ဘင်္ဂါလီများ ပူးပေါင်းပါဝင်မှုအားနည်း၍ ရခိုင်ပြည်နယ်တွင် လူဦးရေစာရင်းကောက်ယူရန် လူတစ်သန်းကျော် ကျန်ရှိ

မီဒီယာများအား အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဖြေကြားနေစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

ဘင်္ဂါလီများ၏ ပူးပေါင်းပါဝင်မှုအားနည်း၍ ရခိုင် ပြည်နယ်အတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း အတိအကျ ကောက်ယူရန် လူဦးရေတစ်သန်း ကျော် ကျန်နေသေးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောသည်။


‘‘ဒီဘင်္ဂါလီအသိုင်းအ၀ိုင်း တွေကတော့ ဘယ်လိုနည်းနဲ့ ညှိ ညှိသူတို့ရဲ့ လက်ရှိအတွေးအခေါ် မဟုတ်ဘဲနဲ့ သူတို့နဲ့အဝေးဆုံးနေ ရာက ရောက်ရှိလာတဲ့ အမိန့်တွေ၊ညွှန်ကြားချက်တွေ၊ သူတို့ရဲ့ထောက်ပံ့ကြေးတွေ အဖြတ်ခံရမှာစိုးတဲ့အတွက် အကောက်မခံခဲ့ ကြပါဘူး’’ဟု ဦးမြင့်ကြိုင်က ဆို သည်။

နိုဝင်ဘာ ၂၃ ရက်က နေ ပြည်တော်ရှိ မက်စ်ဟိုတယ်တွင် ပြုလုပ်သော သန်းခေါင်စာရင်း ရလဒ်မြေပုံအစီရင်ခံစာ (Census Atlas Report) မိတ်ဆက်ခြင်းအ ခမ်းအနားအပြီး၌ အမြဲတမ်းအ တွင်းဝန်က မီဒီယာများ၏မေးမြန်း မှုကို ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၄ က လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကို မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကောက်ယူခဲ့သော် လည်း စာရင်းအတိအကျကောက် ယူရန် ရခိုင်ပြည်နယ်တွင် ဦးရေ တစ်သန်း ကိုးသောင်းခန့် ကျန်ရှိနေသေးကြောင်း ဦးမြင့်ကြိုင် က မီဒီယာများအား ထည့်သွင်း ဖြေကြားသည်။

‘‘ခုရခိုင်ပြည်နယ်မှာ ဖြစ်နေ တဲ့ ပြဿနာက ဒီစစ်ဆေးခံရမယ့် ကတ်ပြားကို မကိုင်ချင်တာဖြစ်ပါ တယ်။ အဲဒီလို မကိုင်ချင်တဲ့အ တွက် ဒီတစ်သန်းကျော်ကြီးက ဘာကတ်မှမကိုင်ဘဲနဲ့ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်နေရပါတယ်’’ ဟု ၎င်းကဆိုသည်။

နိုင်ငံအတွင်းရှိ နယ်စပ်မြို့ များအားလုံးတွင် နိုင်ငံသားစိစစ် ခံရမည့်သူများ၏ သက်သေခံ လက်မှတ် (NVC) ကို ဆောင်ရွက် ပေးနေပြီး ထိုမှတစ်ဆင့် ယခင်က နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိ စိစစ်ကာ တိုင်းရင်းသားဖြစ်ကြောင်း မှန် ကန်ပါက နိုင်ငံသားအသိအမှတ် ပြုကတ်များကို ဆက်လက်ထုတ် ပေးနေကြောင်း ဦးမြင့်ကြိုင်က ဆိုသည်။ 

‘‘ကျန်တဲ့ပြည်နယ်တွေအား လုံးမှာ ပြဿနာမရှိဘူး။ NVC ကတ် ဆောင်ရွက်တာနဲ့ပတ်သက် ပြီး ARSA အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန်၊ အကြီးအ ကျယ်ခြိမ်းခြောက်တာတွေ၊ အ နှောင့်အယှက်တွေ ပေးနေပါ တယ်’’ဟု ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ ပြောသည်။

ထိုအပြင် ‘‘ကျွန်တော်တို့ ၀န် ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက် တဲ့ မွတ်စလင်အသိုင်းအ၀ိုင်းက ကျေးရွာလူကြီးတွေကို ခြိမ်းခြောက် တာတွေနဲ့ နောက်ဆုံးသတ်ဖြတ် တဲ့အထိ ခံရပါတယ်။ အခုဒီနေ့ အထိဆိုရင် ၁၈ ယောက်အသတ် ခံခဲ့ရပါတယ်။ သုံးယောက်က ပျောက်ဆုံးနေပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Top News