မျက်နှာပြပြီး Lock ဖွင့်နိုင်သော OPPO F5 Youth စမတ်ဖုန်းဈေးကွက်တွင် စတင်ရောင်းချ

 တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ OPPO က မျက်နှာပြပြီး Lock ဖွင့်နိုင်သော (Facial Unlock) နည်းပညာနှင့် 18:9 မျက်နှာပြင်ပါဝင်သည့် OPPO F5 Youth စမတ်ဖုန်းကို နိုဝင်ဘာ ၂၆ ရက်တွင် မန္တလေးနှင့် ရန်ကုန်၌ စတင်ရောင်းချခဲ့သည်။

F5 Youth သည် iPhone X ကဲ့သို့ အသုံးပြုသူမျက်နှာဖြင့် Lock ဖွင့်နိုင်သောစနစ် ထည့် သွင်းထားသည့်အပြင် နောက်ဆုံး ပေါ်စမတ်ဖုန်းများတွင် ထည့် သွင်းထားသည့် 18:9 Display ကို FHD+ အရည်အသွေးရှိသည့် ၆ လက်မ မျက်နှာပြင်ထည့်သွင်း ထားသည့် OPPO ၏ ပထမဆုံး စမတ်ဖုန်းဖြစ်သည်။


F5 Youth ကို 7.5 mm အ ထိပါးလွှာသော သတ္တုကိုယ်ထည် ဖြင့် တည်ဆောက်ထားပြီး ကျော ဘက်တွင် လက်ဗွေလုံခြုံရေးစနစ် နှင့် f2.2 ရှိသော 13MP ကင်မရာ တပ်ဆင်ထားကာ ရှေ့ဘက်တွင် f2.0 ရှိသော 16MP ကင်မရာ

တပ်ဆင်ထားသည်။ ဓာတ်ပုံရိုက်ကူးရာ၌ သဘာဝအကျဆုံးပုံရိပ်များရရှိစေရန် A.I Beauty နည်းပညာထည့်သွင်းထားသည်။

စွမ်းဆောင်ရည်ပိုင်းအနေ ဖြင့် Media Tek Heilo P23 CPU ကို RAM 3GB ဖြင့်တွဲဖက်ပေး ထားပြီး ဖုန်းတွင်းမှတ်ဉာဏ်အနေ ဖြင့် 32GB ထည့်သွင်းထားကာ မလုံလောက်ပါက Micro SD Card ဖြင့် 256GB အထိ တိုး ချဲ့အသုံးပြုနိုင်မည်ဖြစ်သည်။

 ဆော့ဖ်ဝဲပိုင်းအနေဖြင့် Android Version 7.1 ကို OPPO ၏ကိုယ်ပိုင် OS ဖြစ်သော Color OS 3.2 ဖြင့်တွဲဖက်ပေးထားပြီး 32000mAh ရှိသော ဘက်ထရီ နှင့် ကိုယ်ပိုင်အားအမြန်သွင်းစနစ် VOOC Charging ကို ထောက်ပံ့ ပေးထားသည်။

အလတ်တန်းစားဈေးကွက် စမတ်ဖုန်းOPPO F5 Youth ကို နိုဝင်ဘာ ၂၆ ရက်ကစ၍ ပြည် တွင်းဈေးကွက်တွင် ၀ယ်ယူနိုင်ပြီး ကျပ် ၃၁၉,၀၀၀ ဖြင့် ရောင်းချမည် ဖြစ်သည်။

Top News