ကာဂျစ္စတန်-မြန်မာပွဲနှင့်ပတ်သက်၍ အေအက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံဝင်မည်

 လုံခြုံရေးအခြေအနေ ကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကာ ဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲနှင့် ပတ် သက်၍ အာရှဘောလုံးအဖွဲ့ချုပ် (AFC)က နိုဝင်ဘာ ၂၄ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း ဆုံး ဖြတ်ချက်ကို မကျေနပ်ပါက အယူခံဝင်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

အဆိုပါပွဲကို မူလက စက် တင်ဘာ ၅ ရက်တွင် ကာဂျစ္စတန် နိုင်ငံ၌ ကျင်းပရန် စီစဉ်ခဲ့သော် လည်း လုံခြုံရေးအခြေအနေ ကြောင့် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်က ပွဲရွှေ့ဆိုင်းရန် တောင်း ဆိုခဲ့ပြီး ပြန်လည်ကျင်းပမည့် ရက်၊ အချိန်နှင့်နေရာတို့ကို အာရှဘောလုံးအဖွဲ့ချုပ်က ရေးဆွဲ ထုတ်ပြန်မည်ဖြစ်သည်။


ယင်းပွဲဖြစ်ရပ်နှင့်ပတ်သက် ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က အာရှဘောလုံးအဖွဲ့ချုပ်ထံအချက်သုံးချက် တောင်းဆိုထား ကြောင်း ၎င်းကဆိုသည်။ အဆိုပါ အချက်သုံးချက်သည် ကာဂျစ္စ တန်နှင့် မြန်မာအသင်း ပြန်ကန်ပွဲ ကို ကြားကွင်း၌ကစားရန် (သို့မ ဟုတ်) မြန်မာအသင်းအိမ်ကွင်း၌ ကစားရန် (သို့မဟုတ်) မြန်မာအ သင်းကို သုံးဂိုး၊ သုံးမှတ်ပေးရန် တို့ဖြစ်သည်။ ယင်းတောင်းဆို ချက်များကို အာရှဘောလုံးအဖွဲ့ ချုပ်က အသိအမှတ်မပြုပါက အ ယူခံဝင်မည်ဖြစ်ကြောင်း ဦးကို ကိုသိန်းက ပြောသည်။

 ‘‘လက်ရှိအနေအထားက အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံး ဖြတ်ချက်ကို စောင့်ကြည့်ရမယ်။ သူတို့ဆုံးဖြတ်ချက်က ကျွန်တော် တို့အတွက် တရားမျှတမှုမရှိရင် အယူခံဝင်မယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာမှ အာရှဖလားဝင်ခွင့် ရမယ့် အနေအထားကို အထိအ ခိုက်မခံနိုင်ဘူး’’ ဟု ဦးကိုကိုသိန်း က ပြောသည်။

အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ် ပြိုင်သည့် မြန်မာနှင့်ကာဂျစ္စတန် တို့၏ အာရှဖလားခြေစစ်ပွဲ ဒုတိ ယအကျော့တွင် နှစ်ဂိုးစီ သရေ ကျခဲ့သည်။ မြန်မာအသင်းသည် ၂၀၁၉ အာရှဖလားတတိယအ ဆင့်ခြေစစ်ပွဲ အုပ်စု(က)တွင် အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအ သင်းတို့နှင့် ကျရောက်နေခြင်းဖြစ် သည်။

အာရှဖလားခြေစစ်ပွဲအုပ်စု (က)တွင် အိန္ဒိယအသင်းက ပွဲ စဉ်မကုန်မီ ခြေစစ်ပွဲအောင်မြင် ခဲ့ပြီးဖြစ်ပြီး ကာဂျစ္စတန်အသင်း က ရမှတ်ခုနစ်မှတ်ဖြင့် အုပ်စု ဒုတိယ၊ မြန်မာအသင်းက ရမှတ် ငါးမှတ်ဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။