အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု ၂ နှစ်ကျော်ချိန်တွင် ရုပ်အလောင်းရှာမတွေ့သူများအတွက် အာမခံကြေးပေးမည်ဟုဆို

 ကနီမြို့နယ် မိကျောင်း တွင်းကျေးရွာအနီး ချင်းတွင်းမြစ် အတွင်း နစ်မြုပ်ခဲ့သော အောင်စိုး မိုးကျော်ရေယာဉ်မှ ရုပ်အလောင်း ရှာမတွေ့သူများအတွက် ၂ နှစ် ပြည့်ပြီးချိန်တွင် သူတစ်ပါးထိ ခိုက်မှု အာမခံကြေးပေးအပ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း မန်နေဂျာ ဦးတင်မောင်သန်းက ပြောသည်။

အဆိုပါ ရေယာဉ်သည် ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နံနက်တွင် နစ်မြုပ်ခဲ့ပြီး အလောင်းရှာမရသူ ၁၈ ဦးကျန်ရှိနေကြောင်း၊ ၎င်းတို့ကို လုပ်ထုံးလုပ်နည်းအရ ၂ နှစ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဦးတင်မောင်သန်းကပြောသည်။ ‘‘အခင်းဖြစ်ပြီး ၂ နှစ်ပြည့်လို့ သူတို့နေရပ်ကို ပြန်မရောက်လာတော့ဘူးဆိုတာ သေချာပြီဆိုတာနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံပေးရမှာပါ။ သေဆုံးသူတွေနဲ့ ဆက်နွှယ်တဲ့ မိသားစုဝင်တွေကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်း ကျွန် တော်တို့ဆီမှာ ရှိပါတယ်’’ဟု ၎င်း က ပြောသည်။

ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ် တွင် အလောင်းဆယ်ယူရရှိ၍  အ တည်ပြုနိုင်ခဲ့သူ ၃၀ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်နှုန်းဖြင့် အာမခံကြေးချက်ချင်းပေးအပ် ခဲ့ပြီး ယခုနှစ် နိုဝင်ဘာအထိ သေ ဆုံးသူ ၅၀ ဦးအတွက် သူတစ် ပါးထိခိုက်မှု အာမခံကြေးပေးအပ် ခဲ့သည်။

အဆိုပါ ရေယာဉ်သည် လိုင် စင်ပြုလုပ်စဉ်က သူတစ်ပါးထိ ခိုက်မှု အာမခံကြေးပေးသွင်းထား သောကြောင့် ရေယာဉ်ပေါ်လိုက် ပါစီးနင်းရင်း သေဆုံးခဲ့သော ခရီး သည်များအတွက် မြန်မာ့အာမခံ လုပ်ငန်းက အကျိုးခံစားခွင့်အဖြစ် ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း ဦးတင်မောင်သန်းက ပြောသည်။

အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှုတွင် အသက်ရှင်ကယ် တင်နိုင်သူ ၁၅၉ ဦးရှိပြီး ရုပ်အ လောင်း ၆၈ လောင်း၊ ကျား၊ မ ခွဲ ခြားမရသော ရုပ်အလောင်း ငါး လောင်း၊ စုစုပေါင်း ၇၃ လောင်း ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဦးသန်းညွန့်ဝင်းက ယမန်နှစ် အောက်တိုဘာ ၂၂ ရက်က ပြော ကြားခဲ့သည်။