နယ်ခြားစောင့်တပ် ဗိုလ်ကြီးနှင့်ဇနီးအသတ်ခံရမှုနှင့်ပတ်သက်၍ လူငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

ကရင်ပြည်နယ် နယ် ခြားစောင့်တပ် (BGF)အမှတ်(၁) တပ်နယ်မြေမှ ဗိုလ်ကြီးတစ်ဦးနှင့် ဇနီးအသတ်ခံရမှုနှင့်ပတ်သက်၍ ပါဝင်သည်ဟုယူဆရသော လူ ငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ ကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲမှူးကြီးသိန်းကိုကိုက ပြောသည်။

နိုဝင်ဘာ ၁၈ ရက်က နယ် ခြားစောင့်တပ်တံဆိပ်များပါဝင် သော ကားတစ်စီးသည် မိတ္ထီလာ မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားစက်နှိုးမရသဖြင့် ကားဘော် ဒီရုံ၌ အပ်နှံထားခဲ့ရာ အပုပ်နံ့ထွက်လာ၍ ကားနောက်ဖုံးကို ရှာ ဖွေစစ်ဆေးရာမှ လူသေအ လောင်းနှစ်လောင်းကို တွေ့ရှိခဲ့ သည်။

သေဆုံးသူများသည် အ သက် (၃၈)နှစ်အရွယ်အမျိုးသား နှင့်(၃၀)အရွယ်အမျိုးသမီးတို့ဖြစ် သည်။ အမျိုးသားသည် ကရင် ပြည်နယ် နယ်ခြားစောင့်တပ် (BGF)အမှတ်(၁)တပ်နယ်မြေမှ ဗိုလ်ကြီးတစ်ဦးဖြစ်ကာ စီးပွားရေး တာဝန်ခံအဖြစ် လုပ်ကိုင်နေပြီး မန္တလေးမြို့မဟာအောင်မြေ(၁) ရပ်ကွက်တွင် နေထိုင်သူဖြစ် သည်။ အမျိုးသမီးသည် ၎င်း၏ ဇနီးဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ချောင်းကောက်ကျေးရွာတွင် နေ ထိုင်သူဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူသည် အုတ်တွင်းမြို့တွင်နေထိုင်သည့် အသက်(၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် လတ်တလော၌ ၎င်းကိုစစ်ဆေးနေဆဲဖြစ်သဖြင့် အခြားသောစုံစမ်းဖော်ထုတ်နိုင်မှုများကို ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

လူသေဆုံးမှုကြောင့် မိတ္ထီလာမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။