အခမဲ့ဖျော်ဖြေပွဲတွေရှိတဲ့နေရာ

- အားလပ်ရက် အပန်းဖြေဥယျာဉ်တွေမှာ အပန်းဖြေလိုသူတွေအတွက် အခမဲ့ဖျော်ဖြေရေး  အစီအစဉ်ရှိတဲ့နေရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ပြည်သူ့ဥယျာဉ်မှာ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီး ညနေတိုင်းရေပန်းရုပ်ရှင်ပြသပေးမှာဖြစ်ပြီး စနေနေ့ မြန်မာ့ရိုးရာအကတင်ဆက်မှုတွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။  ဓမ္မစေတီလမ်းဝင်ပေါက်အနီး ဧရိယာမှာလည်း စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး ပေါက္ကံညဈေးရှိမှာပါ။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာတော့ စနေတနင်္ဂနွေမှာ မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံထဲမှာတော့ စနေနေ့ညနေမှာ ဖဲကြိုးဖြူအထိမ်းအမှတ်ပွဲကို အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှု၊ သရုပ်ဖော်တင်ဆက်မှုတွေအပါအ၀င် ဖျော်ဖြေရေးအစီအစဉ်တွေ ရှိမှာပါ။

− ဈေးဝယ်စင်တာတွေကို သွားချင်သူတွေအတွက်တော့ ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

City Mall St. John မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး Mazda CX-9 Preview Launch ပွဲကို ပြုလုပ်မှာ ဖြစ်ပါ တယ်။ Junction Square ရဲ့ ပရိုမိုး ရှင်းဧရိယာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး HappyCall Product ရဲ့ အထူးဈေးရောင်းပွဲရှိမှာပါ။

Junction City ရဲ့ ပရိုမိုးရှင်း ဧရိယာမှာတာ့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ  A Tale of Traditions ပြပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Junction Mawtin မှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ Junction (၁၈) နှစ်ပြည့်အဖြစ် မသန်စွမ်းကလေးငယ်များနှင့် အမြင်အာရုံအကြားအာရုံချို့တဲ့ သူများ၏ လက်မှုပစ္စည်းအရောင်း ပြပွဲနှင့် အနုပညာစွမ်းရည်ဖျော်ဖြေပွဲပြုလုပ်မှာ ဖြစ်ပါတယ်။

Gallery 65 မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ်ရက်စလုံး True Image Volume 15 Art Exhibition ကို ပြုလုပ်မှာ ဖြစ်ပါ တယ်။ သုဝဏ္ဏဘူမိပန်းခြံနားက သုဝဏ္ဏဘူမိ Event Park မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အကြီးဆုံး CarsDB Auto Show 2017 ကိုပြုလုပ်မှာ ဖြစ်ပါတယ်။

လှည်းတန်းစင်တာမှာတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ pH Care က Brand Ambassador တွေနဲ့ တွေ့ဆုံပွဲကိုပြုလုပ်မှာဖြစ် ပြီး Ambassador တွေဖြစ်တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းနဲ့ အလှအပ ဘလော့ဂါဖြိုး (Phyo-daybyday)တို့နဲ့အတူ တွေ့ဆုံခွင့်ရရှိမှာ ဖြစ်ပါတယ်။

Top News