မွန်ဂိုလီးယားနှင့် ခြေစမ်းပွဲတွင် ကစားသမားစုဖွဲ့မှုကို ဦးစားပေးယှဉ်ပြိုင်မည်ဟု မြန်မာယူ-၂၃ နည်းပြဆို

အသင်းအနေအထားကို စမ်းသပ်ခွင့်ရမည်ဟု မြန်မာယူ-၂၁ နည်းပြပြော
မြန်မာူယူ-၂၁၊ မြန်မာယူ-၂၃ နှင့် မွန်ဂိုလီးယားအသင်းခြေစမ်းပွဲ ပွဲကြိုရှင်းလင်းပွဲတွင် အသင်းနည်းပြများကို တွေ့ရစဉ် (ဓာတ်ပုံ − MFF)

မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းပွဲတွင် အသင်း၏ရလဒ် ထက် ကစားသမားများ၏ စုဖွဲ့မှု ဖြင့် ဦးစားပေးယှဉ်ပြိုင်မည်ဟု  မြန်မာယူ-၂၃ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

ဒီဇင်ဘာအတွင်း နိုင်ငံတ ကာ ဖိတ်ခေါ်ပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန် မာယူ-၂၁ နှင့် မြန်မာယူ-၂၃ အ သင်းတို့သည် မွန်ဂိုလီးယားလက် ရွေးစင်အသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင် မည် ဖြစ်သည်။ နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာယူ-၂၁ နှင့် မွန်ဂိုလီး ယား၊ နိုဝင်ဘာ ၂၆ ရက်တွင် မြန် မာယူ-၂၃ နှင့် မွန်ဂိုလီးယားအ သင်း ခြေစမ်းမည် ဖြစ်သည်။

မွန်ဂိုလီးယားအသင်းသည် မြန်မာအသင်းထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်နိမ့်ကျသော်လည်း အာဆီယံအသင်းများနှင့် ကစား ပုံမတူခြင်းကြောင့် အတွေ့အကြုံ ကောင်းများရရှိမည်ဟု နိုဝင်ဘာ ၂၃ ရက်က သုဝဏ္ဏကွင်း မီဒီယာခန်းမ၌ ပြုလုပ်သည့် ပွဲကြိုရှင်းလင်းပွဲတွင် မြန်မာယူ-၂၃ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဒီပွဲ ကနေ သင်ယူစရာတွေ၊ လေ့လာ စရာတွေရနိုင်ပါတယ်။  ကျွန် တော်တို့ အမြဲတမ်းယှဉ်ပြိုင်နေရ တဲ့ အာဆီယံနိုင်ငံတွေနဲ့ မတူတဲ့ ကစားပုံမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တာ ကြောင့် မြန်မာအသင်းတွေအ တွက် အကျိုးရှိမယ့် ခြေစမ်းပွဲဖြစ် လာမှာပါ။ မွန်ဂိုလီးယားနဲ့ ခြေ စမ်းပွဲမှာ ကျွန်တော့်အနေနဲ့ ရလဒ်ပိုင်းကောင်းဖို့ထက် ကစားသမား တွေရဲ့ အစုအဖွဲ့ကိုပဲ အဓိကပြင် ဆင်သွားမယ်’’ဟု ဂတ်ဖရိုင်းဒရစ် က ပြောသည်။

မြန်မာယူ-၂၁ အသင်းနည်းပြချုပ် ဦးကြည်လွင်ကလည်း မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းပွဲအတွက် ရက်ပိုင်းသာ လေ့ကျင့်ခွင့်ရထားသည့် အသင်း၏ အနေအထားကို စမ်းသပ်ရမည့် ပွဲတစ်ပွဲဖြစ်လာမည်ဟု ပြောသည်။

‘‘လက်ရှိအသင်းကို စပြီးတာ ၀န်ယူတာ သုံးရက်လောက်ပဲရှိ သေးတော့ အသင်းရဲ့အနေအ ထားကို မသိနိုင်သေးဘူး။ ပြည်ပ ဖိတ်ခေါ်ပြိုင်ပွဲ မတိုင်မီ ခြေစမ်းခွင့် ရရှိခြင်းက အသင်းအတွက် အကျိုးရှိစေမှာ မှန်ပေမယ့် တစ်ပွဲ တည်းနဲ့တော့ အသင်းရဲ့ လုံလောက်တဲ့ ပြင်ဆင်မှုကို မရနိုင်ဘူး။ ပွဲနေ့မှာ ကျွန်တော့်အသင်းဘယ်လောက်လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်။ နောက်ထပ်ပြင်ဆင်မှုတွေလည်း ရှိလာနိုင်ပါတယ်’’ဟု ဦးကြည်လွင်က ပြောသည်။

အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် ဖိတ်ခေါ်ဖလားပြိုင်ပွဲ သို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မွန်ဂိုလီးယားအသင်း သည် အာဆီယံတွင် အဆင့်မ နိမ့်သည့် မြန်မာအသင်းများနှင့် ခြေစမ်းခွင့်ရရှိခြင်းက အကျိုးရှိစေ မည်ဖြစ်ကြောင်း မွန်ဂိုလီးယားအသင်းနည်းပြချုပ် မိုက်ကယ်ဝစ်က ပြောသည်။ အဆိုပါခြေစမ်းပွဲများ အတွက် အထူးတန်းလက်မှတ် သာရောင်းချမည်ဖြစ်ပြီး ကျပ် ၂,၀၀၀ သတ်မှတ်ထားကာ ရုပ်သံမှ  တိုက်ရိုက်ထုတ်လွှင့်ပြသမည်မဟုတ်ပေ။

Top News