နဝမအကြိမ် ရန်ကုန်ဘားကမ့်ကျင်းပမည်

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ရန်ကုန်ဘားကမ့်သို့ တက်ရောက်လာသူများ(ဓာတ်ပုံ − ကျော်ဇင်သန်း)

နဝမအကြိမ်မြောက် ရန်ကုန်ဘားကမ့်ကို ၂၀၁၈ ဇန်န ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် လှိုင်တက္ကသိုလ်နယ်မြေ MICT Park ၌ ကျင်းပမည်ဖြစ်သည်။

၂၀၁၀ ၌ စတင်ကျင်းပခဲ့ သည့် ရန်ကုန်ဘားကမ့်သည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တက်ရောက်သည့် ဘားကမ့်အ ဖြစ် ဝီကီပီးဒီးယား၌ မှတ်တမ်း ဝင်ခဲ့သည်။ မည်သူမဆို နှစ်သက် ရာ ခေါင်းစဉ်အလိုက် လွတ်လပ် စွာ ပါဝင်ဆွေးနွေးခြင်းဖြင့် ဘား ကမ့်များသည် နာမည်ကျော်ကြား လာသည်။


လက်ရှိတွင် ဘားကမ့်ပွဲများ ကို ၁၅ မြို့က လက်ခံကျင်းပနေ ပြီး တစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် ဘားကမ့် ၁၀ ခုနှင့်အထက် ကျင်းပခဲ့သည်။

၂၀၁၂ ရန်ကုန်ဘားကမ့်သို့ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ပြီး ၂၀၁၇ ရှစ်ကြိမ်မြောက် ရန်ကုန်ဘားကမ့်သို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် တက် ရောက်ခဲ့သည်။ အလားတူ ကိုးကြိမ်မြောက် ဘားကမ့်သို့ အစိုးရပိုင်းမှ တာဝန်ရှိသူများ တက် ရောက်ရန် ဖိတ်ကြားထားကြောင်း စီစဉ်သူများက ပြောသည်။

ဇန်နဝါရီအတွင်း ကျင်းပ မည့် ရန်ကုန်ဘားကမ့်အတွက် Awesome Yangon ခေါင်းစဉ်နှင့် ကိုက်ညီသည့် လိုဂိုအမှတ်တစ်ခု ရွေးချယ်မည်ဖြစ်ကြောင်း၊ လိုဂို

အမှတ်တံဆိပ်အတွက် ပါဝင် ယှဉ်ပြိုင်လိုပါက logo.barcam - pyangon.org တွင် စာရင်းပေး သွင်းနိုင်ကြောင်း ပွဲစီစဉ်သည့်အ ဖွဲ့က သတင်းထုတ်ပြန်သည်။

ရွေးချယ်ခံရသည့် လိုဂိုအ မှတ်တံဆိပ် ဖန်တီးရှင်ကို ဆုငွေ ကျပ်နှစ်သိန်း ချီးမြှင့်မည်ဖြစ် ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်အထိ ပေးပို့ ယှဉ်ပြိုင်နိုင်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

Top News