ထိုင်းမိသားစုကို သတ်သည်ဟု သံသယရှိ မြန်မာလုပ်သားတစ်ဦးကို ဖမ်းဆီး

အသတ်ခံရသည့် ထိုင်းမိသားစုဝင် အလောင်းများကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် (ဓာတ်ပုံ − SAW)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာခြံတစ်ခု၌ အသက်(၅) နှစ်အရွယ် ကလေးငယ် အပါ အဝင် ထိုင်းမိသားစုဝင်လေးဦး အသတ်ခံရမှုတွင် ကျူးလွန်သည် ဟု သံသယရှိသော မြန်မာလုပ် သား မွန်တိုင်းရင်းသားနှစ်ဦးအ နက် တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက် ညနေတွင် ဖမ်း ဆီးခဲ့သည်။


နိုဝင်ဘာ ၂၈ ရက်တွင် ထိုင်း နိုင်ငံတောင်ပိုင်း ပရချုပ်ခီရီခရိုင် ရှိ ရော်ဘာခြံတစ်ခု၌ အလုပ်လုပ် ကိုင်နေသော ထိုင်းမိသားစုဝင် လေးဦး အသတ်ခံရမှုနှင့် ယင်း ရော်ဘာခြံတွင် အလုပ်လုပ်ကိုင် နေသော မြန်မာလုပ်သားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရန် ရှာ ဖွေနေသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ် သား မွန်တိုင်းရင်းသားက ၎င်းနှင့် အတူ သူငယ်ချင်းသုံးဦးက သတ် ဖြတ်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ် ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားများအ ရေး ကူညီပေးနေသော မြန်မာအ ဖွဲ့အစည်းများကပြောသည်။

အခင်းမဖြစ်ပွားမီ တစ်ရက် အလို နိုဝင်ဘာ ၂၇ ရက်တွင် အ သတ်ခံရသော ထိုင်းမိသားစုနှင့် မြန်မာလုပ်သားနှစ်ဦးတို့ အချင်း များ ရန်ဖြစ်ခဲ့ပြီး မြန်မာလုပ်သား နှစ်ဦး ပျောက်ဆုံးနေ၍ ထိုင်း ရဲတပ်ဖွဲ့က သံသယဖြင့် လိုက်လံရှာဖွေနေကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း(FED)အဖွဲ့မှ ကိုဇော်မင်းဦး ကပြောသည်။

‘‘သူတို့လည်း ပျောက်နေ တော့ ထိုင်းရဲက သံသယနဲ့ လိုက် ရှာနေတာ။ နယ်စပ်ဂိတ်တွေ လည်း ပိတ်ပြီး စစ်ဆေးနေတယ်။ တစ်ဦးတော့ ဖမ်းလိုက်ပြီ’’ဟု ကိုဇော်မင်းဦးကပြောသည်။