ရုပ်ရှင်အကြိုခံစားခြင်း

ငါကဗိုလ်အောင်ဒင်

- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ လူငယ်အချစ်ဟာသကားလေးကို ညွှန်းပေးလိုက်ပါတယ်။

ရွှေချိုးဖြူနဲ့ ဖေချစ်က မျက်နှာချင်းဆိုင်လို့ မရတဲ့သူတွေပါ။ ဖေချစ်က သူတို့ရွာမှာတော့ လူချမ်းသာစာရင်းဝင်ပါတယ်။ နောက်ပြီး ဖေချစ်က ကြောက် တတ်ပါတယ်။ ရွှေချိုးဖြူကတော့ အရက်မူးလာရင် လုပ်ချင်ရာ လုပ်တတ်သူပါ။ မတည့်တဲ့သူနှစ် ယောက် ထပ်ပြီး ပြဿနာတက်ဖို့ ဖြစ်လာတာကတော့ ကထိန်ရာသီမှာပါ။ ကထိန်ရာသီမှာ ဖေချစ်တို့ အဖွဲ့က မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းကိုဖွင့်ပြီး ကကြပါတယ်။ အဲဒီလိုကတဲ့အချိန်မှာပဲ ရွှေချိုး ဖြူက စက်ကိုလာပိတ်ခဲ့ပါတယ်။

ဖေချစ်တို့ကလည်း သူတို့ကုသိုလ်ရေးလုပ်တာကို နှောင့်ယှက်တယ် ဆိုပြီး ရွှေချိုးဖြူကိုပြောခဲ့ပါတယ်။ ရွှေချိုးဖြူကလည်း အမှတ်အတေး ကြီးတဲ့သူတစ်ယောက်ပီပီ ညပိုင်း မှာ ဖေချစ်တို့အိမ်ရှေ့ကို ကားပေါ် မှာ စက်တွေတင်ပြီး ဗိုလ်အောင် ဒင်သီချင်းကို အကျယ်ကြီးဖွင့်ခဲ့ ပါတယ်။ ဒီတစ်ခါစိတ်တိုရတာ က ဖေချစ်။နောက်ပြီး ရွှေချိုးဖြူ က ဖေချစ်တို့ စက်ပိုင်းခိုင်းတဲ့အ ချိန်မှာ သူ့အလှည့်တုန်းက ပြောခဲ့ သလို ငရဲကြီးမယ်ဆိုတဲ့ စကားနဲ့ ပြန်ပြောခဲ့ပါတယ်။

အဲဒီလိုနဲ့တစ်ရက်မှာတော့ ရွှေချိုးဖြူနဲ့ ဖေချစ်ရန်ဖြစ်ပြီးဖေချစ်ကို လည်ပင်းညှစ်ခဲ့တာကြောင့် သေသွားပြီအထင်နဲ့ မြို့ ကို ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမဲ့ ဖေချစ်က ဘာမှမဖြစ်ခဲ့တာကြောင့် ပြန်လာခဲ့ပါတယ်။ ပြန်လာတဲ့အချိန်မှာ အရက်တွေ မူးနေပြီး ဖေချစ်အိမ်ရှေ့မှာ သွား ဆဲကြပါတယ်။ ဖေချစ်ကတော့ သူ့ကိုပြောနေတဲ့အချိန် အိမ်ထဲမှာ ကြောက်နေခဲ့ပါတယ်။ ဒါပေမဲ့ရွှေချိုးဖြူကို ရဲတွေ လာဖမ်းတဲ့အချိန်ကျမှ ဖေချစ်က လူစွမ်းကောင်းပုံစံနဲ့ထွက်လာပြီး ပြန်စိန်ခေါ်ခဲ့ပါ တယ်။

အဲဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရွာဆေးခန်းကို ဆရာဝန်မ လေးတစ်ယောက်ပြောင်းလာခဲ့ပါ တယ်။ ဆရာဝန်မလေးနာမည်က မမြနွယ်ပါ။ အဲဒီဆရာမလေးကို တွေ့ပြီးတဲ့ အချိန်မှာတော့ ဖေချစ် ရော ရွှေချိုးဖြူရော ကြွေသွား ခဲ့ပါတယ်။ မမြနွယ်ကတော့ သူ့အ လုပ်ပဲ သူလုပ်နေပေမယ့် ဖေချစ်နဲ့ရွှေချိုးဖြူတို့ကတော့ ဆေးခန်းသွားဖို့အတွက် အကြောင်းရှာနေ ကြပါတယ်။

တစ်ရက်မှာတော့ ရွှေချိုးဖြူ က ဖေချစ်ကို မခံနိုင်အောင်ရန်လာစပါတယ်။ အဲဒါကြောင့် မခံနိုင်တဲ့အဆုံး ဖေချစ်ကရွှေချိုး ဖြူကို လက်သီးနဲ့ထိုးလိုက်ပါ တယ်။ ပထမတော့ အမြဲတမ်းငြိမ် ခံမနေတတ်တဲ့ ရွှေချိုးဖြူ ဖေချစ် လက်သီးနဲ့ ထိုးတာခံလိုက်ရတယ် ဆိုတာကို သူတို့ဘေးနားက သူ ငယ်ချင်းတွေက အံ့သြနေကြပါတယ်။ နောက်တော့မှ ရွှေချိုးဖြူရဲ့အကြံကို သိလိုက်ပါတယ်။ အဲဒီအချိန်မှာတော့ ရွှေချိုးဖြူက ဆရာမလေးဆီမှာ ဆေးကုနေပါပြီ။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ဆရာမလေးကို ပိုးပန်းကြမယ့် ဖေချစ်နဲ့ ရွှေချိုးဖြူ ဒီပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမှာလဲဆိုတာကိုတော့ ဒီဇင်ဘာ ၁ ရက်ကနေစတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ရုံတင်ပြသတော့မယ့် ‘ငါက ဗိုလ်အောင်ဒင်’ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ဖေချစ်အဖြစ် မင်းမော်ကွန်း၊ ရွှေချိုးဖြူအဖြစ် ပြေတီဦး၊ မမြနွယ်အဖြစ် အိချောပိုတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဆဲဗင်းဒေးရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော် ထားပါတယ်။