မွန်ပြည်နယ်ရှိ မျက်စိဝေဒနာရှင်များကို မော်လမြိုင်ဆေးရုံကြီးတွင် အခမဲ့ကုသပေး

မွန်ပြည်နယ်ရှိ မျက် စိဝေဒနာရှင် ၂၀၀ ကျော်ကို မော် လမြိုင်အထွေထွေရောဂါကုဆေး ရုံကြီးတွင် အခမဲ့ဆေးကုသပေး နေကြောင်း မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံက ပြော သည်။

‘‘မျက်မမြင် ကာကွယ်ရေး စောင့်ရှောက်မှုလုပ်ငန်းကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ အမျိုးသားအဆင့် ငါး နှစ်စီမံကိန်းကို ရေးဆွဲအကောင် အထည်ဖော်လျက်ရှိပါတယ်။ ဒေသအတွင်းရှိ မျက်စိကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ သည် လိုအပ်ချက်ရှိနေ၍ အဖွဲ့ အစည်းများ၏ အကူအညီများကို လည်း လိုအပ်လျက်ရှိပါတယ်’’ ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မျက်စိဝေဒနာရှင် များအား အခမဲ့ကုသပွဲတွင်  မိန့်ခွန်းပြောကြားသည်။

ယခုကဲ့သို့ မျက်စိဝေဒနာရှင် ၂၁၈ ဦးအား အခမဲ့ကုသမှုသည် မွန်ပြည်နယ်တွင်  တတိယအကြိမ်ဖြစ်ပြီး ၂၀၁၅ တွင် မျက်စိအတွင်းတိမ် လူနာ ၂၀၉ ဦးနှင့် ၂၀၁၆တွင် မျက်စိအတွင်းတိမ် ၂၀၇ ဦးအား ကုသပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

SCG ကုမ္ပဏီ၊ Thailand's Crown Property Bureau နှင့် Banphaeo Hospital တို့ ပူး ပေါင်း၍ ပြည်နယ်အတွင်းရှိ မျက် စိဝေဒနာရှင်များကို ကုသရန် နိုဝင်ဘာ ၂၅ ရက်က မော်လမြိုင် ဆေးရုံကြီးတွင် ဖွင့်ပွဲပြုလုပ်ခဲ့ သည်။ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တမြင့်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာအေးဇံနှင့် မွန်ပြည်နယ် လူမှု ရေးဝန်ကြီး ဒေါက်တာထိန်လင်း တို့လည်း  အဆိုပါပွဲသို့  တက် ရောက်ခဲ့သည်။

‘‘အဘိုးတို့ရွာမှာ မျက်စိမမြင်တဲ့သူတွေကို အခမဲ့ကုသပေးမယ် လို့ အဲဒီကုမ္ပဏီက လာပြောတယ်။ အဘိုးမျက်လုံးလည်း  သိပ်မ ကောင်းတော့  လာခွဲတာဖြစ် တယ်။ အခုထိတော့ ပိုက်ဆံမကုန် သေးဘူး’’ဟု ကျိုက်မရောမြို့ ကဒါရပ်ကွက်မှ အသက် (၇၀) ကျော် အဘိုးတစ်ဦးက ပြောသည်။

ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ၊ ပေါင်၊ ဘီးလင်း၊ ရေးမြို့နယ်တို့မှ မျက်စိဝေဒနာရှင် ၁၅၀ ဦးနှင့် ကျိုက်ထို၊သထုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့မှ မျက်စိဝေဒနာ လူနာရှင် ၆၈ ဦး၊ ပေါင်း ၂၁၈ ဦးကို  တတိယအကြိမ် ကုသပေးမည်ဖြစ်ကြောင်း SCG ကုမ္ပဏီမှ လုပ်ငန်းခွဲအကြီးတန်း ဒါရိုက်တာ Mr. Chaitath Tongsalee က ဆိုသည်။

SCG ကုမ္ပဏီသည် မွန်ပြည် နယ် ကျိုက်မရောမြို့နယ်တွင် MCL ဘိလပ်မြေစက်ရုံ တည် ဆောက်ထားပြီး ထိုဘိလပ်မြေ စက်ရုံကို ကျောက်မီးသွေးဖြင့် လည်ပတ်ခြင်းကြောင့် ဒေသခံ ပြည်သူများက အကြိမ်ကြိမ်ကန့် ကွက်ဆန္ဒပြမှုများ   ပြုလုပ်နေ သည်။

Top News