မြန်မာမကျော်တဲ့ ကမ္ဘာကျော်စာရေးဆရာများ (မင်းခက်ရဲ)

‘မြန်မာမကျော်တဲ့ ကမ္ဘာကျော်စာရေးဆရာများ မှာ မြန်မာမကျော်ဆိုတဲ့သဘောက လူသိနည်းတဲ့ အဓိပ္ပာယ်ထွက်ပေမယ့် အဓိကအားဖြင့် မြန်မာ့လူ့အ ဖွဲ့အစည်းအတွင်းက လွှမ်းမိုးကြီးစိုးဆဲ အသိပညာ၊ ရသခံစားမှုတန်ဖိုးစံတို့အတွင်း ရှိမနေတဲ့အတွက် ဘေးဖယ်ထုတ်ခံထားရတဲ့ စာရေးဆရာများကိုဆိုလို တယ်။ ယနေ့ခေတ်ကို ဂရမ်ချီရဲ့အသုံးကိုယူပြီး ‘အဖိ နှိပ်ခံတို့ ပြန်လာတဲ့ခေတ်’လို့ခေါ်ဝေါ်ကြတယ်။ တစ် ချိန်က လက်မခံဘဲ ဘေးဖယ်ထုတ်ခံထားရတဲ့ တန် ဖိုး၊ အသိပညာ၊ ကိုယ်ကျင့်တရား၊ ရသခံစားမှုစတာ တွေကို ပြန်လည်လေ့လာပြောဆိုနေကြတဲ့အချိန် ဖြစ်တယ်။ ဒါကြောင့် ဒီအပိုင်းမှာ တစ်ချိန်ကဘေးဖယ် ထုတ်ခံ စာရေးဆရာတွေကို ဦးစားပေးဖော်ပြထား တယ်။ လူသားအချင်းချင်းကြား ‘ပိုမိုကျယ်ပြန့်ပြီး ရှင် သန်လှုပ်ရှားလာမယ့် တွေ့ကြုံခံစားမှု’ တိုးပွားဖို့ရည် ရွယ်ပါတယ်’ ဟု ယခုစာအုပ်အမှာတွင် စာရေးသူမင်း ခက်ရဲက ရေးထားသည်။


ကမ္ဘာ့စာပေတွင် အလွန်ထင်ရှားသောအလက် ဇန်းဒါးပွတ်ရှကင်(ရုရှား)၊ လီယိုတော်စတွိုင်း(ရုရှား)၊ ဒေါ့စတာယက်ဖ်စကီး(ရုရှား)၊ သောမတ်မန်း (ဂျာ မနီ)၊ ဒန်တီ(အီတလီ)၊ချားလ်ဒစ်ကင်း(အင်္ဂလန်)၊ ၀ီ လျံရှိတ်စပီးယား(အင်္ဂလန်)၊ မော်ပါဆွန်း(ပြင်သစ်)၊ ဆမ်းမားဆက်မွမ်(အင်္ဂလန်-ပြင်သစ်)၊ သောမတ်စ် ဟာဒီ(အမေရိကန်)၊ ဂျွန်စတိုင်းဘက်(အမေရိကန်)၊ ဟဲမင်းဝေး(အမေရိကန်)တို့လို ကမ္ဘာကျော်စာရေး ဆရာကြီးများကို မြန်မာစာဖတ်ပရိသတ်များရင်းနှီး ကျွမ်းဝင်ပြီးဖြစ်ပါသည်။ ထိုစာရေးဆရာကြီးများ၏ စာပေလက်ရာများကို ဘာသာပြန်ဆရာများက မြန် မာဘာသာသို့ ပြန်ဆိုပြီး၊ ပြန်ဆိုလတ္တံဖြစ်၍ ဖော်ပြပါ စာရေးဆရာကြီးများနှင့်စာဆိုကြီးများကို မြန်မာတို့သိ ရှိပြီးဖြစ်ပါ၏။ ယခုမူ ထိုကဲ့သို့ စာရေးဆရာကြီးများ ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် မြန်မာ့ စာပေနယ်ပယ်ထဲ ရောက်မလာဘဲ ကျန်ရှိနေသေး သော စာရေးဆရာကြီးများကို ယခုစာအုပ်၌ မိတ် ဆက်ရေးထားသည်။

