သီချင်းဟောင်းအပုဒ် ၂၀ စုစည်းထွက်ရှိလာတဲ့ ဇော်ဝင်းထွဋ်စီးရီးသစ်

 တေးရေးမင်းချစ်သူ ရေးဖွဲ့ထားပြီး ၎င်းသီဆိုခဲ့သော သီချင်းဟောင်းများစွာထဲက အပုဒ် ၂၀ ကို ရွေးချယ်၍ အသစ် ပြန်လည်ဖန်တီးထားသည့် The Journey ဟု အမည်ရသည့် တေး အယ်လ်ဘမ်ကို ဒီဇင်ဘာ ၁ ရက် တွင် ထွက်ရှိမည်ဖြစ်ကြောင်း အဆိုတော်ဇော်ဝင်းထွဋ်က ပြော သည်။

‘‘ဒီအခွေကို လုပ်နေတာ သုံး နှစ်လောက်ရှိသွားပါပြီ။ အရင် တုန်းက ကမန်းကတန်းနဲ့ တီးလာ ခဲ့တဲ့ သီချင်းတွေကို အေးအေး ဆေးဆေး ပြန်တီးပြီး သိမ်းလာခဲ့ တာ အပုဒ်လေးငါးဆယ်လောက် ရှိလာတယ်။ အဲဒီမှာ မင်းချစ်သူ ချည်းပဲ အပုဒ် ၂၀ သီးသန့်ထုတ် လိုက်တယ်။ အမှန်ကတော့ သီ ချင်းတွေ ကျန်သေးတဲ့အတွက် လေးချပ်ထုတ်မလို့၊ ဒါပေမဲ့ လေး ချပ်ဆို ထွက်ချင်မှထွက်မှာဖြစ်တဲ့ အတွက် အမြန် အပုဒ် ၂၀ရွေးပြီး ထုတ်ဖြစ်တာပါ’’ဟု ၎င်းကပြော သည်။

သီချင်းဆိုနိုင်သော်လည်း ယခင်က Feeling၊ တွန်းအား၊ အသက်အရွယ်နှင့်ယှဉ်ပြီး သီချင်း ကောင်းများရေးနိုင်ရန် မလွယ်ကူ တော့သောကြောင့် ယခင်သီချင်း များကို အသစ်ဖန်တီးကာ ပြန် လည်ထုတ်ဝေခြင်းဖြစ်သည်။

‘‘ဒီဘက်ခေတ်မှာလည်း ဒီလိုမျိုးသီချင်းတွေကို ဆိုကြတီး ကြတာ သိပ်မရှိဘူး။ ကိုယ်ဆိုခဲ့ တုန်းကလည်း တော်တော်စောခဲ့ တယ်။ နောက်ပိုင်းလည်း အား လုံးကို ပြန်ပြန်သိမ်းပြီး ထုတ်သွား ပါမယ်။ ဒါမှလည်း သီချင်းလေး တွေက အသက်ရှည်မယ်။ ဒီသီ ချင်းနဲ့ ရပ်တည်နေတဲ့ ကိုယ်တွေ လည်း အသက်ရှည်မယ်။ မဟုတ် ရင် ဆန့်ငင်ဆန့်ငင်နဲ့ အခွေသစ် တောင် ထုတ်နိုင်ပါဦးမလားဆိုပြီး တွေးမိတယ်’’ဟု ဇော်ဝင်းထွဋ်က ပြောသည်။

The Journey တေးအယ်လ် ဘမ်ကို ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး ရန်ကုန် နှင့်မန္တလေးတွင် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီ ပရိုမိုးရှင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

ဂီတသက်တမ်း နှစ်သုံးဆယ် ကျော်ပြီဖြစ်သလို တစ်ကိုယ်တော် တေးအယ်လ်ဘမ် ၂၀ နီးပါးထွက် ရှိထားပြီး ၎င်းနောက်ဆုံးထွက်ရှိခဲ့ သည့် ‘လူ’စီးရီးပြီးနောက် ငါးနှစ် ကျော်မှ ယခုအခွေထွက်ရှိကာ သီချင်းဟောင်းများကို ပြန် လည်သီဆိုသည့် ပထမဆုံးအခွေ ဖြစ်ကြောင်း ၎င်းကပြောသည်။