ဖွင့်ထားသော စိတ် ‘သန့်’ခြင်းနှင့် ကြောင်းကျိုးရလဒ်

အကျပ်အတည်းသည်ပြဿနာ မဟုတ်။ ပြဿနာသည်လည်း ပြဿနာမဟုတ်။ အခက်အခဲနှင့် စိန်ခေါ်မှုတို့သည် ပြဿနာမဟုတ်။ စွန့်စားရမှုနှင့် အဖြေရှာကြရခြင်းတို့သည်လည်း ပြဿနာမဟုတ်ကြ။ တကယ့် ပြဿနာက အကျပ်အတည်းကို၊ အခက်အခဲနှင့် စိန်ခေါ်မှုကို စွန့်စားရမှုနှင့် အဖြေရှာကြရခြင်းကို လွှဲဖယ်နေလိုက်ခြင်းသာ ဖြစ်သည်။ ရင်မဆိုင်ခြင်းသာ ဖြစ်သည်။ ဤနေရာမှာ နှစ်ချက်ထွက်ပေါ်လာ၏။ (၁)မသိ၊ မတွေ့၊ နားမလည်ခြင်း၊ (၂)သိမြင်နားလည်သော်လည်း အားမထုတ်ခြင်း။

နံပါတ်(၁)က ရှင်းပြပေး၍ ရ၏။ လက်ခံယူလိုစိတ်၊ ဖွင့်ထား သော စိတ်ရှိလျှင် သင်ယူ၍ရ၏။ နံပါတ်(၂)ကတော့ အကျပ်အ တည်းကိုသာ ထပ်မံပွားစီးများ ပြားစေ၏။ တစ်ခါတစ်ရံ အချိန် အခါနှင့် အခြေအနေအကြောင်း တရားတို့ကြောင့် ကိစ္စရပ်တစ်ခု ချင်းပေါ်မူတည်၍ ခေတ္တခဏဖယ် ချန်လွှဲရှောင်ထားလိုက်ရတာမျိုး ရှိတတ်ငြားလုံးလုံး မသိချင်ဟန် ပြုထားပြီး မဖြေရှင်း၍တော့ မရ ပေ။


ဒါသည်လည်း ကိစ္စအသေး နှင့် အလတ်အရွယ်ပမာဏများ တွင်သာ လုပ်သင့်သောအရာ၊ ထားသင့်သော စိတ်ထားဖြစ်သည်။ အဓိကဦးစားပေးများ၊ ရည်ရွယ် ချက်ပန်းတိုင်၊ Big Issue များ တွင်တော့ ချိန်ခါမလပ် အကောင်းဆုံးအားထုတ်ကြိုးပမ်း လုံ့လပြု နေကြရမည် ဖြစ်၏။ ကံဆိုသည် က အလုပ်၊ဉာဏ်ပညာကို ရှေ့ တင်ရ၏။ ချိန်ခါမလပ် ၀ီရိယရှိရ မည်။ အားလုံးကို သတိကထိန်း ချုပ်ထားပါ၏။

‘ ဖွင့်ထားသောစိတ်၊ ယတိ ပြတ်ဆန္ဒ’တို့ဖြင့် သွားကြရသည့် ခရီးကြမ်းရှည်ရှည်များကြီး၌ ဉာဏ်ရှိပြီး နှလုံးသားမဖြူစင်ပါ ကလည်း ရွေ့တန်သလောက် ရွေ့မည်၊ ရောက်မည်မဟုတ်ပြန်။ လူတစ်ဦးချင်း၊ တစ်မိသားချင်း စီမှ စတင်သည့်အရာ၊ ဖြစ်နေကြသည့်ကိစ္စများ  အရပ်ရပ်တိုင်းမှာ တွေ့ကြုံရမြဲဖြစ်သလို ဆွေမျိုးသင်္ဂဟအ၀န်းအ၀ိုင်းအလယ် လူ့အဖွဲ့အစည်းတစ်ရပ်နှင့် The Whole အထိ ‘ရောက်’ နေမြဲ ဖြစ်သော လောဂျစ်တစ်ရပ်။

