ဆိုင်ကယ်ကို ရှောင်ရာမှ ဘုရားဖူးယာဉ် တိမ်းမှောက်၊ ကိုးဦးဒဏ်ရာရ တစ်ဦးသေဆုံး

ဘုရားဖူးယာဉ်မှောက်နေသည့် နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်စဉ် (ဓာတ်ပုံ − ပုလဲအရန် မီးသတ်တပ်ဖွဲ့)

ဘုရားဖူးယာဉ်တစ်စီး  ဆိုင်ကယ်ကို ရှောင်ရာမှ တိမ်း မှောက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူ ၁၁ ဦး ဒဏ်ရာရရှိ မှု နိုဝင်ဘာ ၂၂ ရက် နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ 


တောင်ကြီးမှ ပြန်လာသော စိန်ဝင်းနှင့် ရောင်းရင်းများ ဘုရား ဖူး ခရီးသည်တင်ယာဉ်သည် ရန်ကုန် - ပြည်လမ်းမအတိုင်း ထောက်ကြန့်မှ စော်ဘွားကြီး ကုန်းဘက်သို့ မောင်းနှင်လာစဉ်  တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီးအနီးအရောက်တွင် ဆိုင်ကယ်တစ်စီးကို ရှောင်ရာမှတိမ်းမှောက်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမှတ်(၂)ယာဉ် ထိန်း တပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်း ရဲအရာရှိက ဆိုသည်။ 

ဆိုင်ကယ်ကို ရှောင်တိမ်းရာ မှ လမ်းလယ်တွင် ချထားသည့် ကွန်ကရစ်ဘလောက်တုံးများကို တိုက်မိကာ လမ်း၏ညာဘက်အ ခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

အဆိုပါယာဉ်ပေါ်တွင် ခရီးသည် ၃၁ ဦး လိုက်ပါလာပြီး အသက်(၇)နှစ်အရွယ် ကလေးတစ် ဦးအပါအဝင် အမျိုးသားသုံးဦး၊ အမျိုးသမီးကိုးဦး ဒဏ်ရာရရှိသ ဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသ ခဲ့ရပြီး အမျိုးသမီးကိုးဦးအနက် တစ်ဦးသည် ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲ အရာရှိကပြောသည်။ 

ယာဉ်မောင်း ထွက်ပြေးတိမ်း ရှောင်နေပြီး ၎င်းကို မင်္ဂလာဒုံမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉/၂၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအရာရှိ က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၇ ဇန်နဝါရီမှ သြဂုတ် လကုန်အထိ ရှစ်လအတွင်း ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိပြီး ၂,၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲ အရာရှိတစ်ဦးကဆိုသည်။ 

Top News