အစိုးရဖြုတ်ချပေးရေး မန္တလေးသပိတ်စခန်းမှ သံဃာတော်များကို စွဲချက်တင်ရန်သင့်၊ မသင့် အမိန့်ချမည်

မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်တရားရုံးတွင် စစ် ဆေးနေသည့် အစိုးရဖြုတ်ချပေး ရေးမန္တလေးသပိတ်စခန်း၌ ပါ ၀င်ခဲ့သော သံဃာတော်များအမှု နှင့်ပတ်သက်၍ နိုဝင်ဘာ ၂၉ရက် တွင် စွဲချက်တင်ရန်သင့်၊ မသင့်အမိန့်ချမည်ဖြစ်ကြောင်း တရား ရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။

အဆိုပါအမှုအတွက် စွဲချက် တင်ရန်သင့်၊ မသင့် နိုဝင်ဘာ ၂၂ ရက်တွင်  နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့သည်။

‘‘တရားလိုပြသက်သေကို စစ်ဆေးပြီးပြီ။ စွပ်စွဲထားတဲ့ ပြစ်မှု ပုဒ်မနဲ့ပတ်သက်ပြီး စွဲချက်တင် ရန် သင့်၊ မသင့်ကို ကြားနာတယ်။ နောက်ရုံးချိန်းမှာ စွဲချက်တင်မယ် ဆိုရင်လည်း သင့်တော်တဲ့ပုဒ်မနဲ့ စွဲချက်တင်မယ်။ မသင့်ရင်လည်း မတင်ဘူး’’ ဟု ဦးကျော်စွာလင်း က ပြောသည်။

အစိုးရဖြုတ်ချပေးရေး မန္တ လေးမြို့တွင် သပိတ်စခန်းဖွင့်ဆန္ဒ ပြသည့် သံဃာတော်များကို မန္တလေးခရိုင်သာသနာရေးဦးစီး မှူးက တရားလိုပြုလုပ်ကာ နိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထား သည်။ အဆိုပါအမှုကို ချမ်းမြ သာစည်မြို့နယ် တရားရုံး၌ ရာဇ သတ်ကြီးအမှု အမှတ် ၉၄၂/ ၂၀၁၇ ဖြင့် စစ်ဆေးနေသည်။

‘‘အဓိကကတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ ဆိုမယ်ဆိုရင် တရားလိုက အစိုးရ ဖြစ်ရမယ်။ တိုင်းဒေသကြီးအစိုးရ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရ။ ဒါတောင်သူတို့က မဟုတ်ခဲ့ဘူးဆို ရင်တောင် ပြည်ထောင်စုကပဲဖြစ် ဖြစ်၊ တိုင်းဒေသကြီးကပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ကဖြစ်ဖြစ်အစည်းအ ဝေးဆုံးဖြတ်ချက်လမ်းညွှန်မှုနဲ့ ကိုယ်စားလှယ်လွှဲစာ အမိန့်စာနဲ့ စွဲဆိုရမယ်။ အဲဒီလိုမျိုးလုပ်ခဲ့တာ မဟုတ်တဲ့အတွက် ဥပဒေပြဿနာ အရ ပျက်ပြယ်နေတဲ့အကြောင်း တွေ အဓိကထားပြီးလျှောက်ထား ခဲ့တယ်’’ ဟု အမှုဖွင့်တရားစွဲဆိုခံရ သည့် သံဃာတော်များဘက်မှ လိုက်လံဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက ပြော သည်။

ပြီးခဲ့သည့် ဩဂုတ်က ချမ်းမြသာစည်မြို့နယ် သာသနာ ၂၅၀၀ ဗိမာန်တော်ရှေ့တွင် အစိုးရဖြုတ်ချပေးရေး တောင်းဆိုနေသော သပိတ်စခန်းကို ရဲတပ်ဖွဲ့က ရှင်းလင်း ဖယ်ရှားခဲ့ပြီး သံဃာတော် ခြောက်ပါးနှင့် ဦးကျော်မျိုးရွှေတို့ ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ခရိုင်သာသနာရေးဦးစီးမှူးနှင့် မြို့ နယ်ရဲတပ်ဖွဲ့မှူးတို့က တရားလို ပြုလုပ်ကာ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါအမှု အတွက် သံဃာနှစ်ပါးနှင့် လူ လေးဦးကိုရဲတပ်ဖွဲ့က ၀ရမ်းထုတ် ထားသည်။