သည်နိုင်ငံမှာ ပြဿနာနှင့် အကျပ်အတည်းကြီးလတ်ငယ် များ အလွန်တရာပေါများလှပါ ၏။ ရင်းမြစ်ကို ရှာလိုက်လျှင် အသော်ရစ်တေးရီးယန်းစနစ်က အရာရာတိုင်းကို ကြီးစိုးလွှမ်းမိုး သွားထားနိုင်ခဲ့သည့်ကာလက လို အပ်သည်ထက် များသွား၊ ကြာ သွားခဲ့မှုကြောင့်ဟု မြင်ကြရ၏။ လူ့အသိုင်းအ၀ိုင်းမှသည်တစ်ဦး ချင်း(Individual)အထိ သိသိသာ သာရော၊ မသိမသာပါ စိမ့်ဝင် နေခဲ့ပြီ ဖြစ်သည်။ ဒီအားနည်း ချက် အခက်အကျပ်ကြီးကို (၁) မြင်ကြဖို့လိုသည် (၂)ရုန်းထွက် နိုင်ကြဖို့ ဆန္ဒရှိရမည် (၃)နည်း လမ်းရှာကြရမည် (၄)အားထုတ်ရ မည် (၅) ဘာကိုမဆို ကောင်းဆိုး ရောပြွမ်းရလဒ်များကြောင့် ရံဖန် ရံခါ အဖန်ဖန်ထပ်လုပ်ရတတ် ကြောင်း သတိရှိကြဖို့ လိုသည်။ (၆) ဖြူစင်ပြီးဖွင့်ထားသော စိတ် ထားကောင်း၊ စိတ်ဓာတ်မွန်များ စွာ လိုအပ်နေချိန်ဖြစ်၍ မိမိကိုယ် တိုင်က အစပြုပြောင်းလဲယူနိုင် ကြရမည်။

 မိမိကိုယ်တိုင်အတွက် အရင်ဆုံးအကျိုးကျေးဇူးအတော် ကြီးကြီးရပါသည်။ ကြောင်းကျိုး ဆက် နိယာမလောကီဓမ္မဖြင့်ပဲ သိသာ၏။ ဘယ်လောက်ခက်ခဲ ပင်ပန်းလေးလံဖိစီးနေချိန်မှာပဲ ဖြစ်ဖြစ် ‘စိတ်သန့်သည်’။ ထို့ အတွက် အဖြေရှာရ၊ လုပ်ကိုင်ရ တာ လွယ်ကူတန်သလောက်၊ ပေါ့ပါးတန်သလောက် လွယ်ကူ ပေါ့ပါးသွားပါ၏။ နိုင်ငံ့အရေးအ ထိ ပါဝင်၍ရသော Solution တစ်ရပ်ဖြစ်၏။ စီးပွားရှာကြရာ၌ လည်း ဝေ့လည်ကြောင်ပတ် စကားတွေ၊ ဟန်ဆောင်အပြုံးနှင့် မတော်လောဘတွေနေရာမှာ ကြည်လင်ချိုသာစကားဖြင့် မျှတ ပြေပြစ်စွာ  အပေးအယူလုပ် (ရောင်းဝယ်ကတိက၀တ်၊ ပမာ ဏဘယ်လောက်သေးသေးကြီး ကြီး) နိုင်လျှင် ပိုအဆင်ပြေမည်။ ပိုအလုပ်ဖြစ်မည်။ တစ်ခါတည်း နှင့် တော့မရ၊ မဖြစ်ကောင်း။ အ ဖန်ဖန်အထပ်ထပ် လေ့ကျင့်ပြုမူ အားထုတ်ရမြဲ ထုံးစံကျကျ သ ဘာဝနိယာမရှိနေသည်။ ကျော် လွန်ချင်၍ မရ။

 အလိုက်သင့်အလျားသင့် ...။ဤဝေါဟာရနှင့် လုပ်နည်း ကိုင်နည်းကို သည်နိုင်ငံမှာ တလွဲ အဓိပ္ပာယ်ဖြစ်စေခဲ့တာကြာ၊ ကြာ ခဲ့လှပြီ။ အလွဲသုံးလိုပင် ဖြစ်သွား ၏။ ဗိုလ်ချုပ်အောင်ဆန်း၊ သော မတ်ဂျက်ဖာဆန်၊ နေရူး၊ မဟတ္တ မဂန္ဒီ၊ ဘင်ဂျမင်ဖရန်ကလင်၊ မောင့်ဘက်တန်၊ ချာချီ၊ ဦးသန့် ... စသူတို့မှသည် ဘီလ်ဂိတ်၊ စတိဗ်ဂျော့၊ မာတင်လူသာကင်း၊ ဒိုင်ယာနာ၊ မန်ဒဲလားတို့အလယ်၊ ဂျွန်လော့ခ်၊ သောမတ်စ်ဟော့ဘ်၊ ဟားဘားမတ်စ်၊ ရူးဆိုး၊ ဂျွန် ရောလ်တို့ အဆုံးထိပုဂ္ဂိုလ်များ ကိုကြည့်ပါ။ ဖတ်ပါ၊ လေ့လာပါ လျှင် ထိုဝေါဟာရနှင့် အလုပ်မျိုး ကို တတ်နိုင်သရွေ့ ‘ရှောင်’ခဲ့ကြ သူတွေချည်း ဖြစ်သည်။ မိမိအ ကျိုးသည် အများအကျိုးအပေါ် သာ မူတည်ပေါ်ထွန်းသည်ဟု ခံ ယူထားသူဆိုပါက အများအကျိုး အတွက် မိမိကိုယ်တိုင်အလိုက် သင့် အလျားသင့် အံဝင်ခွင်ကျ ဖြစ်စေခြင်းမျိုးကိုသာ အသုံးချ၏။

သာမန်ပြည်သူလူထု ..။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘယ်ရှုထောင့်ကမဆို Ordinary People ကို အဓိကအခန်းကဏ္ဍ ဟု မမြင်နိုင်ကြပါက ရေရှည် တည်ငြိမ်အောင်မြင် မြဲမြံမှုကိုမရ နိုင်။ စေ့စေ့တွေးပါ။ ပိုပြီးမြင်သာ ထင်ရှားလာပါမည်။ နိုင်ငံရေးမှာ ကတော့ ရှင်းသည်။ ဒီမိုကရေ စီကို တိမ်းညွတ်ပါသည်ဆိုပါက မလုပ်မဖြစ် MUST ...။ အသော် ရစ်တေးရီးယန်းကတော့ သဘော တူမည်မဟုတ်။ စီးပွားရေးမှာ လည်း ဈေးပဲရောင်းရောင်း၊ ဂြိုဟ် တုပဲထုတ်ထုတ်၊ ငါးပဲဖမ်းဖမ်း၊ အိုင်တီဒီဇိုင်းပဲဆွဲဆွဲ ဈေးကွက် တိုင်းက သာမန်ပြည်သူလူထုအ ပေါ် တိုက်ရိုက်အချိုးကျနေ ကြောင်း တွေးလေပေါ်လွင်လေ ပင်။ လက်တွေ့ကျယုတ္တိတန်လှ သည်။ စေတနာမပါလျှင်၊ နည်း ပါးလျှင် ရေရှည်မခံပေ။ အမျိုး သားအကျိုးစီးပွားနှင့်  ကိုယ်သာ ရယူရေးစနစ်(National Interest နှင့် Protectionism) ရံဖန်ရံခါ ဆက်စပ်နေသော်လည်း အနှစ် သာရအရာမှာ ကွဲပြားလှပါသည်။ လူမှုဆိုင်ရာ အပိုင်းကဏ္ဍတွေမှာ လည်း ရာထူး၊ ငွေကြေးကြောင့် ဖြစ်စေ၊ ဆွေမျိုးအ၀န်းအ၀ိုင်း ကြောင့် ဖြစ်စေ ဥပဒေအရ တစ်  ချက်တည်းကြည့်၍ရ၏။ မြင်နိုင်  ၏။ နိုင်ငံသားတိုင်းတူညီတန်းမျှ ပြေပြစ်ညီမျှပြီး ဥပဒေအထက် ဘယ်သူမျှမရှိ။ ဒါကိုပင် လစ်ဘ ရယ်အယူအဆများစွာထဲမှ အ ခြေခံတန်ဖိုးဟု သတ်မှတ်ပြီးဖြစ် သည်။ မဟုတ်မမှန်တာလုပ် မထားလျှင် စိုးရိမ်ကြောက်ရွံ့ခြင်း မှ ကင်းလွတ်နေသည်ပင်။ လူမှု ပိုင်းမှာ ‘စံ’ပြုရ၏။ စိုးရိမ်ကြောက် ရွံ့မှုအောက်(ဘယ်လိုပဲဟန် ဆောင်ဖုံးကွယ်ထားထား) အမှန် တကယ်ရောက်ရှိနေကြသူတွေ၏ အများစုသည် မဟုတ်မမှန် လုပ် သူတို့သာ ဖြစ်ကြ၏။ အတိတ်ကံ အကျိုး အဆိုးစေ့ဆော်မှုကြောင့် ရုတ်တရက်ဘေးအန္တရာယ်ကျ ရောက်ခြင်းမျိုးကဲ့သို့ စိုးရိမ် ကြောက်ရွံ့မှုမျိုးများကတော့ သီး ခြားကိစ္စရပ်ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အကျပ် ...။ သည်နိုင်ငံကို အင်စတီကျူးရှင်းပိုင်း၊ စွမ်းဆောင် ရည်ပိုင်း၊ စီးပွားရေးနှင့် လူမှုဆိုင် ရာပိုင်းတွေမှာ အဓိကကျကျ ‘ချည်တုပ်’ထားသော အကြောင်း ရင်းဖြစ်သည်။ အကူးအပြောင်း နိုင်ငံတွေအများစုဝေ့လည်ချာ လည်ကာလရှည်ထဲ ရောက်နေပြီး အောင်မြင် ကူးပြောင်းသွားနိုင် သည့် အရေအတွက်က နည်းပါး သည်ဟူသော နှစ် ၃၀ စာလေ့ လာတွေ့ရှိချက်တွေ၏ ထင်ရှား သော သာဓကတွေထဲမှာ လူမှုစီး ပွား၊ တစ်နည်း စီးပွားရေးမတည် ငြိမ်လျှင် အကျပ်အတည်းတွေကို မကျော်လွှားနိုင်လျှင် အသော် ရစ်တေးရီးယန်းစနစ်(လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့တစ်ဖွဲ့ကို ဥပမာထားပြ၍ မရ၊Authoritarian ဆိုသည်က မိမိ စိတ်ထဲမှာ ဘောင်ဝင်နေတတ် တာမျိုး ဖြစ်၏။) နောက်ဆုတ် သွားခြင်းမရှိဆိုသည်က ထင်ရှား လှသည်။ ယနေ့မြန်မာကို အကူး အပြောင်းဗေဒ(Transitology) နိုင်ငံရေးရှုထောင့်မှ ကြည့်မြင်သုံး သပ်ရပါက ‘စီးပွားရေး’ တည်ငြိမ် တိုးတက်ဖို့ အဓိကကျချိန်ဟု ပြောနိုင်သည်။ ငြိမ်းချမ်းရေး Process မှာ နိမ့်မြင့်တက်ကျဖြစ် နေချက်တွေက သည်နိုင်ငံအ တွက် သိပ်မဆန်းလှ။ လွတ်လပ် ရေးရသည်မှ ၁၉၈၉ အထိ ပြည် တွင်းစစ်၊ ၁၉၉၀ မှ ယနေ့အထိ တပ်မတော်နှင့် EAO တို့ကြားမှ တိုင်းရင်းသား လက်နက်ကိုင် ပဋိ ပက္ခ၊ ပေါင်းနှစ် ၇၀ ဆိုတော့ကာ လွယ်လွယ်နှင့်တော့ ပြီးမြောက် မည်မဟုတ်။ ၁၉၉၀ နောက်ပိုင်း အတ္တအကျိုးစီးပွားအခြေပြုလုပ် ကိုင်လာခဲ့ကြသည်မှာလည်း ယနေ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ မှာ ‘စိတ်မသန့်’ ခြင်းတွေ မြင်လာ နေကြရ၏။ အတိတ်ထဲက သင် ခန်းစာယူ၍ ရှေ့အနာဂတ်အ တွက် ယတိပြတ်ဆန္ဒဖြင့် ဘုံပန်းတိုင်ကျကျ မျှော်မှန်းဆောင်ရွက် ကြလျှင် ပစ္စုပ္ပန် ‘စိတ်သန့်မှု’ ကိုပြန်လည် ရရှိနိုင်ကြပါ၏။ အတိတ်တွေကို ဖယ်ရှားထားလိုက်၍ ရပါပြီ။

ဖွဲ့စည်းပုံအကျပ်အတွက် ဤငြိမ်းချမ်းရေး Process က ကြီး စွာသောနည်းကောင်း လမ်းမှန် တွေ ဖွင့်ထုတ်ပေးလာနိုင်ကြောင်း မျှော်လင့်ရုံမက ခန့်မှန်း၍ပင် ရ နေပါသည်။ ‘ဘက်’အသီးသီးမှာ အားနည်းချက်၊ အားသာချက်တွေ ကိုယ်စီကိုယ်င အနည်းနှင့်အများ ရှိကြပါ၏။ ဆောင်ရွက်ချက်၊ စေ တနာ၊ ငြိမ်းချမ်းရေးဗျူဟာ၊ ပညာ၊ဉာဏ်၊ အားထုတ်လုံ့လပြုမှုတွေ က နှစ် ၇၀ အတွင်းမှာ အပြိုးပြက် အလင်းလက်ဆုံး ကာလတစ်ရပ် ဆီ ရောက်လာနေကြောင်း သုံး သပ်သူများပါ၏။ လုံခြုံရေးအမြင် တစ်ရပ်တည်းဖြင့်တော့ ချဉ်းကပ် နေ၍ မရပါ။ စိတ်ချယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ကတိ က၀တ်ခိုင်မာမှုတွေအပေါ် များ စွာမူတည်သည်ဖြစ်၍ ယတိပြတ် ဆန္ဒဖြင့် စိတ်သန့်သန့် သွားနိုင် ကြပြီ ဖြစ်၏။ ကိုယ်စီကိုယ်စီ အားလုံး၏အနာဂတ်၊ မိမိတို့အားလုံး ၏ မျိုးဆက်အသီးသီးအတွက် အနာဂတ်...။ ရပ်ခံပန်ကြားအပ် ပါ၏။ အသေးစိတ်ရေးဖြစ်ခဲ့၊ ရေး ဆဲ၊ ရေးဦးမည့် ငြိမ်းချမ်းရေးဆိုင် ရာ ‘စာ’များ၌လည်း ဒါကိုပဲအမြဲ ဦးတိုက်ခဲ့၊ ဦးတိုက်ဆဲဖြစ်သလို  ဦးတိုက်နေဖြစ်ပါမည်။ လူ၊ ပုဂ္ဂိုလ်၊အဖွဲ့ ... ဟု တတ်အားသရွေ့ ရှောင်ပါသည်။ အဖြစ်အပျက် အခြေခံ၍ ရေးရသည်များတွင် တော့ ပိုင်းခြားဆန်းစစ်သုံးသပ် အပြုသဘောအမြင်ဖြင့်သာ သွားပါသည်။ ဤကားစကားချပ်။

နိုင်ငံ့စီးပွား၊ လူမှုစီးပွား ...။ အဓိကဦးတည်လက်တွေ့ကျကျ ဦးစားပေးလုပ်ကြကိုင်ကြရမည့် ကာလတွင် မြုံနေခဲ့သော အနာ ဟောင်း၊ ဖန်တီးယူထားခဲ့သလို ဖြစ်နေစေခဲ့သော၊ ခေတ်အဆက် ဆက် ထင်ရာလုပ်၍ ပစ်ပယ်ထား မှုများက ပြဿနာ အသစ်တစ်ဖန် ပုံစံထွက်ပေါ်လာ၏။ ရခိုင်ပြည် နယ်ပဋိပက္ခ။ နိုင်ငံတကာဖိအား။ လတ်လောမှာတော့ နိုင်ငံတကာ ဖိအားကိုလိုသည်ထက် ပိုမများ၊ ပိုမဆိုးလာအောင်‘ထိန်း’ထားနိုင် လိုက်ပြီဟု မြင်သည်။ လွှမ်းခြုံ ကြည့်လျှင် ဤကိစ္စသည် အသော် ရစ်တေးရီးယန်းဆိုးမွေများထဲမှ တစ်ခုပဲ ဖြစ်၏။ အတော်ဆိုး၏။ ယုံကြည်ကိုးကွယ်မှုကို အလွဲသုံး ခံခဲ့ကြရရာမှာ မတူကွဲပြား၍ အတူ တူနေခဲ့ကြရသော သူများကိုစိတ် နေစိတ်ထား၊ ပြုမူပုံတွေပါ သက် ရောက်သွားစေခဲ့၍ဟု မြင်၏။ ဥပဒေအရ တရားမ၀င်မှုနှင့် အ ကြမ်းဖက်မှုကိုတော့ လုံးဝငြင်း ဆန်ရှုတ်ချသည်။

မေခရိုစီးပွားရေးမှာ အား နည်းချက်နှင့် မပြည့်စုံမှု အများ အပြား ရှိနေသည့်အထဲမှ ယခုနှစ် တွင် တက်ရိပ်တချို့ပြလာသည်။ ခရိုနီတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ၊ တပ်ပိုင်နှင့် လူတစ် စုပိုင်စီးပွားရေးကြီးများကို ဘာ လုပ်မည်လဲဟု မေးကြ၊ ဝေဖန် ကြတာတွေ အတော်ရှိသည်။ မှန် သော ချဉ်းကပ်မှုမဟုတ်။ မျှတ ပြေပြစ်သော ဥပဒေ၊ နည်းဥပ ဒေ၊  လုပ်ထုံးလုပ်နည်းများဖြင့် သာ ‘သွား’ကြရပါမည်။ လစ်ဘ ရယ်စီးပွားရေးအထိ ရည်မှန်းပြီး နိုင်ငံတော်အရင်းရှင်ပုံစံက ‘စ’နေ ကြရခြင်းလည်း ဖြစ်သည်။ လမ်း ကြောင်းမှန် (Right Paths) တွေ ရှိပါသည်။ ဥုံဖွနှင့်တော့ မရပါ။ မေခရိုအတွက် ၁၀ နှစ်စီမံကိန်း များက အတိုဆုံးဖြစ်ဖို့များပြီး မိုက်ခရို(Microeconomic) အ တွက်တော့ ရေတိုနည်းဗျူဟာ တချို့ပိုလိုအပ်ပါမည်။

လူပီသသူတိုင်း ‘စိတ်သန့်’၍ အကြောက်တရားမှ ‘ကင်းဝေး’ လိုကြမည်ပင်။ ထပ်ဆင့်၍ ၀န်း ကျင်၊ အ၀န်းအ၀ိုင်းမှ နိုင်ငံအထိ လုပ်ပေးကိုင်ပေးလိုကြမည်ပင်။  ယေဘုယျပြောရပါက လူပီသ သော၊ လစ်ဘရယ်စံတန်ဖိုးများ အယူအဆများ ကိန်းဝပ်သော၊ နားလည်သည်းခံသဘောထား ကြီးရင့်ကျက်သော‘လူ’ တွေပိုများ လာလျှင် ပို ‘ကောင်း’ မည်ပင်။

လစ်ဘရယ်စံတန်ဖိုးတွေ ကြောင့်သာ တိုးတက်ဖွံ့ဖြိုးလာ သော နိုင်ငံတော်များ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးခိုင်မာမှုများ ပေါ် ထွန်းတည်တံ့လာခဲ့ကြရခြင်း ဖြစ်  ၏။ လစ်ဘရယ်ဆိုသည်နှင့် သည် နိုင်ငံမှာ အမြစ်တွယ်ခဲ့ (ခဲ့) သော အယူဝါဒအစုက ဘာမှန်းမသိ လက်ရှောင်ချင်ကြသည်ကလည်း သိပ်မဆန်းလှပေ။ သူတို့လေ့လာ လျှင် တွေ့ရှိမြင်နိုင်စွမ်းလာ ကြပါ လိမ့်မည်။

ဖွင့်ထားသော စိတ်နှင့် ဖြူ စင်သော လုပ်ရပ်တို့သည် ဉာဏ် ပညာအရာ၊ အသိသတိအရာ ဖြစ်၏။ နိုင်ငံကိုတစ်ဖန်ပြန်တည် ဆောက်ယူနေကြရချိန်တွင် လမ်း ဘေးဈေးသည်မှသည် ပေါ်လစီ မိတ်ကာများ၊ ခေါင်းဆောင်များ အထိ အားလုံးအကျုံးဝင်နေ၏။ ယူနီဗာဆယ်ပုံစံ ဖြစ်နေ၏။ ဤနိုင်ငံယဉ်ကျေးမှုတွင် အင်မ တန်လေးနက်သော မေတ္တာနှင့် ခန္တီတရားတို့ စိမ့်ဝင်ပြီးဖြစ်ပါ သည်။ ငုပ်လျှိုးသွားသည်ဆိုလျှင် လည်း တတ်သိနားလည်သူတို့ က ၀န်းကျင်ကိုတစ်ဖန် လှုပ်နှိုးတူး ဖော်လိုက်လျှင် ပြန်ရပါမည်။ Koreanization , Globalization ရိုက်ခတ်မှုတွေကတစ်ပိုင်း ဖြစ် ၏။ စိတ်သန့်လျှင် ဉာဏ်ပညာ အ၀င်လွယ်မြန်ဆန်၏။‘‘မိမိဝန် ကို မိမိကိုယ်တိုင်အကောင်းဆုံး ထမ်းရွက်နိုင်ကြပါစေ ...။’’ ဒါ သည်ပင် အများအကျိုးကို စတင် ၀င် ‘ထမ်း’လိုက်ခြင်းဖြစ်သည်။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News