ရန်ကုန်လိုင်စင် တက္ကစီကားဈေး ကျပ်သိန်း ၉၀ ခန့်အထိ မြင့်တက်ဟုဆို

စီးတီးတက္ကစီမှတ်ပုံတင် ရန် နောက်ဆုံးရက် ထုတ်ပြန် ကြေညာပြီးနောက်ပိုင်း ရန်ကုန် လိုင်စင်တက္ကစီကား ဈေးနှုန်းကျပ် သိန်း ၉၀ ခန့်အထိ ဈေးတက်သွားကြောင်း ယာဉ်အရောင်းအ၀ယ် လုပ်ကိုင်သူများက  ပြောကြားသည်။

ရန်ကုန်လိုင်စင်တက္ကစီများ ဒီဇင်ဘာလကုန် နောက်ဆုံးထား ၍ စီးတီးတက္ကစီမှတ်ပုံတင်ရမည် ဟု ရန်ကုန်တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့(YRTA) က နိုဝင်ဘာ ဒုတိယပတ်တွင် ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီးနောက် ရန်ကုန်လိုင်စင်တက္ကစီကား ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး မော်တော်ယာဉ်အမျိုးအစားအလိုက် ကျပ်သိန်း ၅၀ မှ သိန်း ၉၀ခန့်အထိ ဈေးတက်ကြောင်း မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်းထွန်းက ဒီဇင်ဘာ ၁ ရက်တွင် ပြောသည်။

လက်ရှိ ကားဈေးကွက်တွင် တိုယိုတာဖီလ်ဒါ အမျိုးအစားတက္ကစီသည် ကျပ်သိန်း ၂၆၀ ခန့်ရှိပြီး ယခင်ထက် သိန်း ၉၀ ခန့်ဈေးတက်သွားကြောင်း၊ ပရိုဘောက်စ်အမျိုး အစား အငှားယာဉ်များသည် လက် ရှိ ကျပ်သိန်း ၁၈၀ နှင့် သိန်း ၂၀၀ ခန့်ဈေးရှိပြီးယခင်ကထက် သိန်း ၅၀ ခန့်ထိ ဈေးတက်ကြောင်း ၎င်းကပြောသည်။

ရန်ကုန်လိုင်စင်တက္ကစီများ တွင် (DD.EE.GG)အက္ခရာအပူး များ ဈေးကွက်အတွင်း အများဆုံး ရောင်းချနေရပြီး တိုယိုတာအမျိုး အစား ဖီလ်ဒါနှင့် ပရိုဘောက်စ်ကား များကို လူကြိုက်များကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးမင်းမင်းက ပြော သည်။ ကားဝယ်ရောင်းသမားအ ချို့က ရန်ကုန်လိုင်စင်တက္ကစီများ ကို စုဆောင်းဝယ်ယူပြီး ဈေးကစားနေခြင်းများကြောင့် တက္ကစီကားဈေးများ မြင့်တက်လာကြောင်း အရောင်းအ၀ယ်ပြုလုပ်သူ တစ်ဦးက ပြောသည်။

‘‘ရန်ကုန်မှာရှိတဲ့ နယ်ကား တွေကို စိစစ်တော့မယ်လို့ သတင်း စထွက်ကတည်းက  ဖြစ်လာမယ့် ကားဈေးကွက်ကိုကြိုမြင်ပြီး တက္ကစီတွေချည်းပဲ ၀ယ်စုထားတဲ့ သူတွေရှိတယ်။ အဲဒီလူတွေဒီအချိန်လောက် ပြန်ရောင်းရင် တော်တော်မြတ်နေပြီ’’ဟု ၎င်းက ပြောသည်။

ထို့အပြင် နယ်လိုင်စင်ကား များကို မြို့ပြင်ထုတ်မည်ဆိုသည့် သတင်းမဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားပြီး နောက်ပိုင်းကားဈေးကွက်အတွင်း နယ်လိုင်စင်ကားများ အရောင်းအ၀ယ် အနည်းငယ် ဖြစ်လာကြောင်း ၎င်းကပြောသည်။

Top News