အားလပ်ရက်မှာ ဖတ်စရာ

မန္တလေးဝန်းကျင် လည်ပတ်မယ်ဆိုရင်....
ဓာတ်ပုံ− ကျော်ဇင်သန်း

မြန်မာပြည်မှာ ယခုနောက် ပိုင်းခရီးသွားခြင်းဟာ အတော် လေးရေပန်းစားလာပါတယ်။ မိ သားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းမိတ် ဆွေတွေနဲ့ဖြစ်စေ နှစ်ရက်၊ သုံး ရက်ခရီးတိုတွေကနေ တစ်ပတ်၊ ဆယ်ရက်အထိ ကြာတတ်တဲ့ခရီး စဉ်တွေအထိ သွားရောက်လာပါ တယ်။

ဒီလို သွားလာကြရာမှာ ပြည်တွင်းခရီးတွေသာမက ပြည် ပခရီးတွေအထိ ခြေဆန့်လာပါ တယ်။ အလုပ်ရဲ့ဖိစီးမှုဒဏ်၊ တာ ၀န်ရဲ့ ကြီးမြင့်မှုဒဏ်တွေက ခဏ တာရှောင်ကွင်းနိုင်ဖို့ပဲဖြစ်ဖြစ်၊ အ ပန်းဖြေရင်း ဒေသန္တရဗဟုသုတ ရဖို့ပဲဖြစ်ဖြစ် အချိန်ရရင်ရသလို ခရီးထွက်တာ ဓလေ့တစ်ခုဖြစ် နေပါပြီ။ ဒါကြောင့် ဒီတစ်ပတ် အားလပ်ရက်မှာဖတ်စရာအဖြစ် အပန်းဖြေခရီးသွားရင်း ဗဟုသုတ ပါရနိုင်မယ့် စာအုပ်တစ်အုပ်ကို ရွေးချယ်ထားပါတယ်။ ဒါက တော့ စာရေးသူရန်နောင်စိုး(ထား ၀ယ်)ရေးသားပြုစုတဲ့ မန္တလေး ၀န်းကျင်က သမိုင်းဝင်နေရာများ ပဲဖြစ်ပါတယ်။

မန္တလေးမှာ ထင်ရှားလူသိ များတဲ့ မဟာမုနိဘုရားကြီးလို၊ မန္တလေးတောင်တော်လို၊ မြနန်း စံကျော်ရွှေနန်းတော်ကြီးလို၊ ရွှေ ကျောင်းတော်ကြီးလို အထင်ကရ နေရာတွေ မပါဝင်ဘဲ ရာဇ၀င် သမိုင်းအစဉ်အလာကြီးပေမယ့် တိမ်မြုပ်နေတဲ့ နေရာတွေသာ ဖော်ထုတ်ရေးထားတဲ့ ယခုစာ အုပ်ဟာ မန္တလေးဝန်းကျင်သွား မယ်ဆိုရင် ဖတ်ထားသင့်တဲ့စာ အုပ်ပါ။ စာအုပ်မှာ မန္တလေး တောင်ခြေက ဂေါတမဘုရားရှင် ရဲ့ အရိုးဓာတ်တော်၊ တမုတ်ရွှေ ဂူ၊ အမေ့လျော့ခံ ပင်းယက ဂူကြီး များ၊ လေးထပ်ကျောင်းတော်ကြီး၊ မင်းတုန်းမင်းရဲ့ ကုသိုလ်တော် အပိုင်းအစများ၊ စုဘုရားလတ် ကောင်းမှုတော် မဟာစိတြာရာမ တိုက်ထဲမှ ရှေးဟောင်းသစ်သား သိမ်တော်၊ ဆရာယုဒဿန်အ ထိမ်းအမှတ် ကျောက်တုံးကြီး၊ ပြည်တော်ပြန် ဆင်စွယ်တော် ကြီး၊ လင်းဇင်းကုန်း မွတ်ဆလင် သုသာန်ဟောင်းထဲမှ ဂူဗိမာန် များ၊ တူပြိုင် ဂူလိုဏ်(သို့)နှစ် လောင်းပြိုင်မသာတော်၊ စကြာ ၀င်တံတား၊ မဟာဇေယျပထတံ တား၊ မခုခံလိုက်ရတဲ့ ခံတပ် (အ စေခံ ခံတပ်)၊ ဆင်ကျုံးခံတပ်နဲ့ နောက်ဆက်တွဲအဖြစ် ထားဝယ် မြို့မှာ တွေ့ရှိခဲ့တဲ့ ဘုရင့်နောင် မင်းတရားကြီးရဲ့ တော်ဝင်ရထား၊ လယ်ဇင်ရွာမှ ရှေးဟောင်းအိမ် ကြီး အစရှိတဲ့ ဆောင်းပါး ၂၉ ပုဒ် ပါဝင်ပါတယ်။ အဲဒီမှာ မန္တလေး တောင်ခြေက ဘုရားရှင်ရဲ့ အရိုး ဓာတ်တော်၊ တမုတ်ရွှေဂူ၊ အမေ့ လျော့ခံ ပင်းယကဂူကြီးများအစရှိတဲ့ ရှေးဟောင်းဘုရားများဆိုင်ရာ ဆောင်းပါးလေးပုဒ်၊ ကြေးမြင် ကျောင်း၊ ပြည်ကျောင်း၊ လေး ထပ်ကျောင်းအစရှိတဲ့ သာသနိက အဆောက်အအုံများဆိုင်ရာ ဆောင်းပါးကိုးပုဒ်နဲ့ တံတားများ၊ ခံတပ်များနဲ့ ဒေသန္တရဆိုင်ရာ ဆောင်းပါး ၁၄ ပုဒ်ပါဝင်နေတာ တွေ့ရပါတယ်။

စာရေးသူဟာ ဒီဆောင်းပါး တွေ ရေးရာမှာ ခရီးသွားဆောင်း ပါးသက်သက်မဟုတ်ဘဲ ပညာ ရပ်အရ သမိုင်းသုတေသနပြုလုပ် ထားချက်တွေကို အသေအချာ လေ့လာပြီးမှ မှတ်တမ်းတင်ဓာတ် ပုံတွေနဲ့ ဝေေ၀ဆာဆာဖန်တီး ထားတာကြောင့် စာဖတ်သူကို လှုပ်နှိုးစေပါတယ်။ ခရီးသွားမယ့် သူတွေ အပျင်းလည်းပြေ၊ ဗဟု သုတလည်းရစေပြီး မန္တလေးဝန်း ကျင်ရောက်ခဲ့ရင် စာအုပ်နဲ့တိုက် ဆိုင်ညှိနှိုင်းကာ အတွေးသစ်တွေ ဆင့်ပွားရနိုင်ပါသေးတယ်။ ဒါ ကြောင့် ယခုစာအုပ်ကိုညွှန်းဆိုရ တာဖြစ်ပြီး တန်ဖိုး ၂,၅၀၀ ကျပ်နဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ၀ယ်ယူ နိုင်ပါတယ်။ စာအုပ်ကိုတော့ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေ ထားတာပါ။