ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပူးပေါင်းပါဝင်ရေး မဆုံးဖြတ်ရသေးဟု SNLD ပြော

ရှမ်းလူမျိုးအလိုက် အ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ရေးကိစ္စနှင့်ပတ်သက်ပြီး မဆုံး ဖြတ်ရသေးကြောင်း ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီခေါင်းဆောင်များ ကပြောသည်။


ရှမ်းလူမျိုးအလိုက် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို အပစ်ရပ်စာချုပ် (NCA) လက် မှတ်ထိုးထားသည့် ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS) က တောင်ကြီး(သို့မ ဟုတ်)ပင်လုံတွင်ကျင်းပလိုသော် လည်း တပ်မတော်ကလက်မခံ၍ မပြေလည်ဖြစ်နေရာ နိုဝင်ဘာ ၂၇ ရက်၌ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ကြားဝင်ညှိနှိုင်းပေးမှု ဖြင့် လင်းခေးမြို့တွင် လာမည့် ဇန်န၀ါရီ၌ ကျင်းပရန် သဘောတူ ညီခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် SNLD အနေဖြင့် ပူးပေါင်းဆောင်ရွက် ခြင်း ပြု၊ မပြု ပါတီ၏ တွဲဖက် အတွင်းရေးမှူး(၁) ဦးစိုင်းလိတ် နှင့် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့အား မေးမြန်း ရာ ယင်းကိစ္စမဆုံးဖြတ်ရသေး ဟု ပြောသည်။ ‘‘အဲဒါဘာမှ မဆုံး ဖြတ်ရသေးပါဘူးဗျ’’ဟု ဦးစိုင်း ညွန့်လွင်က ဆိုသည်။

ဦးစိုင်းလိတ်ကလည်း ‘‘အဲဒါ ကလည်း ကျွန်တော်တို့ကြိုတင်ပြီး တော့ ဆွေးနွေးထားတာမျိုးလည်း မရှိသေးပါဘူး။ အဲဒါတကယ်လို့ လုပ်မယ်ဆိုရင်လည်း အစည်းအ ဝေးထိုင်ရဦးမှာပေါ့။ အခုထက် ထိတော့ ကြိုတင်စဉ်းစားထားတာ မရှိပါဘူး’’ဟု ပြောသည်။

လင်းခေးတွင် ကျင်းပရန် သဘောတူခြင်းသည် RCSS ၏သဘောထားဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကဆိုသည်။ ရှမ်းတိုင်းရင်းသား များ ကျင်းပလိုသည့် တောင်ကြီး(သို့မဟုတ်) ပင်လုံတွင် ခွင့်မပြုခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့်ပတ်သက်ပြီး အဆင်မပြေ မှုများ ဖြစ်စေနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘RCSS က NCA မှာ လက် မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တယ်။ အဲဒီတော့ သူ့အနေနဲ့ NCA လမ်း ကြောင်းအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ပိုင် ခွင့်ရှိတယ်။ အဲဒါသူ့ဘာသာသူဆုံး ဖြတ်တဲ့ အနေအထားမှာ ကျွန် တော်တို့က ဘာမှကန့်ကွက်စရာ မရှိဘူး။ ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့နိုင်ငံရေး ပါတီအ နေနဲ့လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ကျင်းပပိုင်ခွင့် ရှိပါတယ်။ အဲဒီလို သီး သန့်ကျင်းပဖို့ဆိုတာတော့ မစဉ်း စားပါဘူး။ RCSS လုပ်နေတဲ့ ကိစ္စအပေါ်မှာပဲ ဘယ်လောက်ထိ ကူညီပံ့ပိုးနိုင်မလဲ၊ ဘယ်လောက် ထိ ပူးပေါင်းပါဝင်နိုင်မလဲဆိုတာ ကိုပဲ ချင့်ချိန်ဖို့ပဲ လိုအပ်ပါတယ်’’ ဟု ဦးစိုင်းလိတ်က ပြောသည်။

လင်းခေးမြို့တွင် ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ကိစ္စ ကို RCSS အဖွဲ့အစည်းကိုယ်တိုင် သဘောမကျဟု RCSS အကြံ ပေး ဦးခွန်းဆေက ပြောသည်။ သို့ ရာတွင် အမျိုးသားအဆင့် နိုင်ငံ ရေးပွဲ မကျင်းပနိုင်ပါက လာမည့် ၂၁ ရာစုပင်လုံတတိယအစည်း အဝေး၌ ပါဝင်ဆွေးနွေးခြင်း၊ သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ထိုးခြင်း ပြုလုပ်နိုင်မည် မဟုတ်ဟု ၎င်းကဆိုသည်။

Top News