ဘဲသားအချိုပေါင်း

ဒီတစ်ပတ် ဘဲသားအချို ဟင်းလေးနဲ့ ထမင်းစားမြိန်စေဖို့ ဖော်ပြပေး လိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးဆုံး ဘဲကိုရေစင်အောင်ဆေး၍ ကြက်သားမှုန့်၊ပဲငံပြာရည် အပျစ်၊ ဆားအနည်းငယ်တို့ဖြင့် နယ်ပြီး သုံးနာရီခန့် နှပ်ထားပါ။

၂။ ချင်းကို အခွံခွာ၍ အချောင်းလေးများ လှီးကာ ကြက်သွန်မြိတ်ကို အပိုင်းလေးများ ဖြတ်ထားပါ။

၃။ ထို့နောက် ဘဲသားကို ထမင်းပေါင်းအိုး (Rice Cooker) ထဲသို့ထည့် ၍ ရေနွေးကိုဘဲသား မြုပ်သည်အထိလောင်းထည့်ပါ။

၎။ အပေါ်မှ နာနတ်ပွင့်နှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး မီးဖွင့်ကာ ဘဲသား နူးသည်အထိ တည်ထားပါ။

၅။ အသားနူးလျှင် ဆယ်၍ အအေးခံပြီး အတုံးလေးများတုံးကာ ပန်းကန်ထဲသို့ စီထည့်ပါ။

၆။ထိုင်ဝမ်မုန်ညင်းကို အလယ်မှထက်ခြမ်းလှီးကာ ရေနွေးဖြော၍ ဘဲပေါင်းပန်းကန်ထဲသို့ ထည့်ပါ။

၇။ ဘဲပေါင်းအရည်များကို အိုးတစ်လုံးထဲသို့ ပြောင်းထည့်၍ အရည်ပျစ် လာသည်အထိ မီးပြင်းပြင်းဖြင့် တည်ပေးပါ။

၈။ ထို့နောက် အရည်ပျစ်လာလျှင် ဘဲသားများပေါ်သို့ လောင်း၍ သုံးဆောင်နိုင်ပါပြီ။      

ပါဝင်ပစ္စည်းများ

ဘဲသား၈၀ ကျပ်သား

နာနတ်ပွင့်၃ ခု

ချင်းလက်တစ်ဆစ်

ပဲငံပြာရည်အပျစ်စားပွဲတင်ဇွန်း ၃ ဇွန်း

ကြက်သွန်မြိတ်တစ်စည်း
    Ei's Cooking Diary မှ ပံ့ပိုးကူညီသည်။