ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတစီကျင်းပင်တို့ တွေ့ဆုံ၍ နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတစီကျင်းပင်တို့ တွေ့ဆုံနုတ်ဆက်စဉ် (ဓာတ်ပုံ − Myanmar State Counsellor Office )

နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်သမ္မတစီကျင်းပင်တို့ တွေ့ဆုံ၍ အပြည်ပြည်ဆိုင်ရာ မျက်နှာစာတွင် ဆက်လက်ပူး ပေါင်းဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း နိုင်ငံပိုင်ရုပ်သံက သ တင်းထုတ်ပြန်သည်။

တရုတ်သမ္မတ စီကျင်းပင် သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒီဇင်ဘာ ၁ ရက်တွင် ဘေဂျင်းမြို့ရှိ  ပြည်သူ့ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား  ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာ တွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးတို့ ဆွေးနွေးခဲ့သည်။

ထို့အပြင် နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်များအကြား ချစ် ကြည်ရေးခရီးစဉ်များ အပြန်အ လှန်သွားလာရေး၊ နှစ်နိုင်ငံပြည် သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံပူး ပေါင်းဆောင်ရွက်ရေးတို့တွင် နှစ် နိုင်ငံအကြား အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းကြီး များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက ဆက်လက်အကူအညီပေးမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်သည်။ 

ထို့အပြင် နှစ်နိုင်ငံ ခေါင်းဆောင်တွေ့ဆုံမှုတွင်  တရုတ်- မြန်မာစီးပွားရေးစင်္ကြံ  တည်ထောင်ရေး ပူးပေါင်းဆောင်ရွက် နိုင်ရေး   အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံအခြေစိုက် CCTV ရုပ်သံသတင်း၌ ဖော်ပြခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် သည့်အဖွဲ့သည် တရုတ်ကွန်မြူ နစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီ များ၏ ဆွေးနွေးပွဲဖွင့်ပွဲနှင့် မျက် နှာစုံညီ အစည်းအဝေး ပထမပိုင်း သို့ တက်ရောက်ခဲ့ကြောင်း ဆို သည်။ 

ထို့နောက် ဒေါ်အောင်ဆန်း စုကြည်သည် တရုတ်အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် အ ထက်ပါဆွေးနွေးပွဲ၌ မိန့်ခွန်းပြော ကြားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရ အဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်း ရေးနှင့် လူမှုအသိုင်းအဝိုင်းများ ကြား သဟဇာတရှိစွာ နေထိုင်နိုင် ရေး အခက်အခဲများစွာကိုကျော် ဖြတ်နိုင်သော်လည်း ဆက်လက် ရင်ဆိုင်ဖြေရှင်းရမည့် အခက်အ ခဲများစွာလည်း ကျန်ရှိနေသေး ကြောင်း ပြောကြားခဲ့သည်ဟု AP သတင်းဌာနကရေးသားထား သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တရုတ်ကွန်မြူနစ်ပါတီ အာဏာကျင့်သုံးမှုဆိုင်ရာ အောင်မြင်မှုများအပေါ် အားကျပြီး ပါ တီနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ဆိုင်ရာ အတွေ့အကြုံများ ကူး လူးဖလှယ်မှုကို တိုးမြှင့်ရန် မျှော် လင့်ပါကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားကြောင်း တ ရုတ်သံရုံး ဝက်ဘ်ဆိုက်တွင် ဖော် 

ပြသည်။ 

တရုတ်ကွန်မြူနစ်ပါတီနှင့်ပြည်ပနိုင်ငံရေးပါတီများ၏ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃ရက်အထိ နိုင်ငံပေါင်း၁၂၀ ကျော်မှ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်၏ ခေါင်းဆောင်များ တက်ရောက်ရန် မှတ်ပုံတင်ထားကြောင်း ဆင်ဟွာသတင်းက ဖော်ပြထားသည်။

ယင်းဆွေးနွေးပွဲကို တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ် စီကျင်းပင်က ကြီးမှူးကျင်းပပြီး ဖွင့်ပွဲအခမ်း အနားတွင် သမ္မတစီကျင်းပင်က အမှာစကား ပြောကြားခဲ့သည်။