အစိုးရဖြုတ်ချပေးရေး သပိတ်စခန်းများတွင် ပါဝင်ခဲ့သော သံဃာတော်များကို ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်တင်

ဓာတ်ပုံ-ဖြိုးဖြိုးဇော်

 မန္တလေးမြို့ သာသနာ ၂၅၀၀ ဗိမာန်တော်ရှေ့တွင် အစိုး ရဖြုတ်ချပေးရေး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုခဲ့သော သံဃာ တော်များထဲမှ လက်ရှိဖမ်းမိထား သည့် သံဃာတော်ခြောက်ပါးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးက စွဲချက်တင်သည်။

ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် နိုင်ငံတော်အကြည် ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုနှင့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်အ ရ စတင်စွဲဆိုခဲ့သည့်ပုဒ်မဖြင့် နို ၀င်ဘာ ၂၉ ရက်ရုံးချိန်းတွင် စွဲ ချက်တင်ခြင်းဖြစ်ကြောင်း တရား ရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။

‘‘တရားလိုနဲ့ တရားလိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်အ ရ စွပ်စွဲခံရသူတွေက ပြစ်မှုကို ကျူးလွန်ဖွယ်ရာအကြောင်းတွေ ပေါ်တဲ့အတွက် စွဲချက်တင်ဖြေ ရှင်းဖို့ အမိန့်ချခဲ့ပါတယ်’’ ဟု တွဲ ဖက်မြို့နယ်တရားသူကြီးဦးကျော် စွာလင်းက ပြောသည်။

စွဲချက်အမိန့်တင်ခဲ့သည့် ရာ ဇသတ်ကြီးပုဒ်မ ၅၀၅(ခ)သည် ထောင်ဒဏ်၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ပူးတွဲချမှတ်နိုင်သည်။

စွဲချက်တင်အမိန့်ချခဲ့ပြီး နောက် စွပ်စွဲခံရသူများဘက်က အခြားသော တရားလိုပြသက် သေများကို ပြန်လည်စစ်ဆေးရန် ရှိ၊မရှိမေးမြန်းခဲ့ရာ ချမ်းမြသာ စည်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးစံ သူ၊ မဟာမုနိဘုရားကြီးဂေါပက ဥက္ကဋ္ဌဦးစိုးလင်းနှင့်ရပ်ကျေးစာ ရေး ဦးမောင်မောင်ညွန့်တို့ကို ပြန် လည်စစ်ဆေးရန် တင်ပြခဲ့ ကြောင်း ဦးကျော်စွာလင်းက ဆို သည်။

‘‘စွဲချက်တင်တာနဲ့ပတ်သက် ပြီး ဘာမှပြောစရာမရှိဘူး။ သူတို့ လည်း လုပ်စရာရှိတာလုပ်တာပါ။ ဒါကိုမကျေနပ်ရင် အထက်ရုံးအ ဆင့်ဆင့်ကို တက်ပြီးပယ်ဖျက်ခွင့် ရှိတယ်။ တရားခံပြသက်သေတင် ဖို့ အစီအစဉ်မရှိဘူး’’ ဟု စွပ်စွဲခံရ သူ သံဃာတော်များဘက်က လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေက ပြော ကြားသည်။

ထပ်မံစစ်ဆေးရန် တင်ပြ ထားသည့် တရားလိုပြသက်သေ သုံးဦးအနက် ချမ်းမြသာစည်မြို့ နယ်ရဲတပ်ဖွဲ့မှူးနှင့် မဟာမုနိဘု ရားကြီးဂေါပကဥက္ကဋ္ဌတို့ကို ဒီဇင် ဘာ ၆ ရက်တွင် စစ်ဆေးမည်ဖြစ် ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောသည်။

သပိတ်စခန်းတွင် ပါဝင်ခဲ့၍ ဖမ်းဆီးတရားစွဲခံထားရသူ ဦး ကျော်မျိုးရွှေ၏အမှုသည် လက်ရှိ တွင် တရားလို ချမ်းမြသာစည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည် သူအောင်ကိုသာ စစ်ဆေးနေဆဲ ဖြစ်သည်။

ဩဂုတ်လဆန်းက ချမ်းမြ သာစည်မြို့နယ် သာသနာ ၂၅၀၀ ဗိမာန်တော်ရှေ့တွင် အစိုးရဖြုတ် ချပေးရေး သံဃာတော်များဦး ဆောင်၍ သပိတ်စခန်းဖွင့်ကာ တောင်းဆိုခဲ့သော သံဃာငါးပါး နှင့် လူငါးဦးကို နိုင်ငံတော်အ ကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ရာ သံဃာနှစ်ပါးနှင့် လူ လေးဦး လွတ်မြောက်နေသည်။