မမတာဇာတ်ရုပ်နဲ့ နေတိုးကို အကယ်ဒမီရစေချင်တဲ့ ရွှေသမီး

 လူမှုကွန်ရက်တွင် ပျံ့နှံ့ နေသည့် ကုလားကားတစ်ကားကို ပြန်လည်မှီငြမ်းကာ ရိုက်ကူးထား သော တာတေကြီး ရုပ်ရှင်ဇာတ် ကားတွင် မမတာ ကာရိုက်တာက ပါဝင်သရုပ်ဆောင်ရသည့် နေတိုး ကို အကယ်ဒမီရစေချင်ကြောင်း သရုပ်ဆောင် ရွှေသမီးက ပြော သည်။

‘‘အရမ်းအားကျတယ်။ တစ် ဆင်းန်တည်းနဲ့တင် အက်တင်ကို ချိန်းပြီးလုပ်သွားရတာဆိုတော့ အရမ်းလည်း ပင်ပန်းတယ်။ မျက် လုံးအကြည့်၊ အက်တင်အမူအရာ တွေကအစ ချိန်ရတာဖြစ်တဲ့အ တွက် အရမ်းခက်တယ်။ တော် တော်လည်း ပင်ပန်းတယ်။ တစ် ဆင်းန်ပြီးတိုင်း နားနေရမယ့် ကာ ရိုက်တာမျိုးပေါ့။ ကိုယ်ပြန်ကြည့် တဲ့အချိန်မှာလည်း ငါလည်း အဲဒီ လိုကာရိုက်တာမျိုးရိုက်ကြည့်ချင် တယ်လို့ တွေးမိတယ်’’ဟု ၎င်းက နေတိုး၏ သရုပ်ဆောင်မှုနှင့်ပတ် သက်၍ ပြောသည်။

တာတေကြီးဇာတ်ကား ရုံတင်ပြသနေသည်မှာ ကြာပြီဖြစ် သော်လည်း ယနေ့ ဒီဇင်ဘာ ၁ ရက်မှသာ လူစုံသောကြောင့် ပရိ သတ်များနှင့် တွေ့ဆုံလက်မှတ် ထိုးခြင်းဖြစ်ပြီး အဆိုပါဇာတ်ကား တွင် ချစ်စရာကောင်းသည့် မန္တ လေးသူအဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။

လက်ရှိတွင် ဒါရိုက်တာ စတီးလ်ရိုက်ကူးသည့် ကျွေးတဲ့ လက်ဟုအမည်ရသော ရုပ်ရှင် တွင် မှန်သည်ထင်ပါက တစ်ဇွတ်ထိုးလုပ်တတ်သော ကောင်မလေး အဖြစ် သရုပ်ဆောင်နေသည်။