ရန်ကုန်သို့ ဆန်အ၀င်များ၍ ဆန်ကြမ်းဈေးကျ

တရုတ်နိုင်ငံသို စပါး တင်ပို့မှုများရှိနေကြောင်း ဆန်ကုန် သည်အချို့က ပြောနေသော်လည်း ယခုရက်ပိုင်းတွင် ရန်ကုန်ဈေး ကွက်သို့ ဒေသစုံမှ ဆန်အ၀င်များ ၍ ဆန်ကြမ်းဈေးနှုန်းကျဆင်းလာ ကြောင်း ဘုရင့်နောင် ဆန်ကုန် စည်ဒိုင် အတွင်းရေးမှူး ဦးသန်း ဦးကပြောသည်။

တရုတ်နိုင်ငံသို့ စပါးတင်ပို့ မှုများနှင့်ပတ်သက်၍ ဆန်ကုန် သည်အချို့၏ လူမှုကွန်ရက်စာ မျက်နှာများတွင် ပြောဆိုမှု၊ မီဒီ ယာအချို့တွင် သတင်းဖော်ပြနေ မှုများရှိသော်လည်း နယ်ဒေသစုံမှ ရန်ကုန်ဈေးကွက်သို့ ဆန်အ၀င် နေ့စဉ်မြင့်တက်လာသဖြင့် ပြည်ပ တင်ပို့နေသည့် ဆန်ကြမ်းဈေးနှုန်း ကျဆင်းလာသည်။

ဘုရင့်နောင် ဆန်ကုန်စည် ဒိုင်သို့ တစ်ရက်လျှင် ဆန်အိတ် ရေ ငါးသောင်းမှ တစ်သိန်းကြား ၀င်ရောက်နေပြီး ပြည်ပ တင်ပို့သူအချို့သာ အ၀ယ်ရှိနေခြင်း ကြောင့် ၂၅ မှတ်အမျိုးအစား ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် ၂၁,၀၀၀ မှ ကျပ် ၁၉,၀၀၀ ခန့်  ကျဆင်းလာသည်ဟု ဦးသန်းဦးက ပြောသည်။

‘‘မူဆယ်ကိုသွားတာ နည်းတော့ ဒီက၀ယ်လိုအားနဲ့ နှိုင်းယှဉ်ရင် ဆန်အ၀င်ကများနေတယ်။ ဒါကြောင့် ဈေးကကျလာတာပါ’’ဟု ၎င်းက ရှင်ပြသည်။

ယခုရက်ပိုင်းအတွင်း မူဆယ်ဈေးကွက်သို့ ပြည်တွင်းမှ တစ်ရက်လျှင် ဆန်အိတ်ရေတစ်သိန်းကျော် ၀င်ရောက်နေပြီး တရုတ်ကုန် သည်များ၏ ၀ယ်လိုအားထက် များစွာပိုများနေသည်ဟု ဆန်ကုန် သည်အချို့ကပြောသည်။

တရုတ် ကုန်သည်များက ယခုရက်ပိုင်းတွင် တစ်ရက်လျှင် ဆန်အိတ်ရေသုံးသောင်းခန့် ၀ယ်ယူပြီးဆန်ဈေးနှုန်းကိုလည်း  ငါးယွမ်ခန့်(၁,၀၀၀ ကျပ်ကျော်) ဈေး လျှော့ချလိုက်ကြောင်း မူဆယ်မြို့မှ ဆန်ကုန်သည်တစ်ဦးက ပြော သည်။

ရန်ကုန်သို့ ဆန်စပါးစိုက်ပျိုး သည့် နယ်ဒေသအစုံမှ ဆန်အ၀င် များခြင်းကြောင့် ပြည်ပတင်ပို့ သည့် ဆန်ကြမ်းဈေးနှုန်းကျဆင်း လာသော်လည်း ပြည်တွင်းစားသုံး သူများသည် ပေါ်ဆန်းကဲ့သို့ ဆန် ချောအမျိုးအစား ဆန်အချို့ဈေး နှုန်းမြင့်တက်နေသည်။

ရန်ကုန် လက်ကားဆန်ဈေး ကွက်တွင် ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် အမြင့်ဆုံးကျပ် ၄၂,၀၀၀ ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင်အမြင့်ဆုံးကျပ် ၅၈,၀၀၀ ဈေးရှိသည်။ ‘‘ဆန်ကဒီနှစ် ပြည်ပပို့တာ အတော်အခြေအနေ ကောင်းနေ တယ်။ ကျန်တဲ့လတွေမှာလည်း ဆက်ပို့နေရဦးမယ်’’ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြော သည်။

ပြည်ပသို့ ဆန်တင်ပို့မှုသည် ခုနစ်လအတွင်း ဆန်တန်ချိန် နှစ် သန်းခန့်ရှိနေပြီးလာမည့်လများ တွင်လည်း တစ်လလျှင် တန်ချိန် နှစ်သိန်းခန့်တင်ပို့နိုင်မည်ဟု ၎င်း ကပြောသည်။

Top News