စာအုပ်တွင် ပြင်သစ်နိုင်ငံဖွားစာရေးဆရာယော့ ဘတိုင်းယီ (Georges Bataille)၊ ပြင်သစ်နိုင်ငံဖွား စာရေးဆရာမိုရီဘလွန်ရှို (Maurice Blanchot)၊ နိုင် ဂျီးရီးယားနိုင်ငံဖွား စာရေးဆရာချီနွာအာခဘီ (Chinua Achebe)၊ ဘူလ်ဂေးရီးယားနိုင်ငံဖွား ယူလီယာခရစ္စတီဗာ (Julia Kristeva)၊ ပြင်သစ်ဒဿန ပညာရှင်နှင့် စာရေးဆရာမားကီးဒီဆတ်ဒ် (Marquis desade)၊ ပြင်သစ်ကဗျာဆရာနှင့်စာရေးဆရာ ရေ မွန်စူဇယ် (Raymond Roussel)၊ အမေရိကန်ဝေ ဖန်ရေးဆရာ၊ ဂျာနယ်လစ်နှင့်ဝတ္ထုရေးဆရာဂျိမ်း(စ်)အဂီး (James Agee) အစရှိသည့် ၀တ္ထုရေးဆရာ၊ စာရေးဆရာ(၂၀)ဦး၏ ဘ၀နှင့်စာပေလက်ရာများ ကို အသေးစိတ်မိတ်ဆက်ရေးထားသည်။ ဖော်ပြ ပါပုဂ္ဂိုလ်များသည် ၁၉ ရာစုနှင့် ၂၀ ရာစုကြားထင်ရှား သော ဒဿနဆရာ၊ စာရေးဆရာနှင့် ၀တ္ထုရေးဆရာ များဖြစ်သော်လည်း မြန်မာတို့ အကျွမ်းမ၀င်ခဲ့။ ထို့ ကြောင့် ယခုစာအုပ်ရေးသားပြုစုသူ မင်းခက်ရဲက ‘ကျွန်တော်တို့ရဲ့ အသိပညာ ဖြစ်ထွန်းလာပုံဟာ ကမ္ဘာကြီးမှာအထက်စီးကနေ နေရာယူထားတဲ့လွှမ်း မိုးကြီးစိုးဆဲအတွေးအခေါ်တွေ၊ ကျွန်တော်တို့ဆီဝင် လာတဲ့ စာအုပ်တွေ၊ ကျွန်တော်တို့ရဲ့ အင်စတီကျူး ရှင်းက အသားပေးထားတဲ့အရာတွေစတဲ့ လူမှုရေး အလေ့အကျင့်တွေအတွင်းက ထွက်လာတာပါ။ ဘေးဖယ်ထုတ်ခံစာပေ၊ အတွေးအခေါ်တွေကိုတော့ ကျွန်တော်တို့ဟာ အလိုလိုလျစ်လျူရှုခဲ့ရုံတင်မကဘူး ‘‘တစ်စုံတစ်ရာမှားယွင်းနေတဲ့အရာ’’တစ်ခုအဖြစ်ပါ သတ်မှတ်ဆက်ဆံခဲ့ကြတယ်။ အထက်စီးကနေရာ ယူလွှမ်းမိုးထားနိုင်တဲ့ ချက်ကော့၊ တော်စတွိုင်း၊ ဟဲ မင်းဝေးတို့သာလျှင် စာကောင်းပေကောင်းရယ်လို့ ဖြစ်လာတယ်။ ၎င်းအရာတွေသည်ပင်လျှင်ကျွန်တော် တို့ရဲ့တွေ့ကြုံခံစားမှုနဲ့စိတ်လှုပ်ရှားမှုကို လက်ဝါးကြီး အုပ်ထားခဲ့တယ်။ စာကြည့်တိုက်မှာ၊ စာအုပ်ဆိုင်တစ် ဆိုင်မှာ ချက်ကော့၊ တော်စတွိုင်း၊ ဘတိုင်းယီ၊ မိုရီဘ လွန်ရှိုတို့ကို တင်ထားတဲ့အခါ ကျွန်တော်တို့ဟာ ချက် ကော့နဲ့ တော်စတွိုင်းကိုသာရွေးချယ်ဖတ်ရှုတော့မှာ ဖြစ်တယ်။ ဖတ်စရာမရှိတော့တဲ့အခါမျိုးမှာ ဘတိုင်း ယီနဲ့ ဘလွန်ရှိုတို့ကို ရွေးချယ်မိသော်မှ ကျွန်တော်တို့ ရဲ့ အာရုံသာယာမှုက ချက်ကော့တို့အပေါ်ကိုသာ သာယာမိဖို့ အလေ့အကျင့်လုပ်ခံထားရတဲ့အတွက် ဘတိုင်းယီ၊ ဘလွန်ရှိုတို့ကို ကြိုက်ချင်မှ ကြိုက်ပါလိမ့် မယ်’ ဟု ရေးထားသည်။

စာအုပ်ကို Myanmar Knowledge Society က တန်ဖိုး ၆,၀၀၀ ကျပ်ဖြင့် ထုတ်ဝေဖြန့်ချိသည်။