ဖုန်းဘီလ်ပိုဖြတ်ခံရသူများ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင်

သွားလာရင်း မိုဘိုင်းဖုန်းသုံးစွဲနေသူများ(ဓာတ်ပုံ − နစ်ကီ)

 ဖုန်းဘီလ်ပိုမိုဖြတ် တောက်ခံရသူများ တိုင်ကြားလာ ပါက ကြားခံဖြေရှင်းပေးမည်ဟု နိုဝင်ဘာ ၂၃ ရက်တွင် ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

တယ်လီဖုန်းဘီလ် ပိုမိုဖြတ် တောက်ခံရသူများ၏ နစ်နာမှုကို အော်ပရေတာများနှင့် ဆက် သွယ်၍ ပြေလည်အောင် ဖြေရှင်း ပေးမည်ဟု အော်ပရေတာများ လုပ်ငန်းစတင်လည်ပတ်သည့် ၂၀၁၄ က စတင်ကြေညာခဲ့သော် လည်း ယနေ့အချိန်အထိ လာ ရောက်တိုင်ကြားသူ မရှိသေး ကြောင်း ဆက်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေက ပြောသည်။


ဖုန်းအသုံးပြုသူအနေဖြင့် ဘီလ်ပိုမို ဖြတ်တောက်ခံရပါက သက်ဆိုင်ရာ အော်ပရေတာနှင့် ဦးစွာပြေလည်အောင် ဖြေရှင်း သင့်ကြောင်း၊ အော်ပရေတာ၏ ဖြေရှင်းချက်ကို ကျေနပ်မှုမရှိပါက complaing@ptd.gov.mm သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနက ထုတ်ပြန်သည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြား လိုပါက ဖုန်းဆယ်သွယ်ခေါ်ဆို သည့် မှတ်တမ်းများ၊ တယ်လီဖုန်း ဝန်ဆောင်မှု အသုံးပြုသည့် မှတ် တမ်းများနှင့် အော်ပရေတာများက ပြန်လည်ဖြေရှင်းသည့် မှတ်တမ်း များ ပူးတွဲပေးပို့ရန်လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။

ဆက်သွယ်ရေးအော်ပရေ တာများ၏ လိုင်စင်ပါ စည်းကမ်း ချက်တွင် အသုံးပြုသူများ ကျေ နပ်မှုမရှိသည့် ဘီလ်ပြဿနာကို ပြေလည်အောင် ပြန်လည်ဖြေ ရှင်းပေးရမည်ဟူသော အချက်ပါ ရှိသည်ဟု ဦးမျိုးဆွေက ပြော သည်။ ဆက်သွယ်ရေးအော်ပရေ တာများအနက် ဘီလ်ပိုမိုဖြတ် တောက်နေသည်ဟု ဝေဖန်မှု အများဆုံး ထွက်ပေါ်ခဲ့သည့် တယ်လီနောသည် အသုံးပြုသူ များနှင့်တွေ့ဆုံ၍ ပြေလည် အောင် ဖြေရှင်းပေးနိုင်ခဲ့သည်ဟု သြဂုတ်အတွင်း ကြေညာသည်။

မကျေနပ်ချက်များဖြင့်အော် ပရေတာသို့ ဆက်သွယ်လာမှုများ တွင် ဘီလ်ပြဿနာကို ဖြေရှင်း ခိုင်းသည့် အရေအတွက် ၅ ရာခိုင် နှုန်းအထိ ရှိသော်လည်း ဘီလ် ကုန်ဆုံးရသည့် အကြောင်းအရင်း  ကို အသုံးပြုသူ စိတ်ကျေနပ်သည် အထိ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ ငွေကြေးပြန်လည်ပေး လျော်ရ သည်အထိ ပြဿနာမရှိခဲ့ကြောင်း တယ်လီနော၏ ဈေးကွက်ဖော် ဆောင်ရေးအရာရှိချုပ် Mr.Joslin က ပြောသည်။

မြန်မာဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာတစ်ခုသည် ဘီလ် ပိုမို ဖြတ်တောက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက အသုံးပြုသူထံ ပြန်လည်ပေးအပ်နိုင်ရန် စိစစ် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။

မိုဘိုင်းဖုန်း အသုံးပြုသူ အများဆုံးပိုင်ဆိုင်ထားသည့် မြန် မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ ဖုန်းဘီလ် ပိုမိုဖြတ်တောက်ထား ခြင်းနှင့်ပတ်သက်၍ 7Day Daily သတင်းစာက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေ ကြားခြင်း မရှိပေ။

ဖုန်းဘီလ်ပိုမို ဖြတ်တောက် သည်ဟူသော သတင်းနှင့်ပတ် သက်၍ တယ်လီနော၏ ထုတ် ပြန်ချက်တွင် အချို့သော မိုဘိုင်း ဖုန်းအသုံးပြုသူများသည် အင် တာနက်ဒေတာကို အသုံးပြုခြင်း မရှိသော်လည်း မိုဘိုင်းဖုန်းအတွင်းကို Hotspot ကွန်ရက် ကြောင့် ထည့်သွင်းအသုံးပြုသည့် ဘီလ်များ ကုန်သွားသည်ကို စစ် ဆေးတွေ့ရှိကြောင်း ဖော်ပြထား သည်။

Top News