မုန်းစွဲဇာတ်ကားရိုက်ကူးရင်း ပရိသတ်နဲ့ အဆင်မပြေမှုများရှိခဲ့လို့ ပြန်လည်တောင်းပန်တဲ့ မင်းသွေး

မုန်းစွဲရုပ်ရှင်ကို ဂန့်ဂေါ တွင်ရိုက်ကူးစဉ် ပရိသတ်အချို့ နှင့် အဆင်မပြေမှုများ ရှိခဲ့ပြီး အပြု အမူ ရိုင်းသွားပါက တောင်းပန် ကြောင်း မင်းသွေးက ပြောသည်။

‘‘ကျွန်တော်တို့နယ်မှာ သွား ရိုက်တော့ နယ်သူနယ်သားတွေ က မင်းသား၊ မင်းသမီးဆိုတော့ တွေ့ချင်မြင်ချင်ကြတာပေါ့လေ။ တစ်ရက်ကျတော့ ထူးမော်ကာ ရိုက်တာကို စိတ်သွင်းထားတဲ့အ ချိန် သူက ဘယ်သူမှဂရုမစိုက်ဘူး၊ သူလုပ်ချင်ရာလုပ်တယ်။ သူလို ချင်တာရှိရင် ရအောင်ယူတတ် တယ်၊ အဲဒီအချိန်က တန်ပိုဆင်းန် ဖြစ်နေတဲ့အခါကျတော့ ပရိသတ် က ခေါ်ပေမယ့် ဥပေက္ခာပြုထား တယ်၊ လက်တို့တယ်။ တဖြည်း ဖြည်းနဲ့ မာနကြီးတယ်ဖြစ်လာ ရော’’ ဟု မင်းသွေးကပြောသည်။

ကာရိုက်တာကို ပြန်ဖော် ရင်း မိမိပြောရမည့် ဒိုင်ယာလော့ခ် များကို မှတ်နေရသည့်အခါ ပရိ သတ်များက ဓာတ်ပုံရိုက်ချင် ကြောင်း လာပြောသော်လည်း ဝေးဝေးသွားနေလိုက်ရသည့်အ ခြေအနေများလည်း ရှိခဲ့ကြောင်း၊ မုန်းစွဲဇာတ်ကားကို စောင့်ကြည့် မည့် ပရိသတ်များ တစ်ခုခုကျန် စေချင်သောကြောင့် ဇာတ်ကောင် စရိုက်ပီပြင်အောင် အသက်သွင်း ရင်း အမှားပါသွားခြင်း ဖြစ် ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် မင်းသွေးသည် မီဒီယာ7 က စီစဉ်သည့် ကယား ပြည်နယ်သို့ သွားရောက်လည် ပတ်မည့်   ခရီးသွားပရိုဂရမ်၌  ပါဝင်ရိုက်ကူးရန်ရှိကြောင်း ပြော သည်။

‘‘အခုသွားမယ့်ဟာက စွန့် စားသွားရမယ့်ခရီးစဉ်ဖြစ်မှာပါ။ ကြိုးတွေနဲ့ တက်ရမယ့်နေရာတွေ ရှိတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ လျှောက်သွားရမယ့် နေရာတွေရှိ တယ်။ အရင်က ခရီးသွားတာ သိပ်မကြိုက်ဘူး။ ဒါပေမဲ့ မြိတ် သွားတော့ ကိုယ်မရောက်ဖူးတဲ့ နေရာဖြစ်တဲ့အတွက် အဲဒီမှာစပြီး သဘောကျသွားတယ်။ ကယား ပြည်နယ်ကို တစ်ခါမှမရောက်ဖူး တဲ့အတွက် လက်ခံဖြစ်တာပါ’’ ဟု မင်းသွေးက ပြောသည်။

အဆိုပါခရီးစဉ်သည် ဒီဇင် ဘာ ၃ ရက်မှ ၇ ရက်အထိ ဖြစ်ပြီး ဒါရိုက်တာ ကိုပေါက်က ရိုက်ကူး မည်ဖြစ်သည်။ ခရီးစဉ်တွင်မင်း သွေးနှင့်အတူ သားငယ်၊ နန်းခင် ဇေယျာနှင့် နွယ်ဒါလီထွန်းတို့ လည်း ပါဝင်သည်။