မန္တလေးတွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးတစ်ဦးလုယက်ခံရ

စစ်ကိုင်း-မန္တလေး လမ်းပိုင်း ဦးပွားခုံးကျော်တံတား ပေါ်တွင် အမျိုးသမီးတစ်ဦးမောင်း နှင်လာသည့် ဆိုင်ကယ်ရှေ့ခြင်း ထဲရှိ ပိုက်ဆံအိတ်ကို လုယူထွက် ပြေးသည့် လူငယ်လေးဦးအနက် သုံးဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်းရဲအရာရှိက ပြောသည်။

အမရပူရမြို့နယ် ယဉ်တော် ရပ်ကွက်နေ (၁၉) နှစ် အရွယ်အမျိုးသမီးသည် နိုဝင်ဘာ ၂၈ ရက်  နေ့လယ်ပိုင်းက မန္တလေးဆေးရုံကြီးသို့သွားရန် သူငယ်ချင်းမိန်းကလေးနှင့်အတူ စစ်ကိုင်း-မန္တလေးလမ်းအတိုင်း မောင်းနှင်လာစဉ် ဆိုင်ကယ်စီးလာသော လူငယ်လေးဦးက ဆိုင်ကယ်ရှေ့ခြင်းထဲရှိ ပိုက်ဆံအိတ်ကို   လုယူထွက်ပြေးခဲ့သည်။

ပိုက်ဆံအိတ်ထဲတွင် ဘဏ် ငွေထုတ်ကတ်များ၊ ပလက်တီနမ် ဆွဲကြိုးတစ်ကုံးနှင့်  ဗောက်ချာ၊ ငွေအနည်းငယ်ပါသွားခဲ့ပြီး လုယက်ခံရသူက ပလက်တီနမ်ဆွဲကြိုးဝယ်ခဲ့သော ဆိုင်သို့ သွားရောက်အကြောင်းကြားခဲ့သည်။

လုယက်သူများသည် ဆွဲကြိုးရောင်းသည့် ဆိုင်သို့ ယင်းနေ့တွင်ပင်  ဗောက်ချာနှင့်တကွ လာရောက်ရောင်းချချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအကြီးတန်းရဲအရာရှိက ပြောသည်။

‘‘အဲဒီကောင်လေးတွေက ဗောက်ချာပါတယ်ဆိုပြီး ပလက် တီနမ်ဆိုင်ကိုလာပြန်ရောင်းတာ။ ကောင်မလေးတွေကလည်း အဲဒီ မှာ အကြောင်းကြားထားတာဆို တော့ တစ်ခါတည်းဖမ်းမိခဲ့တယ်။ သုံးဦးကိုတော့ မိထားပြီးပါပြီ’’ဟု အကြီးတန်းရဲအရာရှိက ပြော သည်။

ပြစ်မှုကျူးလွန်သူလူငယ် များသည် စစ်ကိုင်းမြို့ရှိ ကျေးရွာ အချို့တွင် နေထိုင်သူများဖြစ်ပြီး အသက် (၁၉) နှစ်၊ (၁၈) နှစ်နှင့် (၁၅)နှစ်အရွယ်များဖြစ်သည်။

ပြစ်မှုကျူးလွန်ရာတွင် ပူး ပေါင်းပါဝင်ခဲ့သည့် လူငယ်လေး ဦးကို ချမ်းမြသာစည်မြို့မရဲတပ်ဖွဲ့ စခန်းတွင် ခိုးမှု၊ ပူးပေါင်းကြံစည်မှု တို့ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေး နေသည်။