တရားလိုဦးကျော်မျိုးရွှေကို စစ်ဆေးမှု ဥပဒေနှင့်မညီဟု ကိုဆွေဝင်း၏ရှေ့နေ ကန့်ကွက်

မဟာအောင်မြေမြို့နယ်တရားရုံးတွင် ကိုကျော်မျိုးရွှေအား စစ်ဆေးရန် ခေါ်ဆောင်လာစဉ်(ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

 Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကို ဆွေဝင်းကို ၆၆(ဃ)ဖြင့်စွဲဆိုထား သည့်အမှုမှ ရုံးချိန်း ၁၁ ကြိမ် ရှိသော်လည်း တရားလိုဦးကျော် မျိုးရွှေကို စတင်စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း စွပ်စွဲခံရသူ၏ ဥပဒေအကျိုးဆောင်ဦးခင်မောင် မြင့်က ပြောသည်။

မဟာအောင်မြေမြို့နယ် တရားရုံးတွင် ၆၆(ဃ)အမှုကို စစ် ဆေးရန်ချိန်းဆိုခဲ့ပြီး တရားလိုဦး ကျော်မျိုးရွှေသည် ရုံးရှေ့သို့ ရောက်ရှိလာပြီးနောက် အမှုစစ် ဆေးရာတွင် မြို့နယ်ဥပဒေအရာ ရှိက ဦးဆောင်စစ်ဆေးခြင်းမပြု ဘဲ တရားလိုပြရှေ့နေဦးဇော်ဝိတ် က စစ်ဆေးခဲ့သဖြင့် ရာဇ၀တ် ကျင့်ထုံးဥပဒေ ၄၉၃ အရဆက် လက်စစ်ဆေးခြင်းမပြုရန် ကိုဆွေ ၀င်း၏ ရှေ့နေများအဖွဲ့က ကန့် ကွက်ခဲ့သည်။

‘‘ဥပဒေအရာရှိကပဲ ဦး ဆောင်စစ်ဆေးဖို့လိုအပ်တယ်။ ဥပဒေက ပြဋ္ဌာန်းထားတယ်။ တ ရားဝင်စာအားဖြင့်လည်းကောင်း၊ နှုတ်အားဖြင့်ကန့်ကွက်ခဲ့တယ်’’ ဟု ဥပဒေအကျိုးဆောင်ဦးခင် မောင်မြင့်က ပြောသည်။

ထို့အပြင် ဦးကျော်မျိုးရွှေ ဘက်မှ လိုက်ပါဆောင်ရွက်နေ သည့် တရားလွှတ်တော်ရှေ့နေဦး ဇော်ဝိတ်မှ အမှုလိုက်ပါဆောင် ရွက်ပေးရန် ကိုယ်စားလှယ်လွှဲချိန် တွင် ၎င်း၏အမှုသည် ဦးကျော်မျိုး ရွှေသည် သာမန်လွတ်လပ်သော နိုင်ငံသားမဟုတ်ဘဲ ၀ရမ်းထုတ် ထားသည့် တရားခံပြေးတစ်ဦး ဖြစ်သဖြင့် လိုက်ပါဆောင်ရွက်ရာ ၌ ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း တရားစွဲခံထားရသည့်ကိုဆွေဝင်း က တရားရုံးတော်ကို ကန့်ကွက် တင်ပြခဲ့သည်။

‘‘လာမယ့်ရုံးချိန်းမှာတော့ ကန့်ကွက်တင်ပြချက်တွေကို နှစ် ဖက်လျှောက်လဲချက်ပေးမှာဖြစ် ပါတယ်’’ ဟု အကျိုးဆောင်ရှေ့ နေဦးခင်မောင်မြင့်က ပြောသည်။ လက်ရှိတွင် ကိုကျော်မျိုးရွှေသည် ချမ်းမြသာစည်မြို့နယ်တရားရုံး တွင် ပုဒ်မ ၅၀၅(ခ)ဖြင့် အချုပ်ကျ နေပြီး အမှုရင်ဆိုင်နေရသူဖြစ် သည်။

၎င်းအမှုသည် တရားလိုဦး ကျော်မျိုးရွှေသည် ၅၀၅(ခ)ဖြင့် ဖမ်းဆီးမခံရမီကပင် စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တရားလိုဖြစ် သူဘက်မှ စွပ်စွဲခံရသူကိုဆွေဝင်း ကို အာမခံပေးထားခြင်းကိုပယ် ဖျက်ပေးရန် ခရိုင်ရုံးသို့လျှောက် ထားခဲ့ကြောင်း၊ အမှုသည် လေး လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။ 

ကိုဆွေဝင်းသည် ၎င်းအသုံး ပြုသည့် Ba Kaung အမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ‘‘၀ီ ရသူပါရာဇိကကျပြီး ရဟန်းဘ၀ နိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိရပါ တယ်။ ပါရာဇိကကျတာ ခုမှကျ တာတော့ မဟုတ်လောက်ဘူး’’ စသည့်စာသားများကို ဦးဝီရသူ ဓာတ်ပုံများနှင့်တွဲ၍ ရေးသားဖော် ပြသဖြင့် ဦးကျော်မျိုးရွှေက မဟာအောင်မြေမြို့နယ် အမှတ် (၇)နယ်မြေရဲတပ်ဖွဲ့စခန်း၌ မတ်လ ၇ရက်၌  အမှုဖွင့်တိုင်တန်းခဲ့သည်။

‘‘ကျွန်တော်ကန့်ကွက်တာ က တရားလိုရှေ့နေက မြို့နယ် ဥပဒေအရာရှိထံ ရှေ့နေပါဝါတင် ကတည်းက မြို့နယ်ဥပဒေအရာ ရှိရဲ့ကြီးကြပ်မှုအောက်မှာ လိုက် ပါဆောင်ရွက်ရပါမယ်။ အခု တရားရုံးချိန်းနေ့မှာ မြို့နယ်ဥပဒေ အရာရှိက သင်တန်းရှိတယ်။ မလာနိုင်တော့ ဒုမြို့နယ်အရာရှိ လာတယ်။ သူကလည်း တရားလို ရှေ့နေကို စစ်ခွင့်ပြု၊ မပြုသူမသိ ဘူး။ ဦးဇော်ဝိတ်ကို မြို့နယ်ဥပဒေ အရာရှိက စစ်ခွင့်ပြုပါဆိုတဲ့စာ တောင် တရားရုံးကိုမတင်ပြနိုင်တဲ့ အတွက် ကျွန်တော်တို့က ကန့် ကွက်တာဖြစ်တယ်’’ ဟု ဦးခင် မောင်မြင့်က ပြောသည်။