ယခင်နှစ်များထက် အနည်းငယ်နောက်ကျကျင်းပဖွယ်ရှိတဲ့ မြန်မာအိုင်ဒေါအဆိုပြိုင်ပွဲ

ပရိသတ်အားပေးမှုရရှိ ထားသော အဆိုပြိုင်ပွဲ   မြန်မာအိုင်ဒေါ Season−3  ကို ဆက်လက်ပြုလုပ် မည်ဖြစ်ကြောင်း mntv ရုပ်သံ လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အစ်ကိုတို့    Schedule ပြောင်းထားတာကြောင့်ပါ။ နောက်ကျတာတော့ မဟုတ်ပါ ဘူး။ အရင်နှစ်ထက်စာရင်တော့ နောက်ကို နည်းနည်းတော့  ရွှေ့သွား တယ်’’ဟု ၎င်းက ပြောသည်။

မြန်မာအိုင်ဒေါ Season 3 ပြိုင်ပွဲကို မကြာမီ စတင်တော့ မည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှင့်ပတ် သက်သည့် အသေးစိတ်အချက် အလက်များကို မြန်မာအိုင်ဒေါ တရားဝင်ဖေ့စ်ဘွတ်ခ်တွင် ကြေညာမည်ဖြစ်ကြောင်း   Myan-mar Idol  ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ ကြေညာထားသည်။

သို့သော် ယခင်နှစ်များကဲ့ သို့ ပြိုင်ပွဲဝင်များအတွက် လျှောက်လွှာခေါ်ယူခြင်းကို   နိုဝင်ဘာလ ကုန်ခါနီးအထိ စတင်ခြင်းမရှိသေး ပေ။

ယခင်နှစ်များက မြန်မာအိုင် ဒေါပြိုင်ပွဲကို အောက်တိုဘာ၌ စတင်ကာ မြို့အသီးသီးတွင် အသံစစ်ဆေးခြင်းများ ပြုလုပ်ပြီး ဇန်နဝါရီကစတင်၍ နောက်ဆုံးအဆင့် ဆန်ခါတင်ပြိုင် ပွဲဝင်များ၏ On Air အစီအစဉ် စတင်ထုတ်လွှင့် လေ့ရှိသည်။

 မြန်မာအိုင်ဒေါပြိုင်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ တွင် အမေရိကန် အိုင်ဒေါ၏ ခွင့်ပြုချက်ဖြင့် တရားဝင်ကျင်းပခဲ့ပြီး ပရိသတ်အားပေးမှုရရှိသည့် ပြိုင်ပွဲဖြစ်သည်။

Top News