မာန်အောင်နှင့် ဆလုံကျွန်းကို ခရီးစဉ်ဒေသ အကောင်အထည်ဖော်ရန် စီစဉ်

ရခိုင်ပြည်နယ်ရှိ မာန်အောင်ကျွန်း နှင့် တနင်္သာရီတိုင်းရှိ ဆလုံကျွန်းတို့ကို နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာစေမည့် ခရီးစဉ်ဒေသများအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

‘‘ဆလုံကျွန်းပိုင်းမှာလည်း မြိတ်ကျွန်းစုဒေသဖွံ့ဖြိုးရေးပေါ့။ ရခိုင်ကလည်း မာန်အောင်ကျွန်းမှာ ခရီးသွားဖွံ့ဖြိုးရေးလုပ်သွားဖို့ ပါ။ အခုမှလုပ်ငန်းတွေစနိုင်ဖို့ အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါ တွေက Master Plan ပုံစံမျိုးနဲ့ အ လုပ်လုပ်ရမှာပါ’’ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းအဖွဲ့ချုပ်အနေဖြင့် ညီနောင်အသင်းများဖြစ်သည့် ခရီးသွား လုပ်ငန်းရှင်များအသင်း၊ ဟိုတယ်အသင်းနှင့် သက်ဆိုင်ရာအသင်းများကို ဖိတ်ခေါ်ကာ နိုဝင်ဘာ ၂၂ ရက်က ညှိနှိုင်းအစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီး ဆလုံကျွန်းများနှင့် မာန်အောင်ကျွန်းဒေသခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်ရန် ကော်မတီတစ်ခု ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီကိုဦးစီးကာ အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသက်လွင်တိုးအား တာဝန်ပေးအပ်ပြီး အ ခြားသော ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ ဖိတ်ခေါ်ကာ အကောင်အထည်ဖော် နိုင်ရန် ဆောင်ရွက်မည် ဖြစ်သည်။  

‘‘ဒီဒေသတွေကို ခရီးစဉ်ဒေသအဖြစ် ဖော်ဆော်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်နိုင်ဖို့အရေးကြီးပါတယ်။ ကော်မတီတွေဖွဲ့တယ်။ လုပ်ငန်းစဉ်တွေ သတ်မှတ်မယ်။ အဲဒါပြီးရင်တော့ Action Plan ကို ဆက်သွားမှာပေါ့’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ ခွင့်ပြုကျွန်းစုများတွင် အပန်း ဖြေခြင်း၊ ငါးမျှားခြင်း၊ ရေအောက် ရှုခင်းကြည့်ရှုခြင်း၊ ရေကူးခြင်း၊ ဆလုံတိုင်းရင်းသားများ၏ ဘ၀များကို လေ့လာနေပြီး ပြီးခဲ့သည့် ၂၀၁၆ အတွင်း စက်တပ်ရွက်လှေခရီး စဉ် ၄၇၀ ခုနှင့် ခရီးသည် ၃,၉၆၁ ဦးလာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န် ကြီးဌာနက ထုတ်ပြန်သည်။

More in Tourism Section

Top News