နည်းလမ်းရှာပြီး NCA လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီ ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ − Myanmar State Counsellor Office)

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာ ချုပ်(NCA) လက်မှတ်ရေးထိုးရန် အလားအလာကောင်းပြီး နည်း လမ်းရှာ၍ ဆက်လက်ညှိနှိုင်းရန် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီအရေးပေါ်အစည်းအ ဝေးက ဆုံးဖြတ်ခဲ့ကြောင်း NMSP ကိုယ်စားလှယ်များကပြောသည်။


ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌတာဝန်ယူထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဖြစ်သည့် NMSP ၏ ဗဟို ကော်မတီအရေးပေါ် အစည်းအဝေးကို ၎င်းတို့၏ ဌာနချုပ်တွင် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ထိ သုံးရက် ကြာကျင်းပခဲ့သည်။

အဆိုပါ အရေးပေါ်အစည်း အဝေးတွင် NCA လက်မှတ်ထိုးရန် အလားအလာများသည့် ဆုံးဖြတ် ချက်များ ချမှတ်ခဲ့ကြောင်း NMSPဗဟိုကော်မတီဝင် နိုင်ကြည်စန်း က ပြောသည်။

‘‘ဆုံးဖြတ်ချက်က NCA လမ်း ကြောင်းအတိုင်းပဲ သွားမယ်။UNFC အဖွဲ့ဝင်အားလုံးပါနိုင် အောင် စည်းရုံးပြီးသွားမှာပေါ့။ လက်မှတ်ထိုးဖို့က ဒီဇင်ဘာကုန် ခါနီးလောက်မှာ အတိအကျသိ မယ်။ အဓိကက UNFC  အဖွဲ့အား လုံးပါဝင်အောင် စည်းရုံးမယ် ပေါ့။ လက်မှတ်ထိုးဖို့တော့ များ တာပေါ့။ ကျွန်တော်ထင်တာပေါ့’’ ဟု နိုင်ကြည်စန်းကပြောသည်။

NMSP ဗဟိုကော်မတီအရေးပေါ် အစည်းအဝေး ဆုံးဖြတ် ချက်အရ NCA လက်မှတ်ရေးထိုး နိုင်မည့် နည်းလမ်းများနှင့်ပတ် သက်ပြီး UNFC အဖွဲ့ဝင်အဖွဲ့ အ စည်းများအား သွားရောက်ရှင်းပြ ခြင်းကို မကြာမီလုပ်ဆောင်မည် ဟု NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။

‘‘နိုင်ငံတော်ကလည်း လက် ခံနိုင်အောင်၊ ကျွန်တော်တို့ UNFC အဖွဲ့တွေလည်း လက်ခံနိုင်အောင် နည်းလမ်းကိုလည်း ကျွန်တော်တို့ စဉ်းစားကြတာပေါ့။ ဆုံးဖြတ်ချက် အနေနဲ့တော့ အခုလောလော ဆယ် အဖွဲ့ဝင်အဖွဲ့အစည်းတွေ ကိုသွားပြီး ကျွန်တော်တို့ရတဲ့ နည်းလမ်းတွေကိုသွားပြီး တင်ပြ မယ်။ အကြံပြုချက်ဆွေးနွေးချက် ကို သွားယူမယ်။ UNFC ရဲ့ လမ်း ညွှန်ချက်ကို ထပ်ယူမယ်ပေါ့’’ဟု နိုင်အောင်မငေးက ဆိုသည်။ NMSP ဗဟိုကော်မတီအရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်က NCA လက်မှတ်ရေးထိုးရန် ပို၍နီး စပ်စေကြောင်း ၎င်းကပြောသည်။ 

UNFC အဖွဲ့ဝင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းလာသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်ပြီဖြစ်ပြီး တရားဝင်ဆွေး နွေးမှု ရှစ်ကြိမ်ပြုလုပ်ထားသည်။ ကိုးကြိမ်မြောက်ဆွေးနွေးပွဲကို နို ၀င်ဘာ ၁၆ ရက်က ရန်ကုန်တွင် ပြုလုပ်ရန် စီစဉ်သော်လည်း ဆွေးနွေးပွဲကို ရုတ်တရက်ရွှေ့ဆိုင်းခဲ့ သည်။ 

အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် ထပ်မံတွေ့ဆုံရေးကို UNFC အဖွဲ့ဝင်များဘက်က အဆင်သင့် ဖြစ်ပေါ်မှုအပေါ် မူတည်စဉ်းစား မည်ဟု UNFC ပြောရေးဆိုခွင့်ရှိ သူ ၎င်းကပြောသည်။ 

UNFC အဖွဲ့ဝင်များသည် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင် အမျိုး သားကောင်စီ(ANC) တို့ဖြစ်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က  UNFC မှ နုတ်ထွက် ခွင့်တောင်းထားသည်။

More in Politics Section