G6PD ရောဂါအခံရှိသော ကလေးငယ်သေဆုံးမှု ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးနေ

 နေပြည်တော်တွင် G6PD ရောဂါဖြင့် ကလေးငယ် တစ်ဦးသေဆုံးခဲ့မှုသည် ဂျပန်ဦး နှောက်ရောင်ကာကွယ်ဆေးထိုး နှံခြင်းနှင့် သက်ဆိုင်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးက ပြောသည်။ 

အဆိုပါကလေးငယ်သည် မကွေးတိုင်းဒေသကြီးတွင် ကာ ကွယ်ဆေးထိုးနှံခဲ့ကာ နိုဝင်ဘာ ၂၆ ရက် နံနက်အစောပိုင်း၌ နေပြည်တော်ကလေးအထူးကုဆေးရုံတွင် သေဆုံးခဲ့သည်။ 

အသက်(၆)နှစ် (၁၁)လခန့်ရှိသောအဆိုပါကလေးငယ်သည် ကာကွယ်ဆေးထိုးနှံသည့်ရက်နှင့် ခြောက်ရက်မှ ခုနစ်ရက်အထိ ခြားပြီးမှ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

‘‘ဆုံးတာတော့မှန်တယ်။ ဒါ ပေမဲ့ ဘာကြောင့် ဆုံးတာလဲဆို တာကို စုံစမ်းနေပါတယ်။ သူက G6PD ရှိတယ်လို့ ပြောတယ်။ ဒီ ရောဂါရှိတဲ့ ကလေးတွေလည်း ထိုးလို့ရပါတယ်။ ဒါကိုလည်း ထုတ်ပြန်သွားမှာပါ’’ဟု ဒေါက် တာ အောင်ကျော်မိုးက ပြော သည်။ အချို့သောကလေးငယ် များတွင် G6PD ခေါ် သွေးအား နည်းရောဂါ ရှိနေသော်လည်း ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးထိုးနှံရာတွင် ဘေးဥပဒ် တစ်စုံတစ်ရာ  ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု ဆိုသည်။ 

ယင်းသေဆုံးမှုနှင့်ပတ်သက် ၍ ကာကွယ်ဆေးထိုးခဲ့သော မကွေးတိုင်းသို့ကွင်းဆင်းလေ့လာ မှုများပြုလုပ်ခြင်း၊ သွေးအဖြေများ စစ်ဆေးခြင်းတို့ ပြုလုပ်မည်ဖြစ် ကြောင်း ဒေါက်တာအောင်ကျော် မိုးက ဆိုသည်။ 

‘‘ကာကွယ်ဆေးထိုးပေးတာ တွေကိုလည်း သေချာစုံစမ်းပြီးမှ ပြောလို့ရမယ်။ တစ်ဦးတည်း ဆုံး ဖြတ်လို့မရဘူး။ ကာကွယ်ဆေး ထိုးပြီးနောက် ဖြစ်ပွားသော စီမံ ခန့်ခွဲမှုကော်မတီဆိုတာရှိတယ်။ ဒီအဖွဲ့ရဲ့ ထင်မြင်ချက်တွေနဲ့ထုတ် ပြန်ပေးမှာပါ။ ဆရာဝန်တချို့က ထုတ်ပြန်ချက်နှောင့်နှေးတယ်လို့ ပြောနေကြပေမယ့် တခြားနိုင်ငံ တွေမှာလည်း အဲဒီလိုပဲ ရှိပါတယ်’’ဟု ဒေါက်တာအောင်ကျော်မိုးက ဆက်လက်ပြောသည်။ 

ဂျပန်ဦးနှောက်ရောင်ကာ ကွယ်ဆေးထိုးနှံသည့် ရက်ပိုင်းအ တွင်း ပင်လောင်း၊ သာပေါင်းနှင့် ပုသိမ်တို့မှ ကလေးငယ်သုံးဦး သေဆုံးခဲ့ပြီး အဆိုပါကလေးငယ် များသည် ကာကွယ်ဆေးနှင့်သက် ဆိုင်မှုမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ကြေညာထား သည်။  ကာကွယ်ဆေးများ၏ သဘာဝသည် ဆေးထိုးနှံပြီး ဆေးမတည့်ပါက နာရီဝက်မှ တစ်နာရီ အတွင်း လက္ခဏာပြနိုင်ပြီး ဆေးထိုးပြီးနောက်  ရောင်ရမ်းခြင်း၊ ဖျားနာခြင်းတို့သည်  ဆေး၏ သက်ရောက်မှုနှင့် ကလေးငယ်၏ ခုခံအားအပေါ် မူတည်ကာ ငါးရက်မှ တစ်ပတ်အတွင်း ဖြစ်ပွားနိုင် ကြောင်း ၎င်းက ဆိုသည်။ 

Top News