NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲ မဲဆောက်မြို့တွင် သုံးရက်ကြာကျင်းပမည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ် ဖွဲ့၏ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲ ကို ထိုင်းနိုင်ငံမဲဆောက်တွင် ဒီဇင် ဘာ ၅ ရက်မှ ၇ ရက်အထိ သုံး ရက်ကြာ ကျင်းပမည်ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ ကိုယ်စား လှယ်များက ပြောသည်။


‘‘ကျွန်တော်တို့တွေ့ကြဖို့ ရှိ တယ်။ KNU က ဒီလိုလုံခြုံရေး ကဏ္ဍကို တာဝန်ပေးထားတဲ့ ကျွန် တော်တို့ ပဒိုတာမူလာတက်မယ်’’ ဟု ကရင်အမျိုးသားအစည်းအ ရုံး (KNU) မှ ပဒိုစောလှထွန်းက ပြောသည်။

အဆိုပါ လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲတွင် တပ်မတော်ကအ ဆိုပြုထားသည့် လက်နက်ဖြုတ် သိမ်းရေးနှင့် ဆိုင်သည့် DDR ကိစ္စ ထည့်သွင်းဆွေးနွေးမည်ဟု ပအိုဝ်း လက်နက်ကိုင်အဖွဲ့ (PNLO)ဦးဆောင်နာယကဗိုလ် မှူးကြီးခွန်ဥက္ကာက ပြောသည်။

‘‘လုံခြုံရေးကဏ္ဍ အကြိုညှိ နှိုင်းပွဲမှာ DDR-SSR ကိစ္စတွေ အားလုံးပေါ့။ စစ်တပ်က တောင်း ထားတဲ့ဟာတွေ တိုင်ပင်မှာပေါ့’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော ကြားသည်။

လက်နက်ဖြုတ်သိမ်းရေး၊ အင်အားထိန်းချုပ်ရေးနှင့် ပြန် လည်ပေါင်းစည်းရေးဆိုင်ရာများ ပါဝင်သည့် Disarmament, Demobilization and Re- integration (DDR) ကို နိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် တွင် ထည့်သွင်းဆွေးနွေးရန် တပ်မတော်၏ အဆိုပြုချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဘက်က အ ဆင်သင့်မဖြစ်သေး၍ ဆက်လက် ညှိနှိုင်းရန် နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်၌ ကျင်းပသော JICM အစည်းအဝေးတွင် ဆွေး နွေးခဲ့သည်။ 

‘‘အကယ်၍ နိုင်ငံရေးဆွေး နွေးပွဲတွေ အလားအလာကောင်း လာတာနဲ့အမျှ DDR ကိုလည်းပဲ ဆွေးနွေးသွားဖို့ ဒါကကျွန်တော် တို့ သဘောတူပြီးသားပါ။ မဆွေး နွေးဘဲနဲ့ မနေပါဘူး။ သို့သော် ဘယ်လိုအခြေအနေမျိုးနဲ့ ဘယ် လိုပူးတွဲပြီးတော့ လုပ်မလဲ၊ စတင်

မလဲပေါ့။ ဆက်ဆွေးနွေးမယ်။ SSR(Security Sector Reform) ထည့်မလား၊ မထည့်ဘူးလားဆို တာပေါ့။ SSR-DDR ထဲကနေ DDR ကို ဆွေးနွေးမလားပေါ့။ NCA ထဲမှာကျတော့ SSR-DDR ရေးထားတဲ့အခါကျတော့ တစ်ခု ကို ချန်ပြီး တစ်ခုကိုသဘောတူ လို့လည်း မဖြစ်ဘူးလေ။ ကျွန် တော်တို့အချင်းချင်း ပြန်တိုင်ပင် ဦးမှာပေါ့’’ဟု ဗိုလ်မှူးကြီးခွန် ဥက္ကာက ဆိုသည်။ 

NCA စာချုပ်တွင်ပါဝင် သည့် အဓိပ္ပာယ်ဖွင့်ဆိုချက် နောက်ဆက်တွဲ၌ နိုင်ငံရေး လမ်း ပြမြေပုံချမှတ်ခြင်းအပိုဒ်ခွဲ (ဂ)တွင်ပါရှိသော လုံခြုံရေးဆိုင် ရာ ပြန်လည်ပေါင်းစည်းခြင်းဆို သည့် စကားရပ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းဆိုသည်မှာ SSR-DDR လုပ်ငန်းစဉ်များကို ဆိုလိုခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း(SSR-DDR) ကိစ္စ ဆွေးနွေးမှုကြောင့် နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်ကို နှောင့် နှေးစေခြင်း၊ ရပ်တန့်စေခြင်းနှင့် တစ်စုံတစ်ရာ မထိခိုက်စေရေး နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်ရန် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အ စည်းများ သဘောတူညီသည်။

Top News