ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင်မြန်မာပြည် ခရီးစဉ်ပြီးဆုံး

မြန်မာပြည်ခရီးစဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်တွင် လူထုကို ထုတ်ပြန်ပြောကြားမည်

ပုပ်ရဟန်းမင်းကြီးသည် သမိုင်းဝင်မြန်မာပြည်ခရီးစဉ်ပြီး ဆုံးပြီးနောက် ယမန်နေ့ နေ့လယ် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ခွာသွားသည်။


မြန်မာပြည်ခရီးစဉ်နှင့်ပတ် သက်၍ စိတ်ခံစားချက်နှင့် စိတ် ကျေနပ်မှုများကို လာမည့်ဒီဇင် ဘာ ၆ ရက်တွင် ပုပ်ရဟန်းမင်းကြီး က လူထုကို ထုတ်ပြန်ပြောကြား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်အဖွဲ့ချုပ် လူထုဆက်ဆံရေးဒါရိုက်တာ ဖာ သာမာရီရာနိုစိုးနိုင်ကပြောသည်။

‘‘ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ (ခရီးစဉ်ဆိုင်ရာ)အချုပ်ကိုတော့ မပြောသွားသေးဘူး။ ရောမကို ပြန်ရောက်တဲ့အချိန်မှာ ပုံမှန်ဆို သူပြောပြလေ့ရှိတယ်။ သူ့ရဲ့ခရီး စဉ်အပေါ်မှာ သူဘယ်လိုကျေနပ် လေ့ရှိလဲ၊ သူ့စိတ်ထဲမှာ သူဘာစွဲ ထင်ကျန်ခဲ့လေ့ရှိလဲဆိုတာ သူ ရောမကို ပြန်ရောက်ရင် ခရီးစဉ် ကို၊ သူ့ရဲ့လူထုပရိသတ်ကြီးကို ပြန်ပြောပြလေ့ရှိတယ်။ ဗုဒ္ဓဟူး နေ့မဟုတ်ဘူးဆိုရင် တနင်္ဂနွေနေ့ မှာ ပြောတယ်။ အဲဒါစောင့်ကြည့် ရမယ်။ သူဘယ်လိုမျိုးပြောလာ မလဲဆိုတာ။ ခရီးစဉ်အပေါ်မှာ ဘယ်လိုခံစားလဲဆိုတာ တစ်ချက် စောင့်ကြည့်ရဦးမှာပေါ့’’ ဟု ၎င်း ကပြောသည်။

ပုပ်ရဟန်းမင်းကြီး၏ မြန်မာ ပြည်ခရီးစဉ်အပေါ် အားရကျေနပ် မှုရှိကြောင်း ဖာသာမာရီရာနိုစိုး နိုင်ကပြောသည်။

ပထမဆုံးအကြိမ် လာ ရောက်သော ပုပ်ရဟန်းမင်းကြီး ၏ မြန်မာပြည်ခရီးစဉ်သည် နိုဝင် ဘာ ၂၇ မှ ၃၀ ရက်အထိ လေး ရက်ကြာမြင့်ခဲ့ပြီး နိုင်ငံ၏ ထိပ် ပိုင်းခေါင်းဆောင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပြင် လူ ငယ်များနှင့်လည်း တွေ့ဆုံခဲ့ကာ ပြည်သူလူထုနှင့် တွေ့ဆုံ၍လူထု မစ္ဆားတရားပူဇော်ပွဲလည်း ပြုလုပ် ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လာ ရောက်မှုကို နိုင်ငံတစ်ဝန်းရှိကက် သလစ်ဘာသာဝင်များအပြင် အိမ်နီးချင်းနိုင်ငံအချို့မှ ကက်သ လစ်ဘာသာဝင်များပါ ရန်ကုန်မြို့ သို့ လာရောက်ဂါဝရပြုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ချစ် ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်း ‘Missionary of Love & Peace’ ခေါင်းစဉ်ဖြင့် မြန်မာပြည်သို့လာ ရောက်ပြီး တွေ့ဆုံဟောပြောသည့် အခါတိုင်း ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းရေး အကြောင်းအရာများ ဦးစားပေးပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး စတင် ရောက်ရှိသည့်နေ့တွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ဒုတိယမြောက်နေ့ နံနက် တွင် သီတဂူဆရာတော်ကြီးနှင့် တွေ့ဆုံပြီး ဘာသာပေါင်းစုံငြိမ်း ချမ်းရေးအဖွဲ့မှ ဆရာတော်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ယင်းနေ့ ညနေ တွင် နေပြည်တော်သို့သွားရောက် ကာ သမ္မတဦးထင်ကျော်၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့နှင့် တွေ့ ဆုံပြီးMICC-IIခန်းမ၌ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အစိုးရ အဖွဲ့ဝင်များ၊ သံတမန်များနှင့် လူ မှုရေးအဖွဲ့အစည်းခေါင်းဆောင် များအား မိန့်ခွန်းပြောကြားသည်။

တတိယမြောက်နေ့ နံနက် တွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံအား ကစားကွင်း၌ လူထု မစ္ဆားတရား ပူဇော်ပွဲပြုလုပ်ပြီး အဆိုပါပွဲသို့ လူထုနှစ်သိန်းခန့်တက်ရောက်ခဲ့ သည်။ နေ့လယ်တွင် ကမ္ဘာအေး ကုန်းမြေရှိ ၀ိဇယမင်္ဂလာဓမ္မ သဘင်ခန်းမ၌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဆရာတော် များနှင့် တွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ မြန် မာပြည်ခရီးစဉ်နောက်ဆုံးရက် ယမန်နေ့နံနက်တွင် စိန့်မေရီကာ သီဒြယ်ဘုရားကျောင်း၌ လူငယ် တစ်ထောင်ကျော်နှင့် တွေ့ဆုံပြီး နေ့လယ် ၁၂ နာရီ ၄၅ မိနစ်၌ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်ရက် ကြာနေထိုင်ပြီး ဒီဇင်ဘာ ၂ ရက် တွင် ဗာတီကန်နန်းတော်သို့ ပြန် လည်ရောက်ရှိမည်ဖြစ်သည်။

More in News Section