သရဲပူးတဲ့ ဇာတ်ရုပ်ကို လေ့လာခဲ့တဲ့ နေတိုး

တာတေကြီးရုပ်ရှင်တွင် ပါဝင်သည့် သရဲဝင်ပူးသည့် ဇာတ် ဝင်ခန်းများအတွက် အွန်လိုင်းမှ သရဲပူးသည့်ဗီဒီယိုများ ကြည့်ရှု လေ့လာခဲ့ရကြောင်း နေတိုးက ပြောသည်။ 

‘‘အဓိကကတော့ လည်ပင်း တွေ၊ အကြောတွေက ပုံမှန်မ ဟုတ်ဘူး။ တစ်ဖက်ဘက်ကို နည်း နည်းလေးစောင်းပြီး လူရဲ့ဟန် ချက်က  ပျက်နေတဲ့သဘောတရား ရှိတယ်။ အဲဒါတွေကို အွန်လိုင်း ပေါ်မှာ  တကယ်သရဲဝင်ပူးတာ တွေကို ကြည့်ခဲ့ရတယ်’’ဟု ၎င်း က ပြောသည်။ 

တာတေကြီးရုပ်ရှင်ဇာတ် ကားသည် အိန္ဒိယဇာတ်ကားတစ် ကားကို ပြန်လည်ရိုက်ကူးထားပြီး မူရင်းရုပ်ရှင်တွင် သရုပ်ဆောင်နှစ်ဦး ပါဝင်သရုပ်ဆောင်ထား သည့် နေရာ၌ နေတိုးက တစ်ဦးတည်း ပါဝင်သရုပ်ဆောင်ထား သည်။ 

ယင်းဇာတ်ကား စတင်ရိုက် ကူးချိန်က သရဲဝင်ပူးခံရသည့် ရဲခေါင်ကာရိုက်တာတွင်သာ သရုပ်ဆောင်ရန်စီစဉ်ခဲ့ပြီး  တာတေကြီးနေရာအတွက် သရုပ်ဆောင်ရှာ၍ မရချိန်၌ ဒါရိုက်တာနှင့်  ထုတ်လုပ်ရေးက ၎င်းကို သရုပ်ဆောင်ရန် အကူအညီ  တောင်းခဲ့သော ကြောင့်  ရိုက်ကူးခဲ့သည်ဟု  ၎င်းက  ဆိုသည်။ 

‘‘ပရက်ရှိုးကြည့်တဲ့အချိန်မှာကိုယ်သရုပ်ဆောင်ထားတဲ့ ကား ရယ်လို့မဟုတ်ဘဲ ရုပ်ရှင်တစ်ကား ကို ပရိသတ်တစ်ယောက်အနေနဲ့ ခံစားပြီး ကြည့်မိတယ်။ ကျွန်တော်လည်း ပရိသတ်တွေလိုပါပဲ။ မမ တာရဲ့ ပရိသတ်ဖြစ်သွားတယ်။ ဒီ ကားလေးက ကျွန်တော့်ကို လွှမ်းမိုးနိုင်တဲ့ကားလေးပါ’’ဟု နေတိုး က တာတေကြီးရုပ်ရှင်နှင့် ပတ် သက်၍ ပြောသည်။ 

ယင်းဇာတ်ကားကို နိုဝင်ဘာ ၂၄ ရက်က စတင်ရုံတင်ပြသပြီး ပရိသတ်များအပါအဝင် အနုပညာမောင်နှမများက နေတိုး၏ သရုပ်ဆောင်မှုကို ချီးကျူးကြ သည်။ 

‘‘အဓိကကတော့ ရိုးရိုးဒရာ မာတွေ၊ ဟာသတွေ မဟုတ်ဘဲ ဒီကားက Entertainment (ဖျော် ဖြေမှု)လည်း ပါတယ်။ အဓိကက တော့ ရုပ်ရှင် Standard တစ်ခု၊ အသံတွေ၊ အရုပ်တွေကို နိုင်ငံခြား ကွာလတီမျိုးဖြစ်အောင် ဖန်တီး ထားတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့သရုပ်ဆောင်မှုတွေ ကို ပံ့ပိုးပေးနိုင်တဲ့ အင်အားတွေ အများကြီးပါတော့ ပိုပြီးထိရောက် မှုရှိသွားတယ်လို့ ပြောလို့ ရပါ တယ်’’ဟု ယင်းဇာတ်ကား ပရိ သတ်အားပေးမှုရရှိသည့်အပေါ် ၎င်း၏အမြင်ကို ပြောသည်။ 

ယင်းဇာတ်ကားတွင် နေတိုး က သရဲကြောက်တတ်သူတစ်ဦး အဖြစ် သရုပ်ဆောင်ထားသလို သရဲဝင်ပူးသည့် ကာရိုက်တာ အပါအဝင် မိန်းမလျာတစ်ဦးပုံစံ ဖြင့် သရုပ်ဆောင်ထားသည်။ 

အဆိုပါရုပ်ရှင်ဇာတ်ကား တွင် နေတိုး၏သရုပ်ဆောင်ပီပြင် မှုကြောင့် အကယ်ဒမီရရှိနိုင်သည် ဟု ပရိသတ်များက ခန့်မှန်းကြ သည်။ 

‘‘ပရိသတ်တွေကတော့ ဒီ ကားအပေါ်မှာ အရမ်းမျှော်လင့် တယ်။ အက်တင်နဲ့ပတ်သက်ပြီး ကျွန်တော့်ဆီမှာ တစ်ခါမှ မမြင်ဖူး တော့ အကယ်ဒမီတော့ မှန်းကြ တယ်။ အကယ်ဒမီနဲ့ပတ်သက်ပြီး တော့ ကျွန်တော့်အနေနဲ့တစ်ဦး တစ်ယောက်ရဲ့ဆန္ဒ ဘာမှ မရှိပါ ဘူး။ အားလုံးက အများဆန္ဒအ တိုင်းပဲ ဖြစ်စေချင်ပါတယ်’’ဟု နေတိုးက ပြောသည်။ 

Top News