၂၀၁၈ မြန်မာလိဂ်ပြိုင်ပွဲအတွက် စပွန်ဆာ ကျပ်လေးဘီလီယံခန့်ရရှိထား

 မြန်မာလိဂ်ပြိုင်ပွဲကျင်း ပရေးကော်မတီသည် လာမည့် ၂၀၁၈ ဘောလုံးရာသီအတွက် MPT အပါအ၀င် စပွန်ဆာများထံမှ ကျပ်လေးဘီလီယံခန့်ရရှိထား ကြောင်း လိဂ်ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြော သည်။

၂၀၁၈ မြန်မာလိဂ်ပြိုင်ပွဲကို အဓိကစပွန်ဆာအဖြစ် ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် နိုဝင်ဘာ ၂၅ ရက်က စာချုပ်ချုပ် ဆိုခဲ့သည်။ ယင်းစာချုပ်အရ MPT က ၂၀၁၈ ဘောလုံးရာသီအ တွက် ကန်ဒေါ်လာတစ်သန်းခွဲ ထောက်ပံ့မည်ဖြစ်သည်။ ထို့အ တူ အခြားစပွန်ဆာများမှ ကန် ဒေါ်လာတစ်သန်းခွဲရရှိမည်ဖြစ် ခြင်းကြောင့် စုစုပေါင်း ကန်ဒေါ် လာသုံးသန်း(ကျပ်လေးဘီလီယံ ခန့်) ရရှိထားသည်။

‘‘လာမယ့်နှစ်လိဂ်ပြိုင်ပွဲအ တွက် စပွန်ဆာငွေက ကျပ်လေး ဘီလီယံလောက်ရထားပြီးပြီ။ အ သင်းတွေကိုလည်း ထောက်ပံ့ ကြေးမနှစ်ကထက်ပိုပေးနိုင်မယ်။ လိဂ်-၁ အသင်းတွေနဲ့ လိဂ်-၂ အသင်းတွေကတော့ ရတဲ့ပမာဏ ကွာခြားမှုတော့ရှိတယ်’’ ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြော သည်။

၂၀၁၈ ဘောလုံးရာသီတွင်  မြန်မာလိဂ်-၁ ကလပ်အသင်း များအနေဖြင့် တစ်သင်းလျှင် ထောက်ပံ့ငွေကျပ်သိန်း ၁၁၀၀ ခန့် ရရှိပြီး လိဂ်-၂ ကလပ်အသင်း များက ကျပ်သိန်းသုံးရာခန့်ရရှိ ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

MPT နှင့် မိတ်ဖက်စာချုပ်အ ရ မြန်မာလိဂ်ကော်မတီက ကျင်း ပသည့် ပြိုင်ပွဲအမျိုးအစားအား လုံးတွင် အဓိကစပွန်ဆာအဖြစ် အသုံးပြုရမည်ဖြစ်ပြီး လူငယ်ပြိုင် ပွဲများကို တစ်နိုင်ငံလုံးအနှံ့ကျင်းပ ရမည်ဖြစ်သည်။ ထို့အပြင် ယူ-၁၄ ပြိုင်ပွဲများ၊ တက္ကသိုလ်ဘော လုံးပြိုင်ပွဲများကို မြန်မာလိဂ်ကော် မတီက ကျင်းပရမည်ဖြစ်ကြောင်း မြန်မာလိဂ်အမှုဆောင်အရာရှိ ချုပ် ဦးစိုးမိုးကျော်က ပြောသည်။

ပြီးခဲ့သည့် ဘောလုံးရာသီက မြန်မာလိဂ်ပြိုင်ပွဲသည် စပွန်ဆာ ရရှိရန် ရုန်းကန်ခဲ့ရပြီး ဒုတိယအ ကျော့အထိ စပွန်ဆာမရှိသဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်၏ မက်စ်ဘိ လပ်မြေလုပ်ငန်းက ကျပ်သိန်းငါး ထောင် ထောက်ပံ့ခဲ့ရသည်။ ၂၀၁၈ MPT မြန်မာလိဂ် ပြိုင်ပွဲကို ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး အောက်တိုဘာအ တွင်း အပြီးသတ်ရန် ပွဲစဉ်ဇယား ရေးဆွဲမည်ဖြစ်သည်။