ရပ်ကျေးကြီးကြပ်သူငါးဦးရွေးပွဲတွင် မဲမသမာမှုရှိကြောင်း ပြောဆိုသူအမျိုးသမီး ရိုက်နှက်ခံရပြီး ဆေးရုံရောက်

ဝိုင်းဝန်းရိုက်နှက်သည်ဆိုကာ ဆယ်အိမ်မှူးအပါအဝင် ရှစ်ဦးကို ပုဒ်မငါးခုဖြင့် အမှုဖွင့်

 အမရပူရမြို့နယ် ယဉ် တော်ကျေးရွာတွင် ရပ်ကျေးအုပ် ချုပ်ရေးမှူး ရွေးချယ်ပွဲအတွက် ကြီးကြပ်သူငါးဦး ကနဦးရွေးချယ် ရာတွင် မဲမသမာမှုများရှိသည်ဆို ကာ အမျိုးသမီးချင်း စကားများ ရန်ဖြစ်ရာကတစ်ဆင့် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး အရိုက်ခံရသဖြင့် အမျိုးသမီးတစ်ဦး ဆေးရုံ ရောက်ခဲ့ကြောင်း ယဉ်တော်ကျေး ရွာ အလယ်ပိုင်းရာအိမ်မှူး ဦးမျိုး ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်ကြီးကြပ် သူငါးဦး ရွေးချယ်ပွဲကို ရွာဦးဓမ္မာ ရုံ ဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ရာ မဲပေးသူ ၂၅၀ ဦးရှိပြီး မဲပေးရန် ကျန်ရှိသူ ၂၅ ဦးမြောက်တွင် မခင်သူဆို သည့် အမျိုးသမီးက မဲမသမာမှု များရှိကြောင်း ပြောဆိုပြီးနောက် စကားများရာကတစ်ဆင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ရပ်ကွက်ကြီးကြပ်ရွေးချယ် ပွဲတွင် စကားများရန်ဖြစ်၍ သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ က ဝိုင်းဝန်းဖျန်ဖြေခဲ့ပြီးနောက် ရပ်ကွက်ထိပ်တွင် ထပ်မံစကား များရန်ဖြစ်သဖြင့်   မခင်သူဆိုသည့် အမျိုးသမီး ရိုက်နှက်ခံရပြီး မျက်လုံးဒဏ်ရာနှင့် အခြားဒဏ် ရာများရရှိ၍ အမရပူရမြို့နယ် ဆေးရုံတွင် တက်ရောက်ဆေး ကုသမှုခံယူခဲ့သည်။

‘‘လောလောဆယ်တော့ မျက်လုံးဒဏ်ရာ၊ ကျန်တာတွေက တော့ ဓာတ်မှန်ရိုက်ထားတယ်။ ပုဒ်မငါးခုနဲ့ ဖွင့်ထားတယ်။ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် အာမခံပေးထားတယ်’’ဟု အမရ ပူရမြို့မရဲတပ်ဖွဲ့စခန်း အမှုစစ် ဒုရဲအုပ် လှကိုက ပြောသည်။

အမရပူရ မြို့မရဲတပ်ဖွဲ့ စခန်း၌ နိုဝင်ဘာ ၂၃ ရက်တွင် မခင်သူက တရားလိုပြုလုပ်၍ ဆဲ ဆိုမှုပုဒ်မ ၂၉၄၊ ကာယိနြေ္ဒပျက် အောင် ပြုလုပ်မှုပုဒ်မ ၃၅၄၊ ပြင်း ထန်ဒဏ်ရာရအောင် ပြုလုပ်မှု ပုဒ်မ ၃၂၅၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄၊ ခြိမ်းခြောက်မှုပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ထားသည်။

တရားလိုလုပ်အမှုဖွင့်ထား သည့် အမျိုးသမီးသည် အမရပူရ မြို့နယ် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် စည်းရုံးရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်နေသူတစ် ဦးဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် အမရပူရမဲဆန္ဒနယ် အမှတ်(၂)မှ ဦးမြင့်ဆွေက ပြောသည်။

ဝိုင်းဝန်းရိုက်နှက်သည်ဟု စွပ်စွဲအမှုဖွင့်ခံရသူများသည် လက်ရှိတွင် ယဉ်တော်ကျေးရွာ ဆယ်အိမ်မှူး ဦးမြတ်ကျော်နှင့် အလယ်တန်းပြ ကျောင်းဆရာမ ပါ အမျိုးသမီးခုနစ်ဦးတို့ကို အမှု ဖွင့်တိုင်တန်းထားသည်။

ထို့ကြောင့် နိုဝင်ဘာ ၂၂ ရက်တွင် ရွေးချယ်ထားသည့် မဲများ ပယ်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရွေးချယ်ပွဲ အသစ်ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း ဦးမျိုးဦး က ပြောသည်။

‘‘ပြောရရင် တစ်ဖက်ရဲ့အိမ် မှာ NLD ဆိုင်းဘုတ်ရှိသလို တစ် ဖက်ကလည်း ပြည်ခိုင်ဖြိုးဆိုင်း ဘုတ်ရှိကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးတုန်းကလည်း ဒီအတိုင်းဖြစ်ကြတယ်။ တစ်ခုဆိုးတာက အခင်းဖြစ်တဲ့နေ ရာမှာမရှိတဲ့ ကျောင်းဆရာမတစ် ဦးကိုပါထည့်ပြီး အမှုဖွင့်ထား တယ်’’ဟု ရာအိမ်မှူး ဦးမျိုးဦးက ပြောသည်။