မန္တလေးတွင် ညအချိန်လူစည်ကားရာ နေရာများ၌ အရက်သောက်သူများကို ဆက်တိုက်ဖမ်းဆီးမည်ဟု နယ်လုံဝန်ကြီးပြော

မန္တလေးမြို့တွင် ညအ ချိန်လူစည်ကားသည့်နေရာများ နှင့် ကျုံးဘေးနေရာများ၌ ၀ိုင်းဖွဲ့ အရက်သေစာသောက်စားသူများ ကို ဆက်တိုက်ဖမ်းဆီးအရေးယူ မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောသည်။

‘‘ဆက်တိုက်လုပ်မယ်။ ဖမ်း ဆီးတာ တောက်လျှောက်ရှိနေ မယ်။ လုံခြုံမှုကို အမြဲတမ်းလုပ် နေမယ်’’ဟု ဗိုလ်မှူးကြီး ကျော် ကျော်မင်းက ပြောသည်။

ကျုံးအရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် လူသတ် မှုဖြစ်ပွားခဲ့သဖြင့် ကျုံးဘေးပတ် လည်နှင့် တံခွန်တိုင်အ၀ိုင်းတို့၌ ညဥ့်နက်ချိန် အရက်သေစာ သောက်စားသူများကို အောက်တို ဘာ ၇ ရက်ကစတင်၍ အရေးယူ ခဲ့ရာ တစ်လကျော်အတွင်း ၄၀၀ ဦးခန့်ကို အရေးယူခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆိုသည်။

ဖမ်းဆီးရမိသူများကို ရဲအက်ဥပဒေဖြင့် သက်ဆိုင်ရာမြို့နယ် တရားရုံးတွင် ငွေဒဏ် (သို့မဟုတ်)ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ သည်။ မန္တလေးမြို့ပေါ်တွင် ညအ ချိန်လုယက်မှုများ၊ ခိုးမှုများကျ ဆင်းစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်၊ နယ်မြေရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ လှည့်ကင်းဆောင်ရွက်နေသည်။