အရာတော်မြို့နယ်တွင် လျှော်ဖြူစိုက်ပျိုးရေးကြောင့် အလုပ်အကိုင်ကောင်းသော်လည်း လုပ်သားရှားပါးလာ

အရာတော်မြို့နယ် မင်းရွာကျေးရွာအနီး လျှော်ဖြူစိုက်ပျိုးရေးလုပ်ငန်းကို တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 မုံရွာခရိုင် အရာတော်မြို့ နယ်တွင် လျှော်ဖြူစိုက်ပျိုးရေး လုပ်ငန်းများကြောင့် အလုပ်အ ကိုင် အခွင့်အလမ်းပိုရလာသော် လည်း လုပ်သားရှားပါးမှု အခက် အခဲဖြစ်လာကြောင်း ဒေသခံ လျှော်ဖြူစိုက်ပျိုးရေးလုပ်ငန်းရှင် ဦးညွန့်ဖေက ပြောသည်။

အရာတော်မြို့နယ်တွင် တစ်ချိန်က နှစ်ရှည်သနပ်ခါးစိုက် ခင်းများကို လျှော်ဖြူစိုက်ခင်းများ အဖြစ် ပြောင်းလဲစိုက်ပျိုးခဲ့ပြီး နောက် လယ်ယာမြေ အလုပ်သ မားများ ပုံမှန်ဝင်ငွေရရှိခဲ့ပြီး အ လုပ်သမားရှားပါးမှုနှင့် ရင်ဆိုင် ခဲ့ရကြောင်း အရာတော်မြို့နယ် မင်းရွာဒေသခံ လျှော်ဖြူစိုက်ပျိုး ရေးလုပ်ငန်းရှင် ဦးညွန့်ဖေက ပြောသည်။

‘‘အရင်သနပ်ခါး စိုက်ခင်း တုန်းက အလုပ်သမားကနေ့တိုင်း အလုပ်မရှိဘူး။ ဒီနှစ်လျှော်ဖြူစိုက် ခင်းတွေ ပိုများလာတာကြောင့် အလုပ်သမားတွေ ပုံမှန်ဝင်ငွေရ နေပြီ။ နေ့စဉ်ဝင်ငွေရနေတာ။ တစ် နှစ်လုံးမှာ နှစ်လပဲနားရတယ်။ လက်ရှိ အလုပ်သမားအခက်အခဲ လည်း ရှိလာပြီ။ အမျိုးသမီးတစ် ဦး အရင်သုံးထောင်ကနေ လေး ထောင်အထိ လုပ်အားခဈေး တက်သွားပြီ။ အမျိုးသားတစ်ဦး ရဲ့ လုပ်အားခက တစ်ရက်ငါး ထောင်ပါ’’ဟု ၎င်းကဆိုသည်။

ယခင်က ကျောက်ကုန်းမြေ များတွင် သနပ်ခါးစိုက်ခင်းများ  ခုနစ်နှစ်မှ ၁၀ နှစ်အထိ နှစ်ရှည် စိုက်ပျိုးမှ ၀င်ငွေရရှိခဲ့ပြီး လျှော် ဖြူစိုက်ခင်းများသည် လေးနှစ် ကျော်ကစ၍ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိသောကြောင့် ပြောင်းလဲစိုက်ပျိုးသူများပြားကြောင်း  ၎င်းက ပြောသည်။

အရာတော်မြို့နယ် မလဲသာ ကျေးရွာဒေသခံ လျှော်ဖြူစိုက်ပျိုး ရေးတောင်သူတစ်ဦးက ‘‘လျှော် ဖြူစိုက်ကွင်း ၁၅ ဧကခန့်ဆိုရင် နေ့ တိုင်းအလုပ်သမားက အမျိုး သား၊ အမျိုးသမီးအားလုံး ၁၀ ဦး လောက်လုပ်ရတယ်။ အစေး ကောက်၊ သစ်ခေါက်အပွေးခွာ၊ ပေါင်းရှင်းလုပ်ရတာပါ။ အရင် နှစ်တွေကထက် အလုပ်သမားက လိုသလောက် မရတော့ဘူး’’ဟု ပြောသည်။

အရာတော်ဒေသတွင် အ လေ့ကျပေါက်ရောက်သော သက် တမ်းနှစ် ၄၀ ကျော်ရှိ လျှော်ဖြူပင်ကြီးများမှ မျိုးစေ့ရယူ၍ စိုက်ပျိုးကြောင်း အရာတော်ဒေသခံ လျှော်ဖြူစိုက် တောင်သူများက ဆိုသည်။

ဒေသခံလျှော်ဖြူစိုက်ခင်း လုပ်သားတစ်ဦးက ‘‘မိန်းကလေး တွေက လျှော်ဖြူအစေးကောက် ရတယ်။ အမျိုးသားတွေကတော့ လျှော်ဖြူပင် အပွေးခြစ်ရတာ များ တယ်။ သနပ်ခါးစိုက်ခင်းတွေ တုန်းကတော့ ရာသီချိန်လောက်ပဲ အလုပ်ကရှိတာ။ လျှော်ဖြူပင်က တော့ တစ်နှစ်လုံးအလုပ်အကိုင် ရှိတာပေါ့’’ဟု ပြောသည်။

အရာတော်မြို့နယ်တွင် စိုက် ပျိုးသော လျော်ဖြူစိုက်ခင်းများမှ လျှော်ဖြူအစေး အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ခုနစ်သောင်းမှ တစ်သိန်းခန့်အထိ အရောင်းအ၀ယ်ဖြစ်ကြောင်း လျှော်ဖြူစိုက်ပျိုးသူများက ပြောကြား သည်။