ်အေးချမ်းစေ ရန် တပ်မတော်နှစ်ရပ်ကြား ပူး ပေါင်းဆောင်ရွက်နေမှု အခြေအ နေများကို ဆွေးနွေးခဲ့သည်။

အလားတူ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် ဂျပန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Kazuyuki Nakane ဦးဆောင်သော ကိုယ်စားလှယ်အ ဖွဲ့နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Dr. Vivian Bala-krishnan ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့တို့ကိုလည်း လက် ခံတွေ့ဆုံခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ယမန်နှစ် မေလက ကျင်းပခဲ့သည့် အာဆီယံ-ရုရှား ဆက်ဆံရေး နှစ် (၂၀)ပြည့် ထိပ် သီးအစည်းအဝေးသို့ သမ္မတ ဦးထင်ကျော် တက်ရောက်ခဲ့ သည်။ ၂၀၁၄ နိုဝင်ဘာက မြန်မာ-ရုရှား နှစ်နိုင်ငံစစ်ဘက်ထောက် လှမ်းရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် လက်မှတ်ရေးထိုးနိုင် ရန် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်က သဘောတူညီခဲ့ သည်။

မြန်မာနိုင်ငံ၌ ဆိုဗီယက်ယူနီယံ(ရုရှား)စစ်သံရုံးကို ၁၉၇၂ တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီးဆိုဗီယက်ယူနီယံ မော်စကိုမြို့တွင် မြန်မာ ကြည်း၊ ရေ၊ လေ စစ်သံရုံးကို ၁၉၇၄ ၌ အပြန်အလှန် ဖွင့်လှစ်ခဲ့ကာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မြန်မာ့တပ်မတော်အရာရှိ များသည် ရုရှားနိုင်ငံသို့ စစ်ဘက် ဆိုင်ရာသင်တန်းများနှင့် နည်း ပညာဆိုင်ရာ သင်တန်းများသွား ရောက်သင်ကြားမှုများရှိသည်။

Top News