ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

တရုတ်သမ္မတစီကျင်းပင်နှင့် တွေ့ဆုံရာတွင် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်ရန် သဘောတူခဲ့
တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်လေဆိပ်တွင် ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − နိုင်ငံတော်အတိုင်ပင်ခံရုံး)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ အလုပ်သဘောချစ်ကြည်ရေးခရီး စဉ်သွားရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ဒီဇင်ဘာ ၂ ရက်ညနေတွင် နေပြည်တော်သို့ ပြန်လည်ရောက် ရှိခဲ့သည်။

တရုတ်အစိုးရ၏ အထူးဧည့် သည်တော်အဖြစ် ဖိတ်ကြားခြင်းခံရ သည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း တရုတ်သမ္မတစီကျင်းပင်နှင့်တွေ့ဆုံကာ တရုတ်ကွန်မြူနစ်ပါတီ နှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ ၃၀ ရက်တွင် နေ ပြည်တော်မှ ဘေဂျင်းသို့ သွား ရောက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ ရက် ညအထိ ၎င်း၏ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ်သတင်း ထုတ်ပြန်ချက် မရှိသေးပေ။

သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည်၏ ယခုခရီးစဉ်သည် ရခိုင် ပြည်နယ်အရေးကြောင့် အနောက်နိုင်ငံအချို့၏ ပြစ်တင်ဝေဖန်မှုကို ခံနေရချိန်တွင် တရုတ်နိုင်ငံနှင့်နီး ကပ်မှုကို ပြသရန်နှင့် စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် သွားရောက်ခြင်း ဖြစ်သည်ဟု ပြည်ပမီဒီယာများက ဖော်ပြသည်။

ဒီဇင်ဘာ ၁ ရက်က တရုတ် သမ္မတ စီကျင်းပင်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်ရန် သဘောတူခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ထို့အပြင် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်မှုရရှိရန်၊ လျှပ် စစ်၊ ပို့ဆောင်ဆက်သွယ်ရေးအစ ရှိသည့် အခြေခံအဆောက်အအုံ ဆိုင်ရာကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည် ဟု ပြည်ပမီဒီယာများက သုံးသပ် ဖော်ပြသည်။

ပြီးခဲ့သည့်မေလတွင် ဒေါ် အောင်ဆန်းစုကြည်သည် တရုတ် သမ္မတ စီကျင်းပင်၏ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံသို့ ငါးရက် ကြာသွားရောက်ခဲ့ပြီး ယခုနှစ်အ တွင်း ဒုတိယအကြိမ်မြောက် တရုတ်သို့ သွားရောက်ခြင်းဖြစ် သည်။ ထို့အပြင် နိုင်ငံတော်အာ ဏာရယူပြီးနောက် ၂၀၁၆ သြဂုတ်တွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အ တွင်း သမ္မတစီကျင်းပင်နှင့် တွေ့ ဆုံခဲ့သည်။

 ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဥရောပနှင့် အမေရိ ကန်အပါအဝင် အနောက်နိုင်ငံအ ချို့က မြန်မာနိုင်ငံအပေါ် ဖိအား ပေးနေချိန်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် ချင်း တွေ့ဆုံခြင်းဖြစ်၍ မြန်မာနိုင် ငံအတွက် အတိုင်းအတာတစ်ခု အထိ အကျိုးရှိမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ ဆောင်းပါးရှင် ဦးဇေယျသူက သုံးသပ်သည်။

‘‘တရုတ်ကတော့ မြန်မာနိုင် ငံနဲ့ နိုင်ငံရေးအရရော၊ စီးပွားရေး အရရော အပြန်အလှန်ကို ဆက် စပ်နေတဲ့ နိုင်ငံကြီးဖြစ်တယ်။ အ ရှိန်လည်း တောက်လျှောက်တက် လာတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကြောင့် သူနဲ့ဆက်ဆံရေးက အင်မတန် အရေးကြီးတဲ့အတွက် ကြောင့် ဒီခရီးစဉ်က မြန်မာနိုင်ငံ အတွက် ထိုက်သင့်သလောက် အ ကျိုးရှိမှာပါ’’ဟု ဦးဇေယျသူက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ယခုခရီးစဉ်တွင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူတို့ လိုက်ပါခဲ့သည်။

Top News