ဘိုးရင်းကုမ္ပဏီတီထွင်မှုခေါင်းဆောင် ဂျွန်မူလ်ဟော်လန်နှင့် တွေ့ဆုံခြင်း

‘‘ကျွန်တော်တို့ ပထမဖြစ်ပါလိမ့်မယ်’’

Space X ကုမ္ပဏီနဲ့ ဘိုးရင်း ကုမ္ပဏီတို့ဟာ မျိုးဆက်သစ်အာကာသယာဉ်တည်ဆောက်ဖို့ ယှဉ်ပြိုင်နေကြပါတယ်။ ဘိုးရင်းကုမ္ပဏီရဲ့ တီထွင်မှုခေါင်းဆောင် ဂျွန်မူလ်ဟော်လန်က သူ့ကုမ္ပဏီအနိုင်ရမယ်လို့ ဆိုပါတယ်။

နာဆာက အာကာသယာဉ်မှူးတွေအားလုံးဟာ ဘိုးရင်းရဲ့ အကူအညီနဲ့ အာကာသထဲကို ပျံသန်းသွားလာခဲ့ကြပါတယ်။ အရမ်းအဦးဆုံးကျတဲ့ Mercury အာ ကာသလူနေယာဉ်ကနေ အပိုလို စီမံကိန်းအထိ အာကာသလွန်း ပြန်ယာဉ်တွေကနေ နိုင်ငံတကာ အာကာသစခန်း (ISS) ပါဝင်တဲ့ လက်ရှိခရီးစဉ်တွေအထိ အဲဒီအာ ကာသဆိုင်ရာကုမ္ပဏီကြီး ဘိုးရင်း ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်သူ တစ်ယောက်မှ ကမ္ဘာကြီးရဲ့ဆွဲ အားကနေ လွတ်မြောက်နိုင်ခဲ့သူ မရှိပါဘူး။ လာမယ့် နှစ်မှာ အမေရိကန်နိုင်ငံသားတွေကို အာကာ သထဲတစ်ခါပြန်ပို့ဆောင်မယ့်၊ စီး ပွားရေးလုပ်ငန်းသုံးယာဉ်တစ်စီး ဖြစ်လာမယ့် CST-100 Star-Liner လို့ခေါ်တဲ့ အာကာသယာဉ် နဲ့အတူ ဘိုးရင်းက သမိုင်းရေးဖို့ မျှော်လင့်နေပါတယ်။ အဲဒီကုမ္ပဏီရဲ့ အကြီးမားဆုံးပြိုင်ဘက်က တော့ နာဆာရဲ့ ရန်ပုံငွေထောက်ပံ့ ပေးထားတဲ့ ကုမ္ပဏီပဲဖြစ်တဲ့ Space X ဖြစ်ပါတယ်။ StarLinerကို လမ်းကြောင်းပေါ်မှာရှိအောင် သေချာစေဖို့အတွက် ဘိုးရင်း ကုမ္ပဏီဒုဥက္ကဋ္ဌ ဂျွန်မူလ်ဟော်လန် ဟာ မကြာသေးခင်က ဖလော်ရီ ဒါပြည်နယ်မှာရှိတဲ့ ကနေဒီအာ ကာသစင်တာကို ရောက်ခဲ့ပါ တယ်။

၂၀၁၄ က နိုင်ငံတကာအာကာသ စခန်းဆီကို သွားလာဖို့ အာကာသ ယာဉ်မှူးတွေကို ပို့ပေးမယ့် ပြန် သုံးလို့ရတဲ့ အာကာသယာဉ်အ သစ်တစ်စီးတည်ဆောက်ဖို့ ရန်ပုံ ငွေအနေနဲ့ နာဆာက ဘိုးရင်းကို ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ ပေးခဲ့ပါတယ်။ မကြာခင်မှာပဲ အဲဒီ အာကာသယာဉ်ဟာ ပထမဆုံးအကြိမ် ထွက်ခွာတော့မှာဖြစ်ပါတယ်။ ခင်ဗျားတို့ နောက်ကျနေလား။

ပြီးခဲ့တဲ့ သုံးနှစ်ဟာ ဆောက် လုပ်မှုအပိုင်းမှာ အရမ်းသိသာခဲ့ ပါတယ်။ ၂၀၁၄ မှာ ကျွန်တော်တို့ ရဲ့ ယာဉ်အစိတ်အပိုင်းတွေကို ထုတ်ပြထားခဲ့ပြီးဖြစ်ပါတယ်။ CST-100 StarLiner ဟာ ကျွန် တော်တို့ရဲ့ အာကာသယာဉ်ဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲ။ ဘာစွမ်း ဆောင်ရည်ရှိမလဲဆိုတာ ကျွန် တော်တို့သိထားပြီးပါပြီ။ ဒါပေမဲ့အဲဒီစာချုပ်နဲ့အတူ ကျွန်တော်တို့ ဟာ အပြီးသတ်ဒီဇိုင်းဆီကို သွားနိုင်ခဲ့တယ်။ အဲဒါဟာ တစ်နှစ်ခွဲ လောက်ကြာခဲ့ပါတယ်။ ပြီးရင် တော့ ပထမဆုံးယာဉ်အစိတ်အ ပိုင်းတွေကို တည်ဆောက်ပြီး ကနဦးစမ်းသပ်မှုလုပ်ပါမယ်။ ဒီနှစ်နဲ့ လာမယ့် နှစ်မှာ ကျွန်တော်တို့ အဲဒါတွေလုပ်ပါမယ်။ ပြီးတော့ အဲဒီယာဉ်ကို ပျံသန်းပြေးဆွဲဖို့လုပ် ရပါမယ်။

စိတ်ကူးယဉ်မဟုတ်တဲ့ ရလဒ်တွေ အရမ်းအကြာကြီးစောင့်စားခဲ့ပြီး နောက်မှာ ခင်ဗျားပထမဆုံးထိ ကိုင်နိုင်ခဲ့တဲ့ အစိတ်အပိုင်းက ဘာလဲ။

အဲဒီယာဉ်ရဲ့ ပထမဆုံးအ စိတ်အပိုင်းဟာ လွန်ခဲ့တဲ့နှစ်တွေ အကြာကြီးကတည်းက ရထားပါတယ်။ ဒါပေမဲ့ ကျွန်တော်ဝေ ဝေဝါးဝါးအမှတ်ရနေတာက အမိုး ခုံးတွေပဲဖြစ်ပါတယ်။ အဲဒီအလူမီနီယံအမိုးခုံးအကြီးကြီးပုံစံတွေ ပေါ့။ ကျွန်တော်အဲဒါတွေကို မြင်ခဲ့တယ် သိခဲ့တယ်။ ဒါကဖြစ်လာမှာပါ။

အဲဒီအာကာသယာဉ်က ဘယ်လို မျိုးစမ်းသပ်မှုလုပ်ရမှာလဲ။

StarLiner ဟာ စက်ပိုင်းအ ခန်း တစ်ခုနဲ့ အမှုထမ်းတွေအတွက် အခန်းတစ်ခုနဲ့ လုပ်ထားတာပါ။ စက်ပိုင်းအခန်းမှာ LAS လို့ခေါ်တဲ့ သီးခြားခွဲထွက်စနစ်နဲ့ ဂြိုဟ်ပတ် လမ်းအတွက် ဂြိုဟ်ပတ်လမ်းက ပြန်ထွက်ခွာဖို့တို့အတွက် ကန် အားစနစ်တွေအားလုံးပါပါတယ်။ အဲဒီစနစ်တွေကို ကျွန်တော်တို့ နယူးမက္ကစီကိုပြည်နယ်မှာ စမ်း သပ်နေပါတယ်။ အပူနဲ့ အအေး စမ်းသပ်မှုတွေအားလုံး ဒီနှစ်ကုန် မှာ ပြီးပါမယ်။ အမှုထမ်းတွေအ ရောက် အခန်းတွေက လောလော ဆယ်ဆောက်လုပ်နေတုန်းပါ။ ပထမဆုံးတစ်ခုကတော့ ပေါင်း စပ်တပ်ဆင်ဖို့ အဆင်သင့်ဖြစ်နေ ပါပြီ။ အားလုံးပါဝါပြည့်စမ်းသပ်မှု လုပ်ပြီးပါပြီ။ အဲဒါကို အာကာသ ယာဉ် (၁)လို့ခေါ်ပြီးတော့ လာမယ့်နှစ် နှစ်ဆန်းပိုင်းမှာ နယူးမက္ကဆီကို ကိုသွားပြီးတော့ ဒုတိယသုံးလပတ် ကာလလောက်မှာ ယာဉ်လွှတ်တင်ချိန် အရေးပေါ်အခြေအနေမှာ အမှုထမ်းတွေ ဘေးကင်းဖို့ စမ်းသပ်မှု လုပ်သွားမှာဖြစ်ပါတယ်။

အဲဒါဟာ အရေးပေါ်အခြေအနေ မျိုးကြုံရင် အမှုထမ်းတွေ ဘေး ကင်းနိုင်အောင် အဲဒီစနစ်က လုပ် နိုင်သလားဆိုတာကို သိရဖို့ စမ်း သပ်တာ. . . ။

အတိအကျပါပဲ။ အဲဒါဟာ နာဆာက သတ်မှတ်ထားတဲ့ စည်း မျဉ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို မအောင်မြင်ဘဲနဲ့ ကျွန်တော်တို့ကို လူသားတွေ ပို့ ခွင့်လုံးဝပြုမှာ မဟုတ်ပါဘူး။

ဘာလို့များ ဒီလိုဒုက္ခတွေအား လုံး ကို ဖြတ်သန်းနေရတာလဲ။ အာကာသယာဉ်မှူးတွေဟာ ရုရှားရဲ့ Soyuz အာကာသယာဉ်နဲ့ ISS ကို သွားလို့ရနေတာပဲ။ သူတို့ အဲ ဒီလိုသွားနေကြတာ အခုဆိုနှစ်အတော် ကြာပြီ။

၂၀၁၁ ဇူလိုင်လကတည်းက အမေရိကန်ဟာ အာကာသထဲကို လူသားတွေစေလွှတ်နိုင်တဲ့စွမ်း ရည်ကို ဆုံးရှုံးသွားခဲ့တယ်။ အဲဒါ ဟာ အခုဆိုခြောက်နှစ်ကြာသွား ပြီ။ အဲဒါကို ပြောင်းလဲပစ်ရမယ်။

အဲဒါဟာ နိုင်ငံရဲ့ ကိုယ်ပိုင်ယုံ ကြည်မှုအတွက် အားပြည့်စရာ လား။ အဲဒါတွေအားလုံးက ဂုဏ် ယူဖို့အတွက်ပဲလား။

အဲဒါဟာ ကျွန်တော်တို့အ တွက် အရေးကြီးတာအသေအချာ ပါပဲ။

ခေါင်းဆောင်မှုကို ကျွန် တော်တို့ ထိန်းသိမ်းထားဖို့လိုပါ တယ်။

ခင်ဗျားအောင်မြင်မယ်လို့ ဘာ ကြောင့် အသေအချာပြောနိုင်ရ တာလဲ။

အာကာသထဲကို နာဆာအာ ကာသယာဉ်မှူးတွေကို သယ်ပို့ ပေးခဲ့တဲ့ အမေရိကန်အာကာသ ယာဉ်တိုင်းကို ဘိုးရင်း ဒါမှမဟုတ် ဘိုးရင်းကုမ္ပဏီရဲ့ အမွေခံကုမ္ပဏီ တွေက ဒီဇိုင်းရေးဆွဲတည်ဆောက် ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုနောက်ကြောင်းတွေရှိနေ ပေမယ့် ခင်ဗျားတို့ဆောက်လုပ် ပြီး စီးဖို့သတ်မှတ်ချိန်ကို အကြိမ် အများကြီး နောက်ဆုတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

အဓိကရက်စွဲတွေကို အရမ်း ပဲ အမြဲစိတ်ဝင်စားမှုတွေရှိပါလိမ့် မယ်။ နောက်ဆုံးခရီးကတော့ StarLiner ဟာဘေးကင်းစိတ်ချရ ပြီး အသင့်ဖြစ်ရင်ကျွန်တော်တို့ လွှတ်တင်မှာပါ။

ဒါက ခင်ဗျားတို့ဟာ ဒုတိယနေရာ မှာပြီးမယ်လို့ ဆိုလိုတာပေါ့။ SpaceX အာကာသယာဉ်ဟာ တည်ဆောက်မှုမှာ ခင်ဗျားတို့ ထက် နည်းနည်းရှေ့ရောက်နေ သလိုပဲ။

ကျွန်တော်တို့ရဲ့ အမွေအနှစ် ဟာ ကျွန်တော်တို့အတွက် တကယ်အရေးကြီးပါတယ်။ လူ သားတွေရဲ့ အာကာသခရီးစဉ် တွေကနေ ကောင်းတာရော၊ ဆိုး တာရော ကျွန်တော်တို့သင်ခန်းစာ တွေ ရခဲ့ပါတယ်။ အပိုလို (၁)၊ ချဲလ်လင်ဂျာနဲ့ ကိုလံဘီယာအာ ကာသယာဉ်တွေ ဖြစ်ရပ်ဆိုးနဲ့ကြုံ ခဲ့ပြီးနောက်မှာ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်ပြောနေ တာပါ။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက် က အဲဒီလိုသင်ခန်းစာတွေကို မသိ ခဲ့လို့ ကျွန်တော်တို့ဟာ အဲဒီလိုအ တွေ့အကြုံတွေရှိတာကြောင့် အ သာရနေပါတယ်။

SpaceX ရဲ့ Dragon2 နဲ့ StarLiner ဘယ်လိုကွာခြားလဲ။

ကျွန်တော်တို့တည်ဆောက် မှုပိုင်းကို အာရုံစူးနှစ်ထားပြီး နာ ဆာကို ကျွန်တော်တို့ပေးထားတဲ့ ကတိတွေ ပြည့်မီဖို့အာရုံစိုက်ထား ပါတယ်။ ကျွန်တော်တို့ရဲ့ပြိုင် ဘက်ရဲ့စနစ် ဒါမှမဟုတ် အခြေ အနေကို ကျွန်တော်တို့မသိပါဘူး။ နောက်ပြီး ကျွန်တော်တို့ရဲ့ ပြိုင် ဘက်တွေနဲ့ စနစ်တည်ဆောက်မှု အပိုင်းမှာ သတင်းအချက်အလက် လဲလှယ်တာမျိုး ကျွန်တော်တို့ မလုပ်ဘူး။

နည်းနည်းခွဲခြားပြီး ပြောရအောင် StarLiner ဟာ ဘာကြောင့် ထူး ခြားနေတာလဲ။

အဲဒါဟာခရီးသည်ခုနစ် ယောက်ထိုင်ပြီး လိုက်ပါဖို့ဒီဇိုင်း ဆွဲထားတာ။

Dragon 2 လိုပေါ့။

ISS ကိုသွားတဲ့နာဆာခရီး စဉ်တွေအတွက် ကျွန်တော်တို့ ဟာ ခရီးသည် လေးယောက်လိုက် ပါနိုင်တဲ့အခန်းနဲ့ ပဉ္စမမြောက်ခရီး သည်အတွက်နေရာနဲ့ ပြေးဆွဲပါ မယ်။ ကျွန်တော်တို့ဟာ သမုဒ္ဒရာ ထဲမှာထက် ကုန်းပေါ်မှာဆင်း သက်နိုင်တဲ့ တစ်ခုတည်းသော အမေရိကန်အာကာသယာဉ်ဖြစ် လာဖို့ လမ်းကြောင်းပေါ်မှာ ရှိနေ ပါတယ်။ အဲဒီယာဉ်ကို ပြန်အသုံး ပြုမှာဖြစ်တဲ့အတွက် အဲဒါဟာ ကျွန်တော်တို့အတွက် ကြီးကျယ် ပါတယ်။

ဘိုးရင်းက StarLiner ကိုအာကာ သထဲ လွှတ်တင်ဖို့ဒုံးပျံအနေနဲ့ Altas V ကို ရွေးချယ်ထားတယ်။ ဘာကြောင့်လဲ။

အရင်က သူ့ရဲ့မကိုက်ညီတဲ့ စွမ်းဆောင်ရည်၊ ယုံကြည်စိတ်ချ မှုနဲ့ အစီအစဉ်သေချာမှုတွေ ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ တ ကယ်တော့ StarLiner ဟာ ဖြန့် ထွက်နိုင်တဲ့ ဒုံးပျံယာဉ်အမျိုးမျိုးနဲ့ ကိုက်ညီအသုံးပြုနိုင်ပါတယ်။

ပြန်သုံးရတဲ့ ဒုံးပျံကြောင့် Space X ဟာ သတင်းကြီးနေတယ်။ အဲ ဒါကို နည်းလမ်းတစ်ခုအနေနဲ့ ခင်ဗျားလုံးဝ မစဉ်းစားခဲ့ဘူးလား။

ကျွန်တော်တို့ဟာ ကျွန်တော် တို့ရဲ့ ဖောက်သည်တွေအတွက် ဘေးကင်း၊ လုံခြုံစိတ်ချရပြီး ကုန် ကျစရိတ်နဲ့ညီတဲ့ အနိမ့်ပိုင်းဂြိုဟ် ပတ်လမ်းဆီကို လမ်းကြောင်းတစ် ခုဖောက်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီဦးတည်ချက်တွေ ပြည့်မီဖို့ ဈေးကွက်ထဲမှာ United Launch Alliance ကုမ္ပဏီရဲ့ Atlas V ဒုံးပျံ ယာဉ်တစ်စီးပဲရှိပါတယ်။

ဒီဟာတွေ အားလုံးတည်ဆောက် ဖို့ အချိန်တွေ၊ စွမ်းအင်တွေ အ များကြီးလိုတယ်။ ဒေါ်လာဘီလီ ယံနဲ့ချီပြီး ကုန်ကျတာမပြောတော့ ဘူး။ အဲဒီအာကာသလွန်းပြန် ယာဉ်ကို ခင်ဗျားတို့ဘာလို့ ဒီဇိုင်း ပြန်မဆွဲခဲ့တာလဲ။

ရှိတဲ့ခရီးစဉ်အတွက် အထူး စွမ်းဆောင်ရည်တွေ ခင်ဗျားတည် ဆောက်ချင်နေတယ်ဆိုရင် အာ ကာသလွန်းပြန်ယာဉ်စီမံကိန်းကို ကြည့်ရင် အံ့ဩစရာကောင်းတဲ့ ယာဉ်တွေပဲ။ ဒါပေမဲ့ အဲဒါတွေဟာ နိုင်ငံတကာအာကာသစခန်း ISS မှာ စုစည်းတည်ဆောက်မယ့် ပစ္စည်းအကြီးစားတွေ သယ် ဆောင်ဖို့အတွက် ရည်ရွယ်တာပါ။ ကျွန်တော်တို့အဲဒါမျိုးမလိုတော့ ဘူး။ လူတွေနဲ့ ပိုသေးငယ်တဲ့ ပစ္စည်းတွေအတွက် သယ်ပို့မယ့် အရာတစ်ခုဖန်တီးဖို့ တတ်နိုင်တဲ့၊ ထိရောက်တဲ့ဟာတစ်ခုခု ကျွန် တော်တို့လိုအပ်တာပါ။

အာကာသထဲကို လူလိုက်ပါတဲ့ ခရီးစဉ်အတွက် ဆန္ဒတစ်ခုပြုနိုင် မယ်ဆိုရင် အဲဒါဘယ်လိုဖြစ်မလဲ။

လူလိုက်ပါတဲ့အာကာသခရီး ကို ခရီးစဉ်တစ်ခုတည်းနဲ့ အောင် မြင်တယ်လို့ သတ်မှတ်လို့မရဘူး။ ကျွန်တော်တို့မှာ အနိမ့်ပိုင်းကမ္ဘာ ပတ်လမ်းကို ရောက်ဖို့အရေးကြီး ပါတယ်။

ဘာလို့လဲ။ ISS ပေါ်မှာ လုပ်ပြီးတဲ့ သုတေသနတွေ အများကြီးဟာ အထူးသဖြင့် ကမ္ဘာပေါ်မှာ အသုံး ၀င်တယ်လေ။

အဲဒါက ထူးခြားအောင်မြင် မယ့်သုတေသနစင်္ကြံဖြစ်ပြီးတော့ အဲဒါကို တတ်နိုင်သလောက်အ များဆုံးသုံးဖို့လိုပါတယ်။

ဒါပေမဲ့ ISS က ဘာတွေဗဟုသုတ သိရလဲ။ အခုလို ကြွက်သားတွေ ဟာဆွဲအားသုညဖြစ်နေတဲ့အခြေ အနေမှာ အဆင့်လျော့ကျသွား တယ်။ အာကာသထဲမှာ ဗိုင်းရပ်စ် တွေနဲ့ အသေးစားခရစ္စတယ်တွေ ဟာ ကြီးထွားမှုပိုမြန်တယ်ဆိုတာ မျိုးလို ကိစ္စတွေကို သိထားပါပြီ။ ဘာသိရဦးမလဲ။

ISS ပေါ်မှာ လုပ်တဲ့အရေး ကြီးတဲ့ သိပ္ပံစမ်းသပ်မှုအများကြီး ဟာ ရှည်ကြာပါတယ်။ ကျွန်တော် တို့သိခဲ့ရတဲ့ အရာတိုင်းမှာ ကမ္ဘာ့ဆွဲအားရဲ့ သက်ရောက်မှုပါဝင်နေ ပါတယ်။

ကျေးဇူးတင်ပါတယ်။

Ref:Human Spaceflight/Zeit.de