ခရီးသွားများ သတင်းအချက်အလက် လွယ်ကူစွာရရှိရန် ပုဂံတွင် ခရီးသွားဆိုင်ရာ လူထုအခြေပြု စင်တာဖွင့်လှစ်မည်

ပုဂံစေတီပုထိုးများနှင့်အတူ တွေ့ရသော ပြည်တွင်း၊ ပြည်ပခရီးသွားများ (ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ))

ပုဂံရှိကျေးရွာ တစ်ခုတွင် e-Bagan အမည်ဖြင့် ခရီးသွားဆိုင်ရာ လူထုအခြေပြုစင်တာ (Community Center)တစ်ခု ဖွင့် လှစ်မည်ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးဥက္ကာကျော်က ပြောသည်။

ပုဂံဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းဖွံ့ဖြိုးတိုးတက် စေရန်နှင့် ပြည်တွင်း၊ ပြည်ပခရီး သွားဧည့်သည်များ သတင်းအ ချက်အလက် လွယ်ကူစွာရရှိနိုင် စေရန် တိုင်းအစိုးရအဖွဲ့နှင့် ပူး ပေါင်း၍ ဒီဇင်ဘာတွင်စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပုဂံ ရှိကျေးရွာတစ်ရွာကို ရွေးချယ်ကာ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသခံ များနှင့် ချိတ်ဆက်ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းကပြောကြား သည်။

အဆိုပါစင်တာတွင် ခရီး သွားဆိုင်ရာ သတင်းအချက်အ လက်များ၊ ပုဂံဒေသရှိ ကျေးရွာ များမှ ထုတ်လုပ်သည့် ဒေသထွက် ထုတ်ကုန်များအကြောင်း မျှဝေ ပေးမည့်အပြင် ဒေသခံများအား အိုင်စီတီနှင့် ဆက်နွှယ်၍ လူမှုစီး ပွားလုပ်ငန်းများ ဆောင်ရွက်နိုင် စေရန် သင်ကြားပို့ချမည်ဖြစ် သည်။ ‘‘လူသွားများတဲ့ ရွာလေးတစ်ရွာက စပြီးတော့ e-Bagan ရဲ့ Community Center တစ်ခု စ ထောင်ပေးလိုက်မယ်။ ပြီးမှ ကျေး ရွာလူထုလည်း အိုင်စီတီနဲ့ဆက် နွှယ်ပြီး အွန်လိုင်းပေါ်ကတစ်ဆင့် လူမှုရေး၊ စီးပွားရေး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် တည်ထောင်ပေးလိုက်မယ့် သ ဘောပါပဲ။ အဲဒီအတွက် မြေနေ ရာတို့၊ အဆောက်အအုံတို့ကအစ စီစဉ်နေပါတယ်’’ ဟု ဦးဥက္ကာ ကျော်က ပြောသည်။

စင်တာဖွင့်လှစ်ပြီးပါက ပုဂံ ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အထောက်အကူပြုစေရန် ဘုရား သမိုင်းကြောင်းနှင့်လမ်းညွှန်မြေပုံ များပါရှိသည့် e-Bagan  မိုဘိုင်း ဖုန်းဆော့ဖ်ဝဲတစ်ခုကို မန္တလေး တိုင်းအစိုးရအဖွဲ့နှင့် ကွန်ပျူတာ ပညာရှင်အသင်းတို့ ပူးပေါင်း ရေးဆွဲကာ ပြည်တွင်း၊ ပြည်ပခရီး သွားများ လေ့လာနိုင်ရန်ဖြန့်ဝေ မည်ဖြစ်သည်။

‘‘နိုင်ငံခြားသားတစ်ယောက် လာလို့ သူ့ဖုန်းထဲကို ဆော့ဖ်ဝဲ ထည့်ပေးလိုက်တာနဲ့ တန်းသုံးလို့ ရအောင် စီစဉ်ပေးသွားမှာဖြစ်ပါ တယ်။ အဲဒီထဲမှာ အာနန္ဒာလို့ ရိုက်ရှာလိုက်ရင် အာနန္ဒာဘုရား ပုံပေါ်လာမယ်။ သူရောက်နေတဲ့ နေရာကနေ ဘယ်ကိုသွားရမယ်ဆို တဲ့ လမ်းညွှန်မြေပုံပါမယ်။ အဲဒါ ကို နောက်တစ်ချက်နှိပ်လိုက်ရင် ဘုရား သမိုင်းကြောင်းတွေပါ ကြည့်လို့ရမှာဖြစ်ပါတယ်’’ ဟု မန္တ လေးတိုင်းအစိုးရအဖွဲ့ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစိုင်းကျော် ဇောက ပြောသည